ဗီယက်နမ်နိုင်ငံကနေ ဒုတိယအကြိမ် ဖိတ်ခေါ် ခံရတဲ့ Bloodsugar Politik အဖွဲ့

ဗီယက်နမ်နိုင်ငံကနေ ဒုတိယအကြိမ် ဖိတ်ခေါ် ခံရတဲ့ Bloodsugar Politik အဖွဲ့

ပန့်ခ်ဂီတ တေးသီချင်းတွေကို အင်္ဂလိပ်ဘာသာနဲ့ ဖန်တီးသီဆိုနေတဲ့ Bloodsugar Politik အဖွဲ့ဟာ ပြီးခဲ့တဲ့ မေလက ဗီယက်နမ်နိုင်ငံမှာ ဖျော်ဖြေပြီးတဲ့နောက်မှာ ဒုတိယအကြိမ် ထပ်မံ ဖိတ်ကြားခံရတယ်လို့ သိရပါတယ်။

ပန့်ခ်ဂီတ တေးသီချင်းတွေကို အင်္ဂလိပ်ဘာသာနဲ့ ဖန်တီးသီဆိုနေတဲ့ Bloodsugar Politik အဖွဲ့ဟာ
ပြီးခဲ့တဲ့ မေလက ဗီယက်နမ်နိုင်ငံမှာ ဖျော်ဖြေပြီးတဲ့နောက်မှာ ဒုတိယအကြိမ် ထပ်မံ ဖိတ်ကြားခံရ
တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တစ်ခေါက်ကတော့ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံဂီတပွဲတော်
မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဖျော်ဖြေဖို့ ဖိတ်ကြားခံရခြင်းဖြစ်ပြီး ဒီတစ်ခေါက်မှာတော့
အမေရိကန်လူမျိုးပိုင် Cargo Bar ဆိုင်ကနေ ဖိတ်ကြားတာဖြစ်ပါတယ်။

ဇူလိုင်လ ၁၂ ရက်နဲ့ ၁၃ ရက် နေ့မှာ ဖျော်ဖြေရမှာ ဖြစ်တယ်လို့ Bloodsugar Politik အဖွဲ့ရဲ့
အဆိုရှင်ဖြစ်တဲ့ ဟန်ထူးလွင်က ပြောပြပါတယ်။

"ကျွန်တော်တို့ ဖျော်ဖြေခဲ့တဲ့ပွဲ အကြောင်းကို သတင်းစာတွေမှာ ပါလာတာတွေ့လို့လည်း ဖြစ်နိုင်
သလို ပြီးခဲ့တဲ့ပွဲက အမေရိကန်ကလပ်က ကြီးမှူးပြီး လုပ်တာဆိုတော့ သူတို့ အမေရိကန်ကလပ်နဲ့
ကျတော့ အချင်းချင်းဆိုတော့ အဆက်အသွယ် ရှိမှာပေါ့နော်။ အဲဒီကတစ်ဆင့်လည်း ဖြစ်နိုင်ပါ
တယ်"လို့ ဖျော်ဖြေပွဲဖိတ်ကြားခံရတဲ့ အကြောင်းကို ပြောပြပါတယ်။

မေလဖျော်ဖြေပွဲဟာ Bloodsugar Politik အဖွဲ့ရဲ့ ပထမဆုံး ပြည်ပ ဖျော်ဖြေပွဲဖြစ်ပြီး ခုတစ်ကြိမ်က
ဒုတိယအကြိမ်မြောက် ထပ်မံဖျော်ဖြေရမှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်မှု
ရှိနေတယ်လို့လည်း ဟန်ထူးလွင်က ဆိုပါတယ်။

"ဒီတစ်ခါ အရင်ကထက်တော့ ကိုယ့်ကိုယ်ကိုယ် နည်းနည်းပိုပြီး ယုံကြည်မှုတော့ ရှိသွားတယ်။
ဟိုတစ်ခေါက် သွားတုန်းကကျတော့ ဘာဖြစ်မယ်မှန်း မသိဘဲနဲ့ အလွတ်ကြီး သွားရတာလေ။
အခုကျတော့ အဆင်ပြေလောက်တယ်ဆိုတာ သိတယ်။ သူတို့ကပဲ ပြန်ခေါ်တာဆိုတော့ သူတို့
ဒုက္ခရောက်မယ့် အလုပ်တော့ မလုပ်လောက်ဘူး ထင်တာပဲ။ အခု သူတို့ နောက်တစ်ခေါက်
ပြန်ခေါ်တယ်ဆိုတော့ သူတို့ ကိုယ့်ကို အသိအမှတ်ပြုလို့ ပြန်ခေါ်တာဆိုတော့ ကျွန်တော်ကတော့
ဂုဏ်ယူပါတယ်"လို့ ပြောပါတယ်။

သူတို့ဖျော်ဖြေမယ့် ပွဲအတွက် လက်မှတ်ရောင်းချသွားမယ်လို့ သိရပေမယ့် အသိအမှတ်ပြုရုံ
လောက်တောင်းတဲ့ ဈေးဖြစ်မယ် ထင်တယ်လို့လည်း ဆိုပါတယ်။ "ဟိုတစ်ခါ ပွဲတုန်းကလည်း
လက်မှတ်ရောင်းတယ်။ ကျွန်တော်တို့ မသိပေမယ့်လည်း ပိုက်ဆံပေးကြည့်မယ့် လူ ရှိလို့နေမှာပေါ့
နော်။ ဒါပေမဲ့ အရမ်းကြီးတဲ့ဈေးတော့ မဟုတ်ဘူး ထင်ပါတယ်။ အသိအမှတ်ပြုရုံလောက်
တောင်းတဲ့ဈေး ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီပွဲက အလယ်အလတ်စားရှိုး တစ်ပွဲလောက်ပဲ ဖြစ်မယ်
ထင်တယ်။ ကျွန်တော်တို့ကတော့ ဘယ်နေရာပဲဖြစ်ဖြစ် တီးမှာပဲ"လို့လည်း ဟန်ထူးလွင်က
ပြောပါတယ်။

အဖွဲ့သားသုံးယောက်နဲ့ ဖွဲ့စည်းထားတဲ့ သူတို့အဖွဲ့မှာ အဆိုနဲ့ ဂစ်တာ ကိုဟန်ထူးလွင်၊ ဘေ့စ်ဂီတာ
ကို ရဲဇော်မျိုးနဲ့ ဒရမ်ကိုတော့ ဗီနိုထွန်းတို့ က တီးခတ်ကြတာ ဖြစ်ပါတယ်။

ဒီအဖွဲ့ ကို မြန်မာလူငယ်ပရိသတ်ကြားမှာ ရေပန်းစားနေတဲ့ Big Bag အဖွဲ့ရဲ့ သီးခြားအဖွဲ့တစ်ဖွဲ့
အနေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အဖွဲ့ရဲ့ ပထမဆုံးအခွေ ဖြစ်တဲ့ "One Second Sentence" ကို
တော့ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှာ ဖြန့်ချိခဲ့ပြီး iTune မှာလည်း ရောင်းချပေးနေပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး