တကယ်ဆိုရင် အချစ်ပဲလိုလို့ လက်ထပ်လိုက်ကြတဲ့ ချမ်းချမ်းနဲ့ ဘုဏ်းသိုက်

တကယ်ဆိုရင် အချစ်ပဲလိုလို့ လက်ထပ်လိုက်ကြတဲ့ ချမ်းချမ်းနဲ့ ဘုဏ်းသိုက်

နှစ်ကုန်ပိုင်းလောက်မှ လက်ထပ်ဖြစ်မယ်လို့ ပရိသတ်တွေကို ပြောထားရာကနေ ဘယ်သူမှ မထင်မှတ်ထားတဲ့အချိန်မှာ ရွှေလက်တွဲလိုက်ကြသူ နှစ်ဦးကတော့ မော်ဒယ်၊ အဆိုတော် ချမ်းချမ်းနဲ့ မော်ဒယ်၊ သရုပ်ဆောင် ဘုဏ်းသိုက် တို့ပဲ ဖြစ်ပါတယ်။

နှစ်ကုန်ပိုင်းလောက်မှ လက်ထပ်ဖြစ်မယ်လို့ ပရိသတ်တွေကို ပြောထားရာကနေ ဘယ်သူမှ
မထင်မှတ်ထားတဲ့အချိန်မှာ ရွှေလက်တွဲလိုက်ကြသူ နှစ်ဦးကတော့ မော်ဒယ်၊ အဆိုတော် ချမ်းချမ်း
နဲ့ မော်ဒယ်၊ သရုပ်ဆောင် ဘုဏ်းသိုက် တို့ပဲ ဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ မင်္ဂလာဦးဆွမ်းကျွေး အလှူပွဲကို ဇူလိုင်လ ၁၄ ရက်နေ့၊ မနက်ပိုင်းမှာ တောင်ဒဂုံမြို့နယ်
က ပြည်လုံးချမ်းသာ မဟာသိမ်တော်ကြီးမှာ ကျင်းပခဲ့ပြီးဖြစ်သလို ဇူလိုင်လ ၁၇ ရက်နေ့မှာတော့
ဗိုလ်အောင်ကျော်လမ်းပေါ်က စိန့်မေရီ ကတ်သလစ် ဘုရားကျောင်းမှာ ညစာစားပွဲ ကျင်းပခဲ့
ပါတယ်။

ချမ်းချမ်းဟာ ခရစ်ယာန်ဘာသာဝင် ဖြစ်ပြီး ဘုဏ်းသိုက်က ဗုဒ္ဓဘာသာဝင်ဖြစ်တာကြောင့် ခုလိုမျိုး
ဘာသာနှစ်ခုနဲ့ ဆက်စပ်တဲ့မင်္ဂလာပွဲတွေကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

တစ်ဦးရဲ့ ယုံကြည်သက်ဝင်မှုအပေါ် အပြန်အလှန် လေးစားတန်ဖိုးထားကြပုံရတဲ့ အနုပညာမောင်နှံ
နှစ်ဦးရဲ့ မင်္ဂလာပွဲနှစ်ပွဲစလုံးဟာ ချစ်ခင်ကြင်နာရိပ်တွေ ဖုံးလွှမ်းလို့ ပွဲတက်ရောက်သူတွေကိုပါ
ကူးစက်ပျော်ရွှင်စေခဲ့တာပါ။

မင်္ဂလာဆွမ်းကျွေးအခမ်းအနားမှာ မြန်မာဝတ်စုံလေးနဲ့ ချမ်းချမ်းက ချစ်သူနဲ့ အတူယှဉ်တွဲလို့ သံဃာ
တော်တွေကို လက်အုပ်ချီမိုးလို့ ဆွမ်းဆက်ကပ်စဉ်မှာ ကြည်နူးမှုကြောင့် ထင်ပါရဲ့။

၀မ်းသာမျက်ရည်တွေနဲ့ ပြံုးနေခဲ့သလို ဘုဏ်းသိုက်ကလည်း ခရစ်ယာန်ဘာသာဝင်တို့ ဓလေ့
ထုံးတမ်းအရ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲလေးမှာလည်း ချစ်သူရဲ့ဘာသာအပေါ် ရိုသေလေးစားမှုတွေ
ပြသခဲ့တာ အများအတုယူစရာပါပဲ။

ချမ်းချမ်းနဲ့ ဘုဏ်းသိုက်။ ဘူးသီး/မြန်မာတိုင်း(မ်)

အချစ်ရေးကို ပွင့်ပွင့်လင်းလင်းပဲ ထုတ်ဖော်ပြောဆိုတတ်တဲ့ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းက
ခုတော့ ပျော်ရွှင်အားကျစရာ ဆိုပေမယ့် နေရိပ်ထဲမှာ ပျော်ရွှင်နိုင်ဖို့အတွက် နေပူထဲကို ဖြတ်သန်းခဲ့
ရတွေလည်း ရှိခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ ၂၀၁၁ ခုနှစ်၊ ဇွန်လလောက်က သူတို့နှစ်ဦးရဲ့ အကွဲအပြဲ အချစ်ဇာတ်လမ်း
တွေက မြန်မာ အနုပညာဂျာနယ် တော်တော်များများမှာ လွှမ်းမိုးခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ၂၀၁၂ ခုနှစ်၊ နှစ်လယ်ပိုင်းလောက်မှာတော့ ချစ်သူနှစ်ဦး ပြန်ပေါင်းထုပ်ခဲ့သလို တပူး
တွဲတွဲ ပြန်တွေ့ရတာကြောင့်လည်း ပရိသတ်တွေအတွက် ကြည်နူးစရာဖြစ်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်မှ လက်ထပ်မယ်ဆိုတဲ့ သတင်းတွေ ဟိုတစ်စွန်း ဒီတစ်စထွက်
ပေါ်ပြီးတဲ့နောက်မှာတော့ ချစ်သူသက်တမ်း ငါးနှစ်ကျော်အတွင်းမှာ ခုလိုမျိုး လက်ထပ်ဖို့ ဆုံးဖြတ်
လိုက်ကြတာ ဖြစ်ပါတယ်။

ချမ်းချမ်းနဲ့ ဘုဏ်းသိုက်။ ဘူးသီး/မြန်မာတိုင်း(မ်)

မင်္ဂလာပွဲမတိုင်ခင် တစ်ရက်ဖြစ်တဲ့ ဇူလိုင်လ ၁၃ ရက်နေ့မှာ မြန်မာတိုင်း(မ်)က သတို့သားလောင်း
ဘုဏ်းသိုက်ကို ဆက်သွယ်စကားပြောဖြစ်တဲ့အခါ သူတို့ မင်္ဂလာမောင်နှံနှစ်ဦးစလုံး မင်္ဂလာပွဲ
အတွက် စီစဉ်နေရင်းက ပင်ပန်းပြီး ဖျားနေကြပေမယ့် အရမ်းကိုပျော်နေကြပါတယ်လို့ ပြောပါ
တယ်။

"အခု နှစ်ယောက်စလုံး ဖျားနေကြတယ်။ လာတဲ့ ဧည့်သည်တွေ အကုန်လုံး အဆင်ပြေအောင်၊
ပေါ့ပေါ့ပါးပါးနဲ့ စိတ်ချမ်းသာအောင်၊ ဧည့်ခံပွဲမှာ ထောင့်စေ့အောင် ပြင်ဆင်နေရလို့ အရမ်းပင်ပန်းနေ
ကြပါတယ်။ ဒါပေမဲ့ နှစ်ဖက်မိဘတွေရော၊ သူငယ်ချင်းတွေအပါအဝင် ကျွန်တော်တို့ နှစ်ယောက်
စလုံး အရမ်းပျော်နေပါတယ်"လို့ မင်္ဂလာပွဲအတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေတဲ့ကြားကပဲ
ဘုဏ်းသိုက်က ပြောပြပေးပါတယ်။

၂၀၁၃ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်မှာ မင်္ဂလာပွဲစီစဉ်မယ်လို့ ကြေညာထားပြီးမှ အခုလိုစောပြီး စီစဉ်
ရတာကတော့ သူ့ရဲ့ စိတ်ခံစားချက်ကြောင့်ပါလို့လည်း ဆိုပါတယ်။

"အစကတည်းက ၂၀၁၂-၁၃ မှာ မင်္ဂလာဆောင်မယ်လို့ စီစဉ်ထားခဲ့ကြတာပါ။ ဒါပေမဲ့ နှစ်ယောက်
စလုံးက အလုပ်တွေ ဆက်လုပ်ချင်သေးတာကြောင့် ၂၀၁၃ ဆိုရင်တောင် ဒီဇင်ဘာလ၊ ဒါမှမဟုတ်
နယူးရီးယားမှာ မင်္ဂလာကိစ္စ စီစဉ်မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ လက်ထပ်ချင်
တဲ့ စိတ်ခံစားမှုကြောင့် သူ(ချမ်းချမ်း) လုံးဝ မထင်မှတ်ထားသေးဘဲ လက်ထပ်ခွင့်တောင်းခဲ့တာပါ"
လို့ ဘုဏ်းသိုက်က ပြောပြပါတယ်။

ချမ်းချမ်းနဲ့ ဘုဏ်းသိုက်။ ဘူးသီး/မြန်မာတိုင်း(မ်)

ချမ်းချမ်းဟာ ၂၀၀၈ ခုနှစ်မှာ ကျင်းပခဲ့တဲ့ melody world (သံစဉ်များနဲ့ ကမ္ဘာ) သီချင်းအဆိုပြိုင်ပွဲ
မှာ ဒုတိယဆုကို ဆွတ်ခူးခဲ့ပြီးတဲ့နောက် အဆိုတော်တစ်ဦးအဖြစ် ပရိသတ်ရင်ထဲကို ရောက်ရှိလာ
ခဲ့ချိန်မှာ မော်ဒယ်အဖြစ် နေရာတစ်နေရာ ရရှိနေခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီနှစ်ထဲမှာပဲ Miss People 2008 ပြိုင်ပွဲမှာ ဆုတံဆိပ်တွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ တစ်ကိုယ်တော် သီချင်းအယ်လ်ဘမ်တွေဖြစ်တဲ့ 'တကယ်ဆိုရင် အချစ်ပဲလိုတယ်'
နဲ့ 'သိပ်ချစ်တယ် အရမ်းမုန်းတယ်' တို့နဲ့ ပရိသတ်အခိုင်အမာရရှိထားတဲ့ အဆိုတော်တစ်ယောက်
အဖြစ် ရပ်တည်နေသလို တတိယ အယ်လ်ဘမ် အသစ်အတွက်လည်း ပြင်ဆင်နေတယ်လို့ သိရ
ပါတယ်။

ဘုဏ်းသိုက်ကလည်း ယောကျ်ားပီသပြီး ဆွဲဆောင်မှုရှိတဲ့ မော်ဒယ်တစ်ယောက်အဖြစ် ပရိသတ်
တွေရဲ့ အသိအမှတ်ပြု အားပေးခြင်းကို ခံထားရသူ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

လူသိမများခင်ကတည်းက ချစ်သူတွေ ဖြစ်ခဲ့ကြပြီး အသီးသီး အောင်မြင်လာချိန်မှာလည်း လက်တွဲ
မြဲမြဲ ဆုပ်ကိုင်နိုင်ကြတဲ့ အနုပညာရှင်နှစ်ဦးဖြစ်တာကြောင့် ရာသက်ပန် ရိုးမြေကျပေါင်းဖက်သွားနိုင်
ပါစေလို့ ပရိသတ်တွေနဲ့အတူ မြန်မာတိုင်း(မ်)ကလည်း မင်္ဂလာဆုမွန်ကောင်း တောင်းပေးလိုက်
ပါတယ်။

ချမ်းချမ်းနဲ့ ဘုဏ်းသိုက်။ ဘူးသီး/မြန်မာတိုင်း(မ်)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး