ရင်ထဲက.. တိုင်းပြည်ထဲက.. မျက်စိအောက်က ပျောက်ကွယ်သွားမှာစိုးတဲ့ အမွေ(၂)ပြပွဲ

ရင်ထဲက.. တိုင်းပြည်ထဲက.. မျက်စိအောက်က ပျောက်ကွယ်သွားမှာစိုးတဲ့ အမွေ(၂)ပြပွဲ

မြန်မာနိုင်ငံမှာရှိတဲ့ ရေမြေတောတောင်၊ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာ စတဲ့ အမွေအနှစ်တွေ မပျောက်ကွယ်ခင် ထိန်းသိမ်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တဲ့ အမွေ(၁)အနုပညာပြပွဲ ရဲ့  အဆက်အဖြစ် အမွေ(၂)ကို နိုင်ငံတစ်ဝန်းက အမွေတွေနဲ့ ပုံဖော်တင်ဆက်သွားမှာပါ။

မြန်မာနိုင်ငံမှာရှိတဲ့ ရေမြေတောတောင်၊ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာ စတဲ့ အမွေအနှစ်တွေ
မပျောက်ကွယ်ခင် ထိန်းသိမ်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တဲ့ အမွေ(၁)အနုပညာပြပွဲ ရဲ့
အဆက်အဖြစ် အမွေ(၂)ကို နိုင်ငံတစ်ဝန်းက အမွေတွေနဲ့ ပုံဖော်တင်ဆက်သွားမှာပါ။

'ရင်ထဲက..တိုင်းပြည်ထဲက.. မျက်စိအောက်က..ပျောက်ကွယ်သွား မှာစိုးတဲ့ အမွေ(၂)'အနုပညာပြပွဲကို ဇူလိုင်လ ၆ ရက်ကနေ ၈ ရက်နေ့အထိ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်းမပေါ်ရှိ ွေူူနမပ ၆၅ မှာ ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။ ဘိုးဘွားအမွေအနှစ်တွေ ဖြစ်တဲ့ ၀တ်စားဆင်ယင်မှုကအစ သဘာဝ သယံဇာတတွေ တဖြည်းဖြည်း တိမ်ကောပျောက်ကွယ်သွားမှာ စိုးရိမ်တဲ့ အတွက် ဆရာမြင့်ဇော်၊ ကိုတာ၊ မြင့်မိုးအောင်၊ စာရေးဆရာမ ဂျူး တို့နဲ့ တိုင်ပင်ပြီး အမွေအနုပညာ ပြပွဲတွေကို စီစဉ်ဖြစ်တယ်လို့ ဆရာ မြင့်မောင်ကျော်က ပြောပါတယ်။ "ရိုးရိုးပန်းချီပြပွဲတစ်ခု၊ ဓာတ်ပုံပြပွဲတစ်ခုလို ဘယ်သူတွေက တစ်ယောက် ဘယ်နှကား ပါ၀င်ပြသမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ရှိတဲ့ ပညာရှင်ပေါင်းများစွာထဲက ဟောပြော မယ့်သူက ဟောပြော၊ ပွဲစီစဉ်သူက စီစဉ်၊ ဓာတ်ပုံရိုက်သူက ရိုက်နဲ့ အမွေပွဲကို စုပေါင်းတင်ဆက်တာပါ"လို့လည်း သူက ဆိုပါတယ်။ ဒါကြောင့် တိုင်းရင်းသား လူမျိုး တွေအပါအဝင် အနယ်နယ်အရပ်ရပ် မှ ကျွမ်းကျင်အနုပညာရှင်တွေက သူတို့ ရိုက်ကူးထားတဲ့ မြန်မာနိုင်ငံက သဘာဝအမွေအနှစ်တွေကို စုပေါင်းပြီး ပြသသွားမှာ ဖြစ်ပါတယ်။ "တစ်ဦးနဲ့တစ်ဦး သဘာဝပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှုတွေအပေါ်ကို စိတ်ဝင်စားတဲ့ ပုံစံက မတူဘူး။ ဧရာဝတီ မြစ်ကို အမြဲစောင့်ကြည့် ဂရုစိုက်တဲ့ ကိုစိန်မျိုးမြင့်ရဲ့ ဧရာဝတီမြစ်ဓာတ်ပုံတွေ၊ နောက် လင်းပိုင်ဆိုရင်လည်း အမြဲလိုက်ကြည့်နေတတ်တဲ့ ကိုအောင် မျိုးချစ်ရဲ့ ဓာတ်ပုံတွေမျိုးကို ဒီပွဲမှာ စုပြမှာပါ"လို့ ပြပွဲမှာ ကြည့်ရှုရမှာ တွေကို ဦးမြင့်မောင်ကျော်က ပြော ပြပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစေချင်တဲ့ ဆန္ဒနဲ့ပြတဲ့ ဒီအမွေပြပွဲက ပရိသတ်ဘယ်လောက်ကို ဆွဲဆောင် နိုင်မယ် ဆိုတာထက် အစိုးရနဲ့ ပြည်သူ အားလုံးကို ထိန်းသိမ်းစောင့်ရှောက်သင့်တဲ့ အမွေအနှစ်တွေကို ချပြတဲ့သဘောလို့လည်း သူတို့ရဲ့ရည်ရွယ် ချက်ကို ပြောပြပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းက ကျင်းပခဲ့တဲ့ အမွေ(၁)ပြပွဲနဲ့ မတူတဲ့ ကွာခြားချက်တွေက အရင်ပြပွဲမှာ မပြရသေးတဲ့ နေရာဒေသ၊ ဓလေ့ထုံးတမ်းတွေကို ပြသမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ပြပွဲကို စီစဉ်သူတစ်ဦး ဖြစ်တဲ့ တေးရေး မြင့်မိုးအောင်ကလည်း 'မျိုးဆက်သစ်အတွက်အမွေ' ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာအက်ဆေးတစ်ခုကို တင်ဆက်သွားမှာဖြစ်ပြီး အဲဒီအက်ဆေးကို ဗီဒီယိုအဖြစ် ဖန်တီးထားတဲ့ အခွေကိုလည်း ပြပွဲရက်တွေမှာ ဝေငှ သွားမယ်လို့ သိရပါတယ်။ "ဧရာဝတီကို ကယ်တင်ပါ ပြပွဲတုန်း က သီချင်းအက်ဆေး လုပ်ဖြစ်တယ်။ အခုတော့ ကိုယ်တိုင်ရေးထားတဲ့ ကဗျာနှစ်ပုဒ်နဲ့ ဆရာမင်းသုဝဏ်ရဲ့ ကဗျာတစ်ပုဒ်ကို အက်ဆေးအဖြစ် ပြန်လည်တင်ဆက်မှာပါ"လို့ ဆရာ မြင့်မိုးအောင်က ပြောပါတယ်။ သူကိုယ်တိုင် ရေးစပ်ထားတဲ့ 'အမေတွက်တဲ့သချင်္ာ' ကဗျာက အမေနဲ့ ပတ်သက်နေသလို 'မွေးနေ့လက်ဆောင်'ဆိုတဲ့ ကဗျာကတော့ ဆရာ မြင့်မိုးအောင်ရဲ့ သားဖြစ်သူကို ရည် ရွယ်တာဖြစ်ပါတယ်။ ဆရာမြင့်မိုးအောင်က ပြီးခဲ့တဲ့ အမွေ(၁)မှာ အေဒီ ၈၀၂ ၀န်းကျင်၊ ပျူခေတ်က မြန်မာပြည်မှ သံတမန်အဖွဲ့ တရုတ်ပြည်သွားစဉ် သီဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်ကို ပုံစံသစ်နဲ့ စီစဉ် တင်ဆက်ခဲ့ပါတယ်။ မြန်မာနိုင်ငံက ပျောက်ကွယ်တော့ မယ့် သယံဇာတနဲ့ ယဉ်ကျေးမှုတွေကို ထောက်ပြတင်ဆက်မယ့် အမွေ(၃)ပြပွဲကိုတော့ လာမယ့် နို၀င်ဘာမှာ ကျင်းပ နိုင်ဖို့ စီစဉ်ထားတယ်လို့ ဆရာမြင့် မောင်ကျော်က ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး