နိုင်ငံတွင်းမှာ ပျောက်ကွယ်လုနီး ဖြစ်နေပြီဖြစ်တဲ့ ဆံရစ်ဝိုင်း ဆံပင်ပုံစံ ထားရှိသေးတဲ့ မိန်းကလေးတွေရဲ့ အကြောင်းကို မှတ်တမ်းကားအဖြစ် ပြည်တော်ဦး တေးသံသွင်းမှ 'ဆံရစ်ဝိုင်းတို့ရွာ' အမည်နဲ့ ရိုက်ကူး တင်ဆက်ထားပါတယ်။
နိုင်ငံတွင်းမှာ ပျောက်ကွယ်လုနီး ဖြစ်နေပြီဖြစ်တဲ့ ဆံရစ်ဝိုင်း ဆံပင်ပုံစံ ထားရှိသေးတဲ့ မိန်းကလေး
တွေရဲ့ အကြောင်းကို မှတ်တမ်းကားအဖြစ် ပြည်တော်ဦး တေးသံသွင်းမှ 'ဆံရစ်ဝိုင်းတို့ရွာ' အမည်နဲ့
ရိုက်ကူး တင်ဆက်ထားပါတယ်။
ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် တွေအဖြစ် မြင်းခြံဒေသရှိ နွားထိုးကြီး မြို့နယ်တွင်းမှာ တည်ရှိတဲ့
ဆံရစ်ဝိုင်း ရွာမှ ရွာသူရွာသားများမှ ပါ၀င်ထားကြပြီး မနက်မိုးသောက်ချိန်မှစပြီး ညအိပ်ရာဝင်ချိန်
အထိ ရွာရဲ့ တစ်နေ့တာ လှုပ်ရှားသွားလာမှုနဲ့ ရွာဓလေ့တွေကို ရိုက်ကူးတင်ပြထားတာ ဖြစ်ပါတယ်။
မှတ်တမ်းကားအတွက် ဇာတ်ညွှန်းစာသားကို ဝေချစ်ကို (ခေါ်) သော်ဒီဝေ က မြို့ပေါ်မှာ နေထိုင်သူ
တွေရဲ့ဘဝနဲ့ နှိုင်းယှဉ်ကာ သရုပ်ဖော် ရေးသားပေးထားပြီး နောက်ခံစကားပြောသူအဖြစ် နိုင်းနိုင်က
ဆောင်ရွက်ပေးထားပါတယ်။
"မိတ်ဆွေတစ်ယောက်က အဲဒီရွာလေးမှာ အလှူသွားလုပ်ရင်း သူ့အလှူမှတ်တမ်းဗီဒီယိုကို အစ်မ
တို့ကို ပြတယ်။ ကြည့်ပြီးနောက်မှာ စဉ်းစားမိတာက နောက်ပိုင်းဒီလို ဆံရစ်ဝိုင်းနဲ့ မိန်းကလေးတွေ
ဆိုတာ မရှိနိုင်တော့ဘူးပေါ့။ မြန်မာနိုင်ငံရဲ့ ရိုးရာတစ်ခုကိုလည်း မှတ်တမ်းတစ်ခုအနေနဲ့ ရှိစေချင်တဲ့
ရည်ရွယ်ချက်နဲ့ ဒါလေးကို ရိုက်ကူးဖြစ်သွားတာပါ" လို့ ပြည်တော်ဦး တေးသံသွင်းမှာ မန်နေဂျာ
ဖြစ်သူ မသီတာလှိုင်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
မြင်းခြံမြို့မှာ နေထိုင်ခဲ့ဖူးတဲ့ ဦးသော်ဒီဝေကလည်း "ဒီဆံရစ်ဝိုင်းနဲ့ မိန်းကလေးတွေက အခုတောင်
အယောက် ငါးဆယ်လောက်ပဲ ရှိတော့တာ။ နောက် တစ်နှစ်လောက် ကြာရင်တောင် အကုန်လုံး
ဒီဆံပင်နဲ့ ရှိနိုင်ပါတော့မလား။ ဒါကြောင့် ဒီမှတ်တမ်းရုပ်ရှင်လေးကို လုပ်ဖြစ်ရတာပါ"လို့ ပြောပါ
တယ်။
ဇာတ်လမ်းရိုက်ကူးရာမှာ ဒါရိုက်တာရယ်လို့ သီးသန့်မရှိဘဲ အကုန်လုံး ပူးပေါင်းကာ ဖော်ကျူးထား
တဲ့ ဒီမှတ်တမ်းရုပ်ရှင်လေးမှာ နောက်ခံတီးလုံး တွေကိုတော့ စိန်မွတ်တား၊ စိန်မြပိုနဲ့ လဝန်းအိမ်
(မန္တလေး)တို့မှ တီးခတ် ပေးထားပါတယ်။
'ဆံရစ်ဝိုင်းတို့ရွာ'ဟာ ပြည်တော်ဦးတေးသံသွင်းရဲ့ ဒုတိယမြောက် မှတ်တမ်းရုပ်ရှင်ဖြစ်ပြီး ပြီးခဲ့တဲ့
ဇွန် ၁၉ ရက်နေ့မှ စတင်ကာ စူပါမားကက်တွေနဲ့ တေးသံသွင်းဆိုင် နီးပါးတိုင်းမှာ တစ်ခွေကို
ကျပ် ၂,၀၀၀ နဲ့ ၀ယ်ယူရရှိနိုင်ကြပါပြီ။
"အစ်မတို့ဆီကနေ ပထမဆုံး ရိုက်ကူးခဲ့တာကတော့ 'ရွှေတိဂုံမှ အံ့ဖွယ်ကိုးပါး' ပါ။ နောက်ထပ်
လည်း အင်းလေး အကြောင်း ရိုက်ထားတာ ရှိပါသေးတယ်။ ဆက်ပြီးတော့ ဒီလိုမျိုးနိုင်ငံရဲ့ ရိုးရာနဲ့
သမိုင်းဝင်အရာတွေကို မှတ်တမ်းရုပ်ရှင်တွေ ရိုက်ကူးသွားဦး မှာပါ" လို့ မသီတာလှိုင်က ပြောပါ
တယ်။
















