ပွဲပြီးတဲ့အထိ ယှဉ်ပြိုင်ဖို့ စည်းကမ်းချမှတ်ထားတဲ့ မန္တလေး ဖက်ရှင်ဒီဇိုင်နာပြိုင်ပွဲ

ပွဲပြီးတဲ့အထိ ယှဉ်ပြိုင်ဖို့ စည်းကမ်းချမှတ်ထားတဲ့ မန္တလေး ဖက်ရှင်ဒီဇိုင်နာပြိုင်ပွဲ

တက်သစ်စ ဖက်ရှင်ဇိုင်နာတွေအတွက် ရည်ရွယ်ပြီး အထက်မြန်မာပြည် မြို့တော်မန္တလေးမှာ Designer on Runway 2013 ပြိုင်ပွဲကို ကျင်းပသွားမယ်လို့ သိရပါတယ်။

တက်သစ်စ ဖက်ရှင်ဇိုင်နာတွေအတွက် ရည်ရွယ်ပြီး အထက်မြန်မာပြည် မြို့တော်မန္တလေးမှာ
Designer on Runway 2013 ပြိုင်ပွဲကို ကျင်းပသွားမယ်လို့ သိရပါတယ်။

ပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်နဲ့ ဆုပေးပွဲ အခမ်းအနားကို ဩဂုတ်လ ၃၁ ရက် နေ့မှာ Oriental House
(Mdy) မှာ ကျင်းပသွားမှာဖြစ်ပြီး ဇူလိုင်လ ၆ ရက် နေ့အထိ ပြိုင်ပွဲစည်းကမ်းအရ ဒီဇိုင်းငါးမျိုးနဲ့
လာရောက် လျှောက်ထားသူတွေကို ပထမအဆင့်အဖြစ် လက်တွေ့ ဒီဇိုင်းရေးဆွဲခိုင်းမယ်လို့
သိရပါတယ်။

ဒိုင်လူကြီးများရှေ့မှာ ပြိုင်ပွဲဝင်တွေဟာ ပုံကြမ်းဆွဲပြကာ တစ်ရက်အတွင်း ချက်ချင်းချုပ်ပြရမှာ
ဖြစ်တယ်လို့ ပွဲစီစဉ်သူဖြစ်တဲ့ ကိုရှဲလ် (Shall Enter-tainment) မှပြောပါတယ်။

ဒီအဆင့်ကနေ အကောင်းဆုံးဇိုင်နာ ၁၅ ဦး (အထက်မြန်မာပြည်မှ ခုနစ်ဦးနဲ့ အောက်မြန်မာပြည်မှ
ရှစ်ဦး) ရွေးချယ်သွားမှာဖြစ်ပြီး နောက်တစ်ဆင့်အတွက် မော်ဒယ်တစ်ဦးစီ ရရှိမှာဖြစ်ပြီး ၀တ်စုံနှစ်စုံ
ထပ်မံဖန်တီးကာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဆုပေးပွဲအခမ်းအနားမှာ သတ်မှတ်ထားတဲ့ မော်ဒယ်တွေက ၀တ်ဆင် သရုပ်ပြသပေးကြမှာဖြစ်ပြီး
ဆုများကို ချက်ချင်း ကြေညာပေးမှာ ဖြစ်ပါတယ်။

"ကျွန်တော် စိတ်ကူးမိလိုက်တာက ကျွန်တော်တို့ အထက်မြန်မာပြည်ရဲ့ လူငယ်များက အခုလို
ပြိုင်ပွဲတွေ ၀င်နိုင်ဖို့ အခွင့်အရေး တော်တော်ကိုနည်းကြပါတယ်။ သီချင်းဆိုပြိုင်ပွဲ၊ ဖက်ရှင်ပြိုင်ပွဲများ
အတွက် အခွင့်အရေးတွေ တော်တော်များရှိကြပေမယ့် ဒီလိုဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သက်တဲ့ ပြိုင်ပွဲကို
ဘယ်သူမှလုပ်ဖို့ စိတ်ကူးမရှိကြတာကြောင့် လုပ်ရခြင်းဖြစ်ပါတယ်" လို့ ပွဲစီစဉ်ဖြစ်ခဲ့ပုံကို ကိုရှဲလ်က
ပြောပြပါတယ်။

အကောင်းဆုံး ဒီဇိုင်နာဆုအတွက် ဆုငွေကျပ် ၁၀ သိန်း၊ ပထမဆုအတွက် ကျပ်ငါးသိန်းနဲ့ ပရိသတ်
အကြိုက်ဆု ဆုငွေ ကျပ်သုံးသိန်း ချီးမြှင့်ပေးသွားမှာ ဖြစ်ပြီး အခြားကုမ္ပဏီတွေကလည်း ဆုများစွာ
ကို ပေးအပ်သွားမယ်လို့ သိရပါတယ်။

မန္တလေးမှာ လာရောက် ပြိုင်ပွဲဝင်နေစဉ် ကာလအတွင်း ပြိုင်ပွဲဝင်တွေရဲ့ နေရေး၊ စားရေးအတွက်
ကိုလည်း စီစဉ်ပေးသွားမှာ ဖြစ်ပေမယ့် ပြိုင်ပွဲစည်းကမ်းအဖြစ် ဒီဇိုင်နာတွေဘက်မှလည်း ပြိုင်ပွဲ
မပြီးခင် နှုတ်ထွက်ခဲ့ပါက လျော်ကြေးငွေ ကျပ်သုံးသိန်းပေးလျော်ဖို့ သတ်မှတ်ထားတယ်လို့
ကိုရှဲလ်က ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး