အာရှနိုင်ငံတကာ ကလေးများ ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ပါ၀င်တက်ရောက်လိုတဲ့ ကလေးများကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တစ်ဆင့် ဖိတ်ခေါ်နေပါတယ်။
အာရှနိုင်ငံတကာ ကလေးများ ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ပါ၀င်တက်ရောက်
လိုတဲ့ ကလေးများကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တစ်ဆင့်
ဖိတ်ခေါ်နေပါတယ်။
နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ ဒီရုပ်ရှင်ပွဲတော်ကို ဂျပန်နိုင်ငံ မီနာမီအာဝါဂျီ မြို့မှာ ကျင်းပမှာဖြစ်ပြီး
အာရှတစ်ဝန်းရှိ နိုင်ငံတကာကလေးများရဲ့ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ဖန်တီးရိုက်ကူးထားတဲ့ ရုပ်ရှင်
ကားတွေကို ပြသပေးတာ ဖြစ်ပါတယ်။
ဇာတ်ကားတွေ ဖန်တီးပြီး ပါ၀င်ပေးပို့ချင်တယ်ဆိုရင်တော့ ဩဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား
ပြီး ၀င်္ကပါလမ်းမှာရှိတဲ့ ရုပ်ရှင်အစည်းအရုံးကို ပေးပို့ရမှာ ဖြစ်ပါတယ်။
ဒီနှစ် ဇာတ်ကားဖန်တီးဖို့အတွက် ခေါင်းစဉ်က 'နိုင်ထက်စီးနင်း ပြုမူခြင်း' ဖြစ်ပြီး လူအချင်းချင်းပဲ
ြ ဖစ်ဖြစ်၊ တိရစ္ဆာန်လေးတွေပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ ကဏ္ဍတွေက တစ်ဆင့် global
theme တွေအထိ လွတ်လပ်စွာ တွေးခေါ်ဖန်တီးနိုင်တယ်လို့ ရုပ်ရှင်အစည်းအရုံးမှ ဒုဥက္ကဋ္ဌ ဖြစ်တဲ့
ဦးအေးကြူလေးက ပြောပါတယ်။
"နိုင်ငံတစ်နိုင်ငံရဲ့ ဒေသလက်ရာ သုံးမျိုးကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့ လိုက်ဖြစ်စေ ရိုက်ကူးထားပြီး
ဘယ်နေရာမှာမှ မပြသရသေးတဲ့ သုံးမိနစ်စာ(အတိအကျ) ဇာတ်လမ်းတိုဖြစ်ရပါမယ်"လို့ သူက
ဆိုပါတယ်။
ပေးပို့လာတဲ့ ဇာတ်ကားတွေထဲက သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ ကိုက်ညီတဲ့ ဇာတ်ကားတွေ
ကို ဖန်တီးသူ ကလေးတွေကို ဂျပန်နိုင်ငံကို လေ့လာရေးခရီးအဖြစ် အခမဲ့စီစဉ်ပေးပြီး ရုပ်ရှင်ပွဲတော်
ကို တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
အသက် ၁၂ နှစ် ကနေ ၁၈ နှစ်အတွင်း ကလေးများ ကိုယ်တိုင်ဖန်တီးထားတဲ့ ဇာတ်ကားများကို
ပါ၀င်ပေးပို့နိုင်ပြီး ပြီးခဲ့တဲ့နှစ်က ဇာတ်ကားတွေ ဖန်တီးပေးပို့ခဲ့သူ ကလေးအများစုဟာ အနုပညာရှင်
တွေရဲ့ ရင်သွေးတွေ ဖြစ်နေကြတယ်လို့လည်း ဆိုပါတယ်။
"ကလေးတွေအတွက် အခုလို ပွဲတော်တွေ ကျင်းပပေးတဲ့အတွက် ကလေးတွေရဲ့အတွေးအခေါ်ကို
ပိုကောင်းစေပါတယ်။ ပြီးတော့ နိုင်ငံတကာကလာတဲ့ ကလေးတွေနဲ့ ဆက်ဆံကြရတဲ့အတွက်
အသက်ငယ်ငယ်လေးနဲ့ နိုင်ငံတကာက အနုပညာအတွေ့အကြံုကိုလည်း ပိုရနိုင်ပါတယ်"လို့
ဦးအေးကြူလေးက ပြောပါတယ်။
"အရင်နှစ်က ရုပ်ရှင်အစည်းအရုံးရဲ့ အကဲဖြတ်ဒိုင်လူကြီးအဖွဲ့က ရွေးချယ်ထားတဲ့ အကောင်းဆုံး
ဆုရ ပထမ၊ ဒုတိယ၊ တတိယရတဲ့ ကလေးသုံးယောက်ပဲ လိုက်ခွင့်ရှိတယ်ထင်လို့ သုံးယောက်ပဲ
ပို့လိုက်တာ။ ဒီနှစ်ကျတော့ တစ်ဖွဲ့ကို သုံးယောက်နဲ့ အကောင်းဆုံးဆုရ သုံးဖွဲ့အပြင် သူတို့ကို
ခေါင်းဆောင် လုပ်ပေးမယ့် ခေါင်းဆောင် တစ်ယောက်ရယ်၊ ၁၀ ယောက် လိုက်လို့ရတယ်လို့
သိရတယ်"လို့လည်း ပြောပါတယ်။















