မိန်းကလေး ဂီတအဖွဲ့ ဖြစ်တဲ့ Me N Ma Girls ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဝေနှင်း နုတ်ထွက်သွားတော့မယ့်အကြောင်းကို သူတို့နဲ့ အလုပ်အတူ တွဲလုပ်နေတဲ့ လော့စ်အိန်ဂျလိစ် အခြေစိုက် Power Music ထုတ်လုပ်ရေးက သတင်းထုတ်ပြန် ကြေညာလိုက်ပါတယ်။
မိန်းကလေး ဂီတအဖွဲ့ ဖြစ်တဲ့ Me N Ma Girls ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဝေနှင်း နုတ်ထွက်သွားတော့
မယ့်အကြောင်းကို သူတို့နဲ့ အလုပ်အတူ တွဲလုပ်နေတဲ့ လော့စ်အိန်ဂျလိစ် အခြေစိုက် Power
Music ထုတ်လုပ်ရေးက သတင်းထုတ်ပြန် ကြေညာလိုက်ပါတယ်။
ခုလိုမျိုး ဝေနှင်း ထွက်ရခြင်းဟာ သူ့ရဲ့မိသားစုကို အချိန်ပေးချင်တဲ့အတွက်ကြောင့်လို့ အဖွဲ့ဝင်တစ်ဦး
က ဆိုပါတယ်။
ထိုက်ထိုက်၊ အမွန်း၊ ချာချာ၊ ခေမီနဲ့ ဝေနှင်းတို့ ပါ၀င်တဲ့ ငါးဦးအဖွဲ့ဟာ ၂၀၁၀ ပြည့်နှစ်မှာ Tiger
Girls ဆိုတဲ့နာမည်နဲ့ သူတို့ရဲ့ပထမဦးဆုံးစီးရီး "Year of the Tiger" နဲ့ အနုပညာလောကထဲကို
စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်မှာ အဖွဲ့အမည်ကို Me N Ma Girls လို့ ပြောင်းလဲခဲ့ပြီး 'မင်္ဂလာပါ' အမည်ပေးထားတဲ့
ဒုတိယတေးစီးရီး ကို ဖြန့်ချိခဲ့ပါတယ်။
အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အမွန်းက ဝေနှင်းထွက်သွားပြီးတဲ့ နောက်ပိုင်းမှာ သူ့နေရာအတွက် အစား
မထိုးဘဲနဲ့ ကျန်တဲ့လေးယောက်နဲ့ပဲ ဆက်လက်ရပ်တည်သွားမယ်လို့ မြန်မာတိုင်း(မ်)ကို ပြောပါ
တယ်။
"သူထွက်သွားတာကို တခြားသူတွေက အချင်းချင်း အဆင်မပြေလို့လားဆိုပြီး မေးလာတာတွေ
လည်း ရှိတယ်။ အဓိကကတော့ သူ့မိသားစုကို အချိန်ပေးချင်တာရယ်၊ အဆိုပိုင်းထက် အရေးကြီး
တဲ့ ဘဝနဲ့သက်ဆိုင်မယ့် အလုပ်ကို လုပ်ချင်တာရယ်ကြောင့်သာ ထွက်လိုက်ရတာပါ။ ဒီလိုမျိုး
ထွက်သွားပေမယ့် သူက ညီမတို့အတွက်ကတော့ ညီအစ်မတစ်ယောက်ပါပဲ။ ညီမတို့အနေနဲ့
ကလည်း သူ့လိုတော်တဲ့ လုပ်ဖော်ကိုင်ဖက်မျိုးကိုလည်း လက်မလွှတ်ချင်ပါဘူး"လို့ အမွန်းက
ပြောပါတယ်။
သူတို့အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ Power Music ထုတ်လုပ်ရေးက Mr. Daniel
Hubbert နဲ့ ၁၈ လကြာ စာချုပ်ချုပ်ဆိုထားခဲ့ပါတယ်။
ဒီနှစ် မတ်လမှာတော့ အမေရိကကို သွားရောက်ပြီး Girl Strong သီချင်း ကို အသံသွင်းခဲ့သလို
နယူးယော့ခ်မှာ ပြုလုပ်တဲ့ Women in the World Summit 2013 ပွဲမှာလည်း ဖျော်ဖြေ
တင်ဆက်ခဲ့ပါတယ်။
မေလထဲမှာတော့ စင်ကာပူနိုင်ငံမှာ ပြုလုပ်သွားတဲ့ Music Matters Live Festival 2013 မှာ
ပါ၀င်ဖျော်ဖြေခဲ့ကြပါတယ်။
"ညီမတို့အဖွဲ့အနေနဲ့ အယ်လ်အေက ထုတ်လုပ်သူအတွက်ရော၊ ပြည်တွင်း အလုပ်တွေအတွက်
ရော အလုပ်လုပ်နေရတော့ မိသားစုကို ဂရုစိုက်ဖို့ အချိန်အရမ်းနည်းတယ်"လို့ ချာချာက ပြောပါ
တယ်။
"ပြီးတော့ ဝေနှင်းမိဘတွေက အသက်ကြီးနေတဲ့အပြင် ကျန်းမာရေးလည်း သိပ်မကောင်းကြဘူး။
ဂရုစိုက်ရမယ့်လူဆိုလို့ သူတစ်ယောက်တည်းရှိတယ်။ အဲဒါကြောင့် အဖွဲ့ထဲကနေ မထွက်ချင်ဘဲနဲ့
ထွက်လိုက်ရတာပါ။ ညီမတို့အနေနဲ့ သုံးနှစ်တာကာလတစ်ခုမှာ ကောင်းတာတွေရော၊ ဆိုးတာ
တွေရော ငါးယောက်အတူတူ ကျော်ဖြတ်ခဲ့ကြရတယ်။ ရှေ့လျှောက်လည်း ညီမတို့နဲ့ အတူရှိနေ
ပေမယ့် အဖွဲ့ထဲကမဟုတ်တော့ဘူးဆိုတဲ့ အသိ၀င်လာရင် စိတ်မကောင်း ဖြစ်မိတယ်။ သူ မရှိတော့
ပေမယ့် သူ့အစားပိုပြီး ကြိုးစားသွားမှာပါ" လို့လည်း ဆိုပါတယ်။
ဝေနှင်းကတော့ သူအဖွဲ့ထဲကနေ နုတ်ထွက်တဲ့အကြောင်း စာနယ်ဇင်း ရှင်းလင်းပွဲကို မကြာခင်
ပြုလုပ်သွားမှာ ဖြစ်တယ်လို့ဆိုပြီး အကြောင်းရင်းတွေကိုတော့ အဖွဲ့သားတွေ အားလုံးစုံကြမယ့်
အဲဒီအချိန်ကျမှပဲ အားလုံးကို ပြောပြမယ်လို့ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
Me N Ma Girls အဖွဲ့နဲ့ သူတို့ဂီတ နည်းပြအကြောင်းကို ရိုက်ကူးထားတဲ့ မှတ်တမ်းကား Miss
Nikki and Tiger Girls ဟာ ဇွန်လ ၁၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Sydney Film Festival 2013 မှာ
Foxtel Australian Documentary Prize အတွက် နောက်ဆုံးဆန်ခါတင် စာရင်းဝင် အဖြစ်
ရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်။
















