Glee ဇာတ်လမ်းတွဲ သရုပ်ဆောင် မွေးရပ်မြေ ကနေဒါမှာ ပဟေဠိဆန်ဆန် ကွယ်လွန်သွား

Glee ဇာတ်လမ်းတွဲ သရုပ်ဆောင် မွေးရပ်မြေ ကနေဒါမှာ ပဟေဠိဆန်ဆန် ကွယ်လွန်သွား

အမေရိကန်ရုပ်သံ ဇာတ်လမ်းတွဲ Glee မှာ Finn Hudson အဖြစ် ပါ၀င်သရုပ်ဆောင်ခဲ့တဲ့ Cory Monteith ဟာ ဇူလိုင်လ ၁၃ ရက်နေ့၊ မနက်ပိုင်းက ကနေဒါနိုင်ငံ၊ ဗန်ကူဗာမြို့မှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။

အမေရိကန်ရုပ်သံ ဇာတ်လမ်းတွဲ Glee မှာ Finn Hudson အဖြစ် ပါ၀င်သရုပ်ဆောင်ခဲ့တဲ့ Cory
Monteith ဟာ ဇူလိုင်လ ၁၃ ရက်နေ့၊ မနက်ပိုင်းက ကနေဒါနိုင်ငံ၊ ဗန်ကူဗာမြို့မှာ ရုတ်တရက်
ကွယ်လွန်သွားခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၃၁ နှစ်ပဲ ရှိသေးတဲ့ Cory ဟာ Fairmont Pacific Rim ဟိုတယ်ရဲ့
၂၁ ထပ်က အခန်းတစ်ခန်းမှာ တည်းခိုနေပြီး သူ ဟိုတယ်က ထွက်ခွာရမယ့်အချိန်မှာ မပေါ်လာတဲ့
အတွက် ဟိုတယ်ဝန်ထမ်းတွေက သူ့အခန်းကို သွားစစ်ဖြစ်တဲ့ နေ့လယ်ပိုင်းကျမှ ကွယ်လွန်နေတာ
ကို တွေ့ရှိခဲ့တယ်လို့ ဗန်ကူဗာမြို့မှ ရဲတွေက ပြောပါတယ်။

ရဲဝန်ထမ်းတွေ အခင်းဖြစ်တဲ့နေရာကို ရောက်လာတဲ့အချိန်မှာ သရုပ်ဆောင် ကွယ်လွန်သွားခဲ့တာ
အတော်ကြာနေပြီလို့ သေဆုံးမှုအကြောင်း သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက ပြောကြား
ခဲ့ပါတယ်။

Cory ဟာ Fairmont ဟိုတယ်ကို ဇူလိုင်လ ၆ ရက်က ရောက်ရှိတည်းခိုခဲ့ပြီး ဇူလိုင်လ ၁၃ ရက်နေ့
မှာ ဟိုတယ်ကနေ ပြန်ထွက်ခွာဖို့ စီစဉ်ထားကြောင်း၊ ဗန်ကူဗာမြို့ကို ဘာကြောင့် ရောက်နေတယ်
ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် သူဟာ ကနေဒါနိုင်ငံသားဖြစ်ပြီး ဒီကို မကြာခဏ
လာလည်လေ့ရှိကြောင်းလည်း ရဲတွေက ပြောခဲ့ပါတယ်။

မကွယ်လွန်ခင်တစ်ရက်မှာ Cory ဟာ အခန်းထဲမှာ မိတ်ဆွေတွေနဲ့အတူ ရှိနေခဲ့တာပါ။ ပြီးတော့
မြို့ထဲကို သွားခဲ့ပြီး စနေနေ့ မနက်စောစောပိုင်းမှာတော့ ဟိုတယ်ကို သူတစ်ယောက်တည်း ပြန်လာ
ခဲ့ပါတယ်။

သူဘာကြောင့် ကွယ်လွန် သွားရတာလဲဆိုတာကို "အခုအချိန်မှာ ရှင်းရှင်းလင်းလင်း မသိရသေး
ပေမယ့် ရာဇဝတ်မှုနဲ့ ပတ်သက်ပြီး မသင်္ကာစရာ မတွေ့ရပါဘူး"လို့ ရဲတွေက ပြောပါတယ်။

သူ့ရဲ့အလောင်းကို တနင်္လာနေ့မှာ ရင်ခွဲ စစ်ဆေးခဲ့ပါတယ်။ သရုပ်ဆောင်ရဲ့ ကိုယ်စားလှယ်တစ်ဦး
ကတော့ သူကွယ်လွန်သွားတဲ့ သတင်းကြောင့် သူတို့ အံ့ဩသွားပြီး စိတ်မကောင်းလည်း ဖြစ်နေ
ကြပါတယ်လို့ ပြောပါတယ်။

မြို့နှစ်မြို့မှာရှိတဲ့ ပရိသတ်တွေကတော့ သူတို့ အချစ်တော် ကိုရီမွန်တေ အပေါ်ထားရှိတဲ့ ချစ်ခြင်း
မေတ္တာကို ပြသခဲ့ကြပါတယ်။

ပရိသတ်တွေဟာ သူ့အတွက် ၀မ်းနည်းခြင်းအမှတ်တရအဖြစ် ဖယောင်းတိုင်တွေ၊ ပန်းတွေ၊
ဓာတ်ပုံတွေနဲ့ အမှတ်တရစာသားတွေကို Glee ဇာတ်လမ်းရိုက်ကူးခဲ့ရာ အမေရိကန်နိုင်ငံ၊
ကယ်လီဖိုးနီးယားမြို့မှာရှိတဲ့ ပါရာမောင့် စတူဒီယိုရှေ့မှာ လာချထားကြပါတယ်။

သူ့အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်ပွဲ နောက်တစ်ပွဲကိုတော့ သူကွယ်လွန်နေတာကိုတွေ့ရှိခဲ့တဲ့
ဟိုတယ်ရှေ့မှာ ကျင်းပခဲ့ပါတယ်။

(တီအမ်ဇက်)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး