စင်မြင့်ထက်မှာ လက်မောင်းက ပတ်တီးကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့တဲ့ မာရီယာကာရေး

စင်မြင့်ထက်မှာ လက်မောင်းက ပတ်တီးကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့တဲ့ မာရီယာကာရေး

အဆိုတော် မာရီယာကာရေး တစ်ယောက် ပြီးခဲ့တဲ့ စနေနေ့က နယူးယော့ခ်မှာ ကျင်းပခဲ့တဲ့ MLB All-Star ရန်ပုံငွေဖျော်ဖြေပွဲမှာ ၀တ်ဆင်ခဲ့တဲ့ ဖက်ရှင်ကြောင့် လူပြောများခဲ့ပါတယ်။

အဆိုတော် မာရီယာကာရေး တစ်ယောက် ပြီးခဲ့တဲ့ စနေနေ့က နယူးယော့ခ်မှာ ကျင်းပခဲ့တဲ့ MLB
All-Star ရန်ပုံငွေဖျော်ဖြေပွဲမှာ ၀တ်ဆင်ခဲ့တဲ့ ဖက်ရှင်ကြောင့် လူပြောများခဲ့ပါတယ်။

လူပြောများတယ်ဆိုပေမယ့် အကောင်းလို့တော့ မထင်လိုက်ပါနဲ့။ တော်တော့်ကို စိတ်ညစ်စရာ
ကောင်းတဲ့ ဖက်ရှင် ဒီဇိုင်းပါပဲ။

ဒီလအစောပိုင်းမှာ ဂီတဗီဒီယို တစ်ခုအတွက် ရုပ်ရှင်ရိုက်ကူးစဉ် လက်မောင်းအဆစ် လွဲသွားတာ
ကြောင့် စင်မြင့်ထက်မှာ လည်သိုင်းပတ်တီး ပတ်ပြီး ဖျော်ဖြေရမှာကို မဝံ့မရဲဖြစ်နေတဲ့ မာရီယာဟာ
သူ့ရဲ့လက်မောင်းက ပတ်တီးကို ဒီဇိုင်းထွင်ထားတဲ့ ဖက်ရှင်ပစ္စည်းတွေနဲ့ ဖုံးကွယ်ဖို့ ကြိုးစားခဲ့ပါ
တယ်။

ဒါပေမဲ့ သူ့ရဲ့ကြိုးပမ်းမှုက အောင်မြင်မှုမရရှိခဲ့ပါဘူး။

ဖျော်ဖြေပွဲမှာ ၀တ်စုံသုံးစုံ လဲဝတ်ခဲ့ပြီး သုံးစုံစလုံးမှာ စူပါဟီးရိုးရဲ့ ငှက်မွေး တောင်ပံအကျႌလက်နဲ့
နားကျပ်တံအကြီးစားနဲ့ ဆင်တူတဲ့ ပစ္စည်းအပါအဝင် သူပတ်ထားတဲ့ ပတ်တီးကို ဖျောက်ပေးနိုင်တဲ့
အဆင်အယင်တွေ ပါ၀င်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ပတ်တီးကို ဖုံးကွယ်ထားတဲ့ ဖက်ရှင်ပစ္စည်းတွေဟာ ဒဏ်ရာကို လူတွေ သတိမထား
မိအောင် အာရုံမလွဲနိုင်တဲ့အပြင် ပိုပြီးတော့တောင် ထင်ရှားသွားစေပြီး လူဟားစရာတောင် ဖြစ်ခဲ့
ရပါတယ်။

(တီအမ်ဇက်)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး