သရုပ်ဆောင် မေဇွန်ကို ထောင်ဒဏ်ကိုးနှစ်နဲ့ လေးလ ချမှတ်လိုက်ပြီ

သရုပ်ဆောင် မေဇွန်ကို ထောင်ဒဏ်ကိုးနှစ်နဲ့ လေးလ ချမှတ်လိုက်ပြီ

နေအိမ်မှာ အလုပ်လုပ်တဲ့ အိမ်ဖော် အလုပ်သမလေးကို ညှဉ်းပန်းနှိပ်စက်မှု၊ သေစေမှုတို့ဖြင့် တရားစွဲဆိုခံထားရတဲ့ တက်သစ်စ မင်းသမီး မေဇွန်ရဲ့ အမှုဟာ တစ်နှစ်နီးပါးကြာပြီးတဲ့နောက် လူအများ မေ့သလောက်ရှိနေချိန်မှာ တရားရုံးကနေ ပြစ်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။

နေအိမ်မှာ အလုပ်လုပ်တဲ့ အိမ်ဖော် အလုပ်သမလေးကို ညှဉ်းပန်းနှိပ်စက်မှု၊ သေစေမှုတို့ဖြင့်
တရားစွဲဆိုခံထားရတဲ့ တက်သစ်စ မင်းသမီး မေဇွန်ရဲ့ အမှုဟာ တစ်နှစ်နီးပါး ကြာပြီးတဲ့နောက်
လူအများ မေ့သလောက်ရှိနေချိန်မှာ တရားရုံးကနေ ပြစ်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။

အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ မေဇွန်ကို ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် တရားရုံးက ပြီးခဲ့တဲ့ ဇွန်လ
၂၀ ရက်နေ့က ပြစ်မှုသုံးမှုဖြင့် စုစုပေါင်း ထောင်ဒဏ် ကိုးနှစ်နဲ့ လေးလ ချမှတ်လိုက်ပြီဖြစ်တယ်လို့
ကမာရွတ်မြို့နယ်ရဲစခန်းမှ ဒုရဲအုပ် မြတ်မင်းအောင်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ကျခံရတဲ့အမှုတွေကို အနောက်ပိုင်းခရိုင်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက "ပုဒ်မ ၃၀၂ (၂)
လူသတ်မှုအတွက် ထောင်ဒဏ် ကိုးနှစ်၊ ပုဒ်မ (၃၄၂) မတရားချုပ်နှောင်မှုအတွက် ထောင်ဒဏ်
သုံးလနဲ့အတူ ပုဒ်မ (၃၂၃) နာကျင်စေမှုအတွက် ထောင်ဒဏ် တစ်လ ကျခံရန် အမိန့်ချမှတ်လိုက်
တာပါ" လို့ ရှင်းပြပါတယ်။

ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလအတွင်းမှာ အမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ပုသိမ်သူ မေဇွန်ဟာ ရန်ကုန်မှာ
အနုပညာအလုပ်တွေ လုပ်ကိုင်ဖို့အတွက် ကမာရွတ်မြို့နယ်ရှိတိုက်ခန်းမှာ အိမ်အကူ မိန်းကလေး
နှစ်ယောက်နဲ့ အတူနေထိုင်နေစဉ် မနုနုလွင် (၁၈ နှစ်)ကို ညှဉ်းပန်းနှိပ်စက်ပြီးနောက် တိုက်ခန်း
တွင်းရှိ အိပ်ခန်းထဲမှာ ပိတ်လှောင်ခဲ့ပြီး စက်တင်ဘာ ၈ ရက်နေ့မှာတော့ နောက်အိမ်အကူဖြစ်သူ
မဇင်ဇင်ထိုက်နဲ့ သူ့ရဲ့မွေးရပ်ဖြစ်တဲ့ ပုသိမ်ကို ထွက်ခွာသွားခဲ့ပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့မှာ ရန်ကုန်ကို ပြန်လည်ရောက်ရှိခဲ့ပြီး အိပ်ခန်းအတွင်းမှ နုနုလွင်ရဲ့
ပုပ်ဆွေးနေပြီဖြစ်တဲ့ အလောင်းကို တွေ့မြင်ရာ ရဲစခန်းကို ဖုန်းဆက် အကြောင်းကြားခဲ့တယ်လို့
ကမာရွတ်ရဲစခန်းမှ ပြောပြချက်အရ သိရှိရပါတယ်။

အဲဒီနောက်မှာတော့ ရဲဘက်က လိုအပ်တဲ့ စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ပြီး မေဇွန်ရဲ့ အိမ်နီးချင်းများနဲ့
အိမ်အကူ ဇင်ဇင်ထိုက်တို့ရဲ့ ထွက်ဆိုချက်များအရ မေဇွန်ဟာ အိမ်အကူများကို မကြာခဏ နှိပ်စက်
လေ့ရှိပြီး တစ်ခါတစ်ရံ အိမ်အကူတွေရဲ့ ၀မ်းဗိုက်ပေါ်ကို တက်ခုန်လေ့ရှိကာ တစ်မီတာရှည်တဲ့
တုတ်နဲ့လည်း ရိုက်လေ့ရှိကြောင်း ထွက်ဆိုခဲ့တယ်လို့လည်း သိရပါတယ်။

မေဇွန်ဟာ MRTV-4 မှာ လတ်တလော ပြသနေတဲ့ မြန်မာဇာတ်လမ်းတွဲ "Flowers and
Butterflies" မှာ ခေါင်းဆောင်မင်းသမီးများထဲမှ တစ်ဦးအဖြစ် ပါ၀င်သရုပ်ဆောင်ရမှာဖြစ်ကြောင်း
မီဒီယာများမှာ ဖော်ပြခဲ့ပြီး လူသတ်မှုဖြစ်စဉ်ဟာ ဇာတ်လမ်းမရိုက်ကူးခင် အချိန်အတွင်းမှာ
ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး