လူငယ် အင်ဒီရော့ခ် ဂီတအဖွဲ့၊ှ Side Effect ဟာ ဂျာမနီ၊ ဒိန်းမတ်နဲ့ ဆွီဒင် နိုင်ငံတွေမှာ ဖျော်ဖြေဖို့အတွက် မြန်မာနိုင်ငံကနေ ဇူလိုင်လ ၅ ရက်နေ့မှာ ထွက်ခွာမယ်လို့ သိရပါတယ်။
လူငယ် အင်ဒီရော့ခ် ဂီတအဖွဲ့၊ှ Side Effect ဟာ ဂျာမနီ၊ ဒိန်းမတ်နဲ့ ဆွီဒင် နိုင်ငံတွေမှာ ဖျော်ဖြေဖို့
အတွက် မြန်မာနိုင်ငံကနေ ဇူလိုင်လ ၅ ရက်နေ့မှာ ထွက်ခွာမယ်လို့ သိရပါတယ်။
မြန်မာအဖွဲ့ဟာ ဥရောပနိုင်ငံ သုံးနိုင်ငံမှာ စုစုပေါင်း ခြောက်ပွဲ ဖျော်ဖြေမှာဖြစ်ပြီး ပထမဆုံးပွဲကို
ဇူလိုင်လ ၁၀ ရက်နေ့မှာ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ ဖျော်ဖြေမှာ ဖြစ်ပါတယ်။
အဲဒီပွဲမှာ သူတို့တစ်ဖွဲ့တည်း ဖျော်ဖြေမှာဖြစ်ပြီး လက်မှတ်တွေတောင် ရောင်းကုန်နေပြီလို့
Side Effect အဖွဲ့မှ Darko ကပြောပါတယ်။
"အဲဒီနေ့က ကျွန်တော်တို့ အဖွဲ့ရဲ့နာမည်နဲ့ Side Effect တစ်ဖွဲ့တည်း ဖျော်ဖြေရေးလုပ်ရမှာပါ။
အဲဒီအတွက်လည်း ပြင်ဆင်မှုအနေနဲ့ကတော့ ရပြီးသား သီချင်းတွေကို အထပ်ထပ်အခါခါ
တိုက်ထားတယ်။ တစ်ခါတလေဆို စင်ပေါ်မှာ စိတ်က လွတ်ထွက်သွား တတ်တယ်ဆိုတော့
အဲဒီလို အချိန်မျိုးမှာတောင် လက်တွေရော ပါးစပ်တွေပါ အမှားအယွင်း မဖြစ်ရလေအောင်ပါ"လို့
Darko ကပြောပါတယ်။
သူတို့အဖွဲ့ရဲ့ အင်္ဂလိပ်စာသားတွေနဲ့ သီဆိုထားတဲ့ သီချင်းအသစ် သုံးပုဒ်ကိုလည်း Germany
Record Label မှ ဇူလိုင်လ ၅ ရက်နေ့မှ စတင်ပြီး ဒစ်ဂျစ်တယ်စနစ်နဲ့ ဖြန့်ချိသွားမယ်လို့လည်း
ဆိုပါတယ်။
"ပြီးခဲ့တဲ့ ဂျာမနီပွဲသွားတုန်းက အဲဒီသီချင်းသုံးပုဒ်က သွင်းဖြစ်တာပါ။ ကောင်းတာတစ်ခုကတော့
ဂျာမနီလို အနုပညာဆန်တဲ့ နိုင်ငံကနေပြီးတော့ Germany Record Label နဲ့ မြန်မာနိုင်ငံဂီတ
အဖွဲ့ရဲ့ သီချင်းထုတ်တယ်ဆိုတော့ နိုင်ငံတကာက သိသွားနိုင်ဖို့ က ရာခိုင်နှုန်းများတာပေါ့"လို့လည်း
ဆက်ပြောပါတယ်။
နောက်ထပ်နှစ်ပွဲကိုတော့ ဇူလိုင်လ ၁၂ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ ဂျာမနီနိုင်ငံရဲ့ နာမည်ကျော်
ရော့ခ်အဖွဲ့ဖြစ်တဲ့ Die Ärzte ရဲ့့ ဖျော်ဖြေပွဲမှာ အဖွင့်အနေနဲ့ ဖျော်ဖြေပေးရမယ်လို့ ဆိုပါတယ်။
"၁၀ ရက်နေ့မှာ လုပ်မယ့်ပွဲကတော့ ကျွန်တော်တို့ အဖွဲ့ရဲ့ပွဲဆိုတော့ လာကြည့်တဲ့ ပရိသတ်တွေ
အကုန်လုံးက Side Effect ကို လာကြည့်ကြတာပေါ့။ အဲဒီတော့ ကိုယ့်ကိုလာကြည့်တဲ့ လူတွေ
ချည်းဆိုတော့ စိတ်ထဲမှာ အရမ်းကြီး မဖိစီးဘူး။ ဒါပေမဲ့ ၁၂ ရက်နေ့ပွဲကျတော့ သူတို့နိုင်ငံရဲ့
နာမည်ကြီး အဖွဲ့ရဲ့ ရှေ့ထွက်ဆိုတော့ သူ့ပွဲကိုလာတာ သူ့ပရိသတ်ပဲလေ။ အဲတော့ ကိုယ်ဖျော်ဖြေ
ချိန်မှာ ပရိသတ်ကို ဆွဲခေါ်နိုင်ပါ့မလားဆိုတာမျိုးက ပိုတာဝန်ကြီးတယ်လို့ ခံစားရတယ်"လို့
ဖျော်ဖြေပွဲတွေနဲ့ ပတ်သက်ပြီး သူတို့အဖွဲ့ရဲ့ ခံစားချက်ကို ပြောပြပါတယ်။
သူ့အတွေ့အကြံုအရ ဂျာမနီနိုင်ငံမှာ ရှေ့ထွက်အဖွဲ့ဆိုရင် အရမ်းအားပေးတာမျိုး မရှိဘူးလို့လည်း
Darko က ဆိုပါသေးတယ်။
ခုလိုမျိုး ဂျာမနီနိုင်ငံမှာ သူတို့ဖျော်ဖြေဖို့အတွက်ကို Die Ärzte အဖွဲ့က ပြီးခဲ့တဲ့နှစ်က သူတို့ကို
ဂျာမနီကို ဖိတ်ကြားခဲ့တဲ့ ပွဲစီစဉ်သူ Alexander Dluzak မှ တစ်ဆင့် ဆက်သွယ်ဖိတ်ကြားခဲ့တာ
လို့လည်း ပြောပြပါတယ်။
ဂျာမနီနိုင်ငံကနေတစ်ဆင့် ဒိန်းမတ်နိုင်ငံကို ဆက်သွားမှာဖြစ်ပြီး ဇူလိုင်လ ၁၉ နဲ့ ၂၀ ရက်တွေမှာ
ဖျော်ဖြေမှာ ဖြစ်ပါတယ်။
အဲဒီကပွဲတွေကိုတော့ The Binnacle List လို့အမည်ရတဲ့ ဒိန်းမတ်အဖွဲ့နဲ့ အတူဖျော်ဖြေမှာဖြစ်ပြီး
ဒိန်းမတ်နိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်တဲ့ အဖွဲ့အစည်းတွေက
စီစဉ်တာလို့ ဆိုပါတယ်။
နောက်ဆုံးခရီးစဉ်ဖြစ်တဲ့ ဆွီဒင်မှာ ကျင်းပမယ့်ပွဲမှာတော့ သူတို့ဆီက Quit Your Day Job အဖွဲ့နဲ့
အတူ ဖျော်ဖြေပွဲမှာပါလို့ Darko က ပြောပါတယ်။
"ဆွီဒင်ပွဲကတော့ နေရာတွေကတော့ သေချာနေပါပြီ။ ဒါပေမဲ့ ဘယ်နေ့ဆိုတာကို သေချာမပြောနိုင်
သေးတာ"လို့လည်း ဆိုပါတယ်။















