'မီးအိမ်ရှင်' အဆိုတော် ဆိုတေးရဲ့ လတ်တလော အခြေအနေမှာ ဒီနေ့ ဇူလိုင်လ ၁၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ တိုးတက်ကောင်းမွန်လာပြီး ခြေ၊ လက် လှုပ်ရှားမှုများ ရှိလာပြီဖြစ်ကြောင်း အနီးကပ်ပြုစု စောင့်ရှောက်နေတဲ့ ဆိုတေးရဲ့ ဦးလေး တော်စပ်သူ ဦးရဲမြင့်အောင် က မြန်မာတိုင်းမ် ကိုပြောပါတယ်။
'မီးအိမ်ရှင်' အဆိုတော် ဆိုတေးရဲ့ လတ်တလော အခြေအနေမှာ ဒီနေ့ ဇူလိုင်လ ၁၆ ရက်နေ့
နံနက်ပိုင်းမှ စတင်ကာ တိုးတက်ကောင်းမွန်လာပြီး ခြေ၊ လက် လှုပ်ရှားမှုများ ရှိလာပြီဖြစ်ကြောင်း
အနီးကပ်ပြုစု စောင့်ရှောက်နေတဲ့ ဆိုတေးရဲ့ ဦးလေး တော်စပ်သူ ဦးရဲမြင့်အောင် က မြန်မာတိုင်းမ်
ကိုပြောပါတယ်။
"ဆေးရုံကို စတက်တဲ့အချိန်နဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ အခြေအနေက တော်တော်လေးကို
တိုးတက်ကောင်းမွန်လာတာ တွေ့ရတယ်။ ဒီနေ့ မနက်က စပြီးတော့ ခြေ၊ လက် လှုပ်ရှားမှုတွေ
ရှိလာတယ်။ သွေးခုန်နှုန်းတွေ ၊ အသက်ရှုတာတွေ ပုံမှန်ဖြစ်နေပြီ၊ သတိတော့မရသေးဘူး။
ဆရာဝန်တွေ ပြောပြချက်အရဆိုရင်တော့ ညနေပိုင်းလောက် ဒါမှမဟုတ် မနက်ဖြန်လောက်ဆိုရင်
သတိရလာနိုင်တယ်"လို့ ဦးရဲမြင့်အောင် က ပြောပါတယ်။
တေးသံရှင်ဆိုတေးမှာ မန္တလေးဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှု ခံယူနေ
ရပြီး တာဝန်ကျ ဆရာဝန်များမှလည်း အချိန်ပြည့် ပြုစုကုသ ပေးနေကြောင်းလည်း သိရှိရပါတယ်။
အင်တာနက် လူမှုကွန်ရက်စာမျက်နှာများတွင် တေးသံရှင် ဆိုတေးရဲ့ ကျန်းမာရေးအခြေအနေနဲ့
ပက်သက်ပြီး သတင်းမမှန်များ တက်ရောက်နေတဲ့အတွက် အနုပညာရှင်များ၊ ပရိသတ်များနဲ့
မိသားစုများအတွက်ပါ ကြေကွဲဝမ်းနည်းရပြီး သတင်းမှန်ကန်စွာ ရရှိမှသာ ရေးသားတင်ပြပေးရန်
အတွက်ကိုလည်း ဦးရဲမြင့်အောင်မှ တောင်းဆိုလိုက်ပါတယ်။
"အင်တာနက်မှာ တက်နေတာတွေက သတင်းမှန်မဟုတ်ပါဘူး။ သတင်းမှန်တွေ တင်ပေးစေချင်
ပါတယ်။ သူ့ရဲ့ အဖေဆိုရင် မကြည်ရက်လို့ဆိုပြီး မန္တလေးကို လိုက်မလာဘူး။ ရန်ကုန်ကပဲ သတင်း
မေးနေတယ်။ အင်တာနက်မှာ တက်တဲ့ သတင်းတွေကြောင့် ငိုယိုပြီး လှမ်းလှမ်းမေးတယ်။
ကျန်းမာရေး ကောင်းတယ် ဆိုတာကိုလည်း သူခမျာ မယုံနိုင်ဘူးဖြစ်နေတယ်။ အင်တာနက်ရဲ့
သတင်းမမှန်မှုတွေကြောင့်ပေ့ါ"လို့ ဦးရဲမြင့်အောင်က ပြောပါတယ်။
















