ဓာတ်ပုံမော်ဒယ် တစ်ဦးဖြစ်သလို သရုပ်ဆောင် လွင်မိုးရဲ့ သမီးကြီးလည်းဖြစ်တဲ့ ယွန်းဝတီလွင်မိုး အကြောင်းကို ပြီးခဲ့တဲ့ လက ယူနတီ(unity) ဂျာနယ်ကနေ ဖော်ပြခဲ့တဲ့ သတင်းဟာ လူအများကြားမှာ တော်တော်လေး ဂယက်ထခဲ့တဲ့ သတင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
ဓာတ်ပုံမော်ဒယ် တစ်ဦးဖြစ်သလို သရုပ်ဆောင် လွင်မိုးရဲ့ သမီးကြီးလည်းဖြစ်တဲ့ ယွန်းဝတီလွင်မိုး
အကြောင်းကို ပြီးခဲ့တဲ့လက ယူနတီ(unity) ဂျာနယ်ကနေ ဖော်ပြခဲ့တဲ့ သတင်းဟာ လူအများကြား
မှာ တော်တော်လေး ဂယက်ထခဲ့တဲ့ သတင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
ဇွန်လ ၂၂ ရက်နေ့ထုတ် ယူနတီဂျာနယ်က မျက်နှာဖုံးမှာ 'ယွန်းဝတီလွင်မိုးကို ခိုးပြေးသည်ဟု
သတင်းထွက်ပေါ်'လို့ဖော်ပြခဲ့ပြီး အတွင်းစာမျက်နှာမှာတော့ 'ယွန်းဝတီလွင်မိုးအား ခိုးပြေးသည်ဟု
သတင်းထွက်ပေါ်မှု ကောလာဟလသာဖြစ်' လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။
ဆောင်းပါးမှာ စာရေးသူ ကိုသာမိုးကြည်အောင်က ယွန်းဝတီကို ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့
မြေးဖြစ်သူ နေရွှေသွေးအောင် (ခ) ဖိုးလပြည့်က ခိုးပြေးခဲ့တယ်လို့ လူအများကြား ကောလာဟလ
သတင်း ထွက်ပေါ်နေတဲ့အပေါ် မဟုတ်မှန်ကြောင်း ယွန်းဝတီရဲ့ ဖခင်ဖြစ်သူ (ဦး)လွင်မိုးကို
ဆက်သွယ်မေးမြန်းပြီး ဖော်ပြထားပါတယ်။
ဂျာနယ်မျက်နှာဖုံး သတင်းစာသားနဲ့ ပတ်သက်ပြီး ကာယကံရှင်များဘက်မှ နားလည်မှုလွဲမှားခြင်း
သာဖြစ်တယ်လို့ ဂျာနယ်သတင်း ထောက်ချုပ်လည်း ဖြစ်တဲ့ ကိုသာမိုးကြည်အောင်က
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
အတွင်းစာမျက်နှာ(၃)မှာ ဖော်ပြထားတဲ့ သတင်းရော၊ ခေါင်းစဉ်ကိုပါ သူကိုယ်တိုင် ရေးသားခဲ့တာ
ဖြစ်ပေမယ့် မျက်နှာဖုံးမှာ ပါသွားတဲ့ ခေါင်းစဉ်ကိုတော့ တာဝန်ခံအယ်ဒီတာတွေနဲ့ စာမျက်နှာထိုင်
တဲ့သူတွေ လုပ်ကြတာပါလို့ ပြောပါတယ်။
ဒါပေမဲ့ စာနယ်ဇင်းသမားတွေ အကုန်လုံးက တစ်ယောက်ကိုတစ်ယောက် အမှီသဟဲ လုပ်နေကြ
တာကြောင့် သူလုပ်တယ် ကိုယ်လုပ်တယ် လွှဲချလို့မရဘူးလို့လည်း ဆိုပါတယ်။
"ဒေါ်မေသူတို့ အနေနဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်တွေကို နားလည်မှုလွဲမှားသွားတဲ့ သဘောပါ။
အဲဒီအတွက်လည်း ဒီကတာဝန်ရှိတဲ့သူတွေက တောင်းပန်ပြီးတော့ ဂျာနယ်မှာပါ ပြန်ထည့်ပြီးသွား
ပါပြီ"လို့လည်း ကိုသာမိုးကြည်အောင်က ပြောပါတယ်။
"အဲဒီသတင်းကို အနုပညာအသိုင်းအဝိုင်းနဲ့ လုပ်ငန်းကြီးကုမ္ပဏီတွေကနေ ဟုတ်လား၊ မဟုတ်လား
လို့ ကျွန်တော့်ကို မေးကြတယ်။ အဲဒါနဲ့ ကျွန်တော်လည်း အရင်ဆုံး ကိုလွင်မိုး ကိုဆက်သွယ်ပြီး
မေးခဲ့တယ်။ ဖိုးလပြည့်ရဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေကနေ တစ်ဆင့် စုံစမ်းခဲ့တယ်။
ပြီးတော့မှ ကောလာဟလဖြစ်တယ် ဆိုတဲ့သတင်းကို ရေးခဲ့တယ်။ ကျွန်တော်ရေးတဲ့ သတင်း
အဓိပ္ပာယ် အပြည့်အစုံက ကောလာဟလဖြစ်နေတာကို မီဒီယာအနေနဲ့ အသိပေးချင်တဲ့ သဘော
ပါပဲ"လို့လည်း ဆိုပါတယ်။
"ကျွန်တော့်အရေးအသားထဲမှာတော့ ကာယကံရှင်ကိုရော၊ သူ့ရဲ့ အသိုင်းအဝိုင်းကိုပါ ထိခိုက်နစ်နာ
စေမယ့် ဘယ်လိုအသုံးအနှုန်းမျိုးကိုမှ သုံးမထားပါဘူး။ ယွန်းဝတီ ဆိုတာကလည်း အနုပညာ
လောကမှာ နေရာရနေတဲ့သူ၊ ဖိုးလပြည့်ဆိုတာကလည်း ဒီမှာ မသိမရှိတဲ့သူ တစ်ယောက်မို့
လူပုဂ္ဂိုလ်ရေးအရ ရှင်းရှင်းလင်းလင်း သိသွားအောင်လို့ ဒီသတင်းကို ရေးလိုက်တာပါ"လို့လည်း
ကိုသာမိုးကြည်အောင်က ထပ်ပြောပါတယ်။
ယွန်းဝတီရဲ့ မိခင်ဖြစ်သူ ဒေါ်မေသူ က ယူနတီဂျာနယ်တိုက်ကို ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းမှာ
ဆက်သွယ်မေးမြန်းခဲ့ပြီး အမှားပြင်ဆင်ပေးဖို့အတွက် တောင်းဆိုခဲ့တဲ့အပြင် တရားစွဲဆိုသွားမယ်
ဆိုတဲ့ အကြောင်းကြားစာကိုလည်း ပေးပိုခဲ့တယ်လို့ ပြောပြပါတယ်။
"အနုပညာရှင်မှန်ရင် ကောလာဟလနဲ့ ရင်ဆိုင်ရမှာပဲဆိုတာတော့ မှန်ပါတယ်။ အခုက အတွင်း
စာမျက်နှာမှာက တစ်မျိုး၊ မျက်နှာဖုံးမှာက ကောလာဟလပါဆိုတာ မပါလာတော့ ကျွန်မတို့သမီး
အနေနဲ့ မကောင်းပါဘူး။ သမီးက အခုမှ အသက် ၁၄ နှစ်ပဲ ရှိသေးတယ်။ မိဘအုပ်ထိန်းမှု
အောက်မှာ မိဘနဲ့ ရင်အုပ်မကွာ နေနေတဲ့ လိမ္မာယဉ်ကျေးတဲ့ ကလေးပါ။ အသက်မပြည့်သေးတဲ့
ကလေးကို ဒီလိုမျိုး ခေါင်းစဉ်တပ်လို့ မရဘူးလေ။ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်ဥပဒေအရ
ရော၊ မြန်မာအမျိုးသမီးတွေကို ကာကွယ်စောင့်ရှောင်သင့်တယ်ဆိုတဲ့ အချက်ကြောင့်ပါ လုပ်ခွင့်
မရှိပါဘူး"လို့ ဒေါ်မေသူက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
"တကယ်လို့ ကလေးတစ်ယောက်အနေနဲ့ အမှုအခင်း ကျူးလွန်တယ်ဆိုရင်တောင် အဲဒီကလေးရဲ့
နာမည်၊ မိဘနာမည်တို့ကို သုံးခွင့်မရှိဘူးလို့ နားလည်ထားတယ်။ အဲဒီလိုမျိုးသုံးတဲ့အတွက်
စာနယ်ဇင်း ဥပဒေနဲ့လည်း မညီညွတ်ဘူး။ ကလေးဆိုတာ အနာဂတ်ရှိတယ်၊ အသိုင်းအဝိုင်းဆိုတာ
ရှိတယ်။ အဲဒါကို မျက်နှာဖုံးစာမျက်နှာမှာ သုံးလိုက်တဲ့ စာသားက တစ်မျိုးဖြစ်နေတယ်။
သူတို့ဘက်က တောင်းပန်လိုက်လို့ပါ။ မတောင်းပန်ဘူးဆိုရင်တော့ တရားဥပဒေအရ ဖြေရှင်းသွား
မှာပါ"လို့လည်း ဆိုပါတယ်။
ကာယကံရှင်ဖြစ်တဲ့ ယွန်းဝတီလွင်မိုးကတော့ သူမရဲ့ ကောလာဟလ သတင်းနဲ့ပတ်သက်လို့
ပြောကြားထားတာကို "ကောလာဟလဆိုတာကတော့ ပြန့်နေမှာပဲလေ။ အကုန်လုံး လိုက်ယုံနေ
မယ်ဆိုရင် ပြီးတော့မှာမဟုတ်ဘူး။ ကောလာဟလတွေကို မယုံကြပါနဲ့"လို့ ဇူလိုင်လ ၁ ရက်နေ့မှာ
ထုတ်ဝေခဲ့တဲ့ Now! ဖက်ရှင်မဂ္ဂဇင်းထဲမှာ ဖော်ပြထားပါတယ်။
















