မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖတ်ရှုရမယ့် 'ပန်းဆိုးတန်း' အနုပညာနှင့် ယဉ်ကျေးမှု ဂျာနယ်ကို ဇူလိုင်လ ၁၂ ရက်နေ့က စတင်ပြီး အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။
မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖတ်ရှုရမယ့် 'ပန်းဆိုးတန်း' အနုပညာနှင့် ယဉ်ကျေးမှု ဂျာနယ်ကို
ဇူလိုင်လ ၁၂ ရက်နေ့က စတင်ပြီး အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။
စာမျက်နှာ ၁၆ မျက်နှာ ပါ၀င်တဲ့ ဂျာနယ်မှာ ပန်းချီ၊ စာပေနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးတွေ၊
ပြည်တွင်း ပန်းချီသတင်းနဲ့ ပန်းချီဆရာအကြောင်း တစေ့တစောင်း လေ့လာသုံးသပ်ထားတဲ့
ဆောင်းပါးတွေ ပါ၀င်မှာဖြစ်ပြီး ဂျာနယ်တစ်စောင်ဈေးနှုန်းကို ကျပ် ၁,၀၀၀ သတ်မှတ်ထားပါတယ်။
"မြန်မာ့ယဉ်ကျေးမှု၊ အနုပညာနဲ့ ပတ်သက်ပြီး လေ့လာနေတဲ့ ပညာရှင်တွေ နိုင်ငံတကာမှာ ရှိပါ
တယ်။ သူတို့ ရေးတဲ့ ဆောင်းပါးတွေထဲကနေ အရမ်းကြီး လေးနက်တာမျိုး မဟုတ်ဘဲ လူအများ
စိတ်ဝင်စားမယ့် ပေါ့ပေါ့ပါးပါး ဆောင်းပါးတွေကို ထည့်သွင်း ဖော်ပြသွားမှာပါ။ ပထမဆုံးထွက်မယ့်
စာစောင်မှာ ပြင်သစ်စကောလာ ခရစ္စတိုဖာ ရေးထားတဲ့ ဖိုဝင်းတောင် မှာရှိတဲ့ အနုပညာလက်ရာ
တွေထဲက ဟာသဆန်တဲ့လက်ရာကို သီးသန့်ရေးပြီး ပုံနဲ့တကွ ဖော်ပြမှာဖြစ်သလို ပြည်တွင်းက
ပန်းချီနဲ့ စာပေပညာရှင် တွေကလည်း ရေးသားကြမှာပါ"လို့ ပန်းဆိုးတန်းအနုပညာနှင့် ယဉ်ကျေးမှု
ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ပန်းချီဆရာ ဦးအောင်စိုးမင်းက ပြောပါတယ်။
မြန်မာဘာသာပိုင်းမှာ အယ်ဒီတာအဖြစ် ဦးအောင်စိုးမင်းနှင့် အတူ ကဗျာဆရာ မောင်လင်းရိပ်
လည်း ဆောင်ရွက်မှာဖြစ်ပြီး အင်္ဂလိပ်ပိုင်းကိုတော့ ကနေဒါလူမျိုး မစ္စ Nance Cunningham နဲ့
အမေရိကန်လူမျိုး မစ္စ Camille McDorman တို့က အယ်ဒီတာအဖြစ် ဆောင်ရွက်ကြမှာပါ။
ဂျာနယ်နာမည် ရွေးချယ်ရတဲ့ အကြောင်းရင်းကိုလည်း ဦးအောင်စိုးမင်းက "ဂျာနယ်ရဲ့ အမည်ကို
ပန်းဆိုးတန်းလို့ ပေးရခြင်းက ပန်းဆိုးတန်းဆိုတာ စာပေနဲ့ ပန်းချီဝါသနာရှင်တွေ ကျက်စားရာနေရာ
ဖြစ်ပါတယ်။ ပန်းဆိုးတန်းမှာ ပန်းချီပြခန်းတွေ ရှိသလို စာအုပ်ဆိုင်တန်းတွေ အများအပြား ရှိပါ
တယ်။ ဒါကို ဂုဏ်ပြုတဲ့အနေနဲ့ ဂျာနယ်ကို ပန်းဆိုးတန်းလို့ အမည်ပေးထားတာ ဖြစ်ပါတယ်"လို့
ပြောပါတယ်။
















