အမျိုးသမီး ဂီတအဖွဲ့ဖြစ်တဲ့ Me N Ma Girls မှ အဖွဲ့ဝင် အဆိုတော် ဝေနှင်း ဟာ ပြီးခဲ့တဲ့ ဇွန်လ ကတည်းက အဖွဲ့ကနေ နုတ်ထွက်ခဲ့ပြီးပေမယ့် အဖွဲ့ဝင်တွေစုံမှပဲ သူနုတ်ထွက်ရတဲ့အကြောင်းကို တရားဝင် ရှင်းပြချင်တယ်လို့ ဒီလအစောပိုင်းက မြန်မာတိုင်း(မ်)ကို ပြောခဲ့ဖူးပါတယ်။
အမျိုးသမီး ဂီတအဖွဲ့ဖြစ်တဲ့ Me N Ma Girls မှ အဖွဲ့ဝင် အဆိုတော် ဝေနှင်း ဟာ ပြီးခဲ့တဲ့ ဇွန်လ
ကတည်းက အဖွဲ့ကနေ နုတ်ထွက်ခဲ့ပြီးပေမယ့် အဖွဲ့ဝင်တွေစုံမှပဲ သူနုတ်ထွက်ရတဲ့အကြောင်းကို
တရားဝင် ရှင်းပြချင်တယ်လို့ ဒီလအစောပိုင်းက မြန်မာတိုင်း(မ်)ကို ပြောခဲ့ဖူးပါတယ်။
သူပြောခဲ့တဲ့ အတိုင်းပဲ တခြားအဖွဲ့ဝင်တွေနဲ့အတူ ဒီလ ၈ ရက်နေ့က စင်ထရယ်ဟိုတယ်မှာ
စာနယ်ဇင်း ရှင်းလင်းပွဲ ကျင်းပခဲ့ပြီး အဖွဲ့ကနေ နုတ်ထွက်ခဲ့ပေမယ့် အနုပညာ အလုပ်တွေကို
တစ်ကိုယ်တည်း ဆက်လက် လုပ်ကိုင်သွားမယ်လို့ တရားဝင်ပြောကြားခဲ့ပါတယ်။
"အဖွဲ့အတွက် လုပ်ရတာ ပိုပြီးအချိန်ပေးရတယ်။ နိုင်ငံခြားခရီးစဉ် တွေလည်း ထွက်ရတယ်။ အချိန်
တွေ အများကြီးပေးရတယ်။ တကယ့်တကယ် ညီမဘဝက ဘာကျော ထောက်နောက်ခံမှ မရှိတဲ့
အပြင် မိသားစုထဲမှာလည်း အခရာဖြစ်တဲ့ အတွက် မိဘတွေ ကျန်းမာရေး မကောင်းတဲ့အချိန်မှာ
မိဘတွေကို ကြည့်ဖို့အတွက် အချိန်ပြန်ပေးချင်တယ်။ ဒါကြောင့် ခွဲထွက်ခဲ့ရတယ်"လို့ ဝေနှင်းက
ပြောကြားခဲ့ပါတယ်။
၂၀၁၀ ပြည့်နှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး လက်တွဲခဲ့ကြတဲ့ သုံးနှစ်ကြာ ကာလအတွင်းမှာ Me N Ma
Girls အဖွဲ့ဟာ ပြည်တွင်းမှာ တင်မကဘဲ ပြည်ပနိုင်ငံတွေမှာ သွားရောက်ဖျော် ဖြေခွင့်ရခဲ့ပြီး
တစတစနဲ့ အောင်မြင်မှု ရရှိလာခဲ့တာ ဖြစ်ပါတယ်။
"ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် တည်ရတဲ့အတွက်လည်း ဒီလောကက အရမ်းလည်း ခက်ခဲသလို
အရမ်းလည်း ပင်ပန်းတယ်။ အရင်တုန်းကတော့ သူငယ်ချင်းတွေရှိတယ်၊ ကူညီခဲ့တဲ့အတွက်
ပျော်ရွှင်ခဲ့ရပါတယ်။ ဒါပေမဲ့ မိသားစုတွေကို ကြည့်ဖို့ အတွက်ကျတော့ အချိန်တွေရော၊ ငွေကြေး
ရောလိုတဲ့အတွက်ကြောင့် အဖွဲ့ထဲက မထွက်ချင်ဘဲနဲ့ ထွက်လိုက်ရတာပါ။ သူငယ်ချင်းတွေနဲ့ ခဏ
လမ်းခွဲခဲ့ရတယ်လို့ပဲ သတ်မှတ်ပါတယ်။ ရန်ဖြစ်လို့မဟုတ်ဘဲနဲ့ ချစ်လျက်နဲ့ ခွဲရတာဆိုတဲ့အတွက်
ကြောင့် နုတ်ထွက်တယ်လို့ မဆိုချင်ပါဘူး"လို့လည်း ဝေနှင်းက ဆိုပါတယ်။
"ဒီအဖွဲ့လေးနဲ့ သုံးနှစ်ကျော်ကာလ လုံးလုံး မိုးလင်းကမိုးချုပ် မိသားစုထက်တောင် အချိန်ပေး
ပြီးတော့ အချိန်ပေါင်းများစွာ တွေ့ဖြစ်ကြတယ်။ အခုချိန်မှာ တစ်ယောက်တည်းဖြစ်သွားတဲ့အတွက်
ကိုယ့်အတွက်တစ်ခုခု ဆုံးရှုံးသွားသလိုပဲ လစ်ဟာမှုတစ်ခုကို ခံစားရပြီးတော့ စိတ်မကောင်းဖြစ်
ရတယ်"လို့လည်းပြောခဲ့ပါတယ်။
















