အက်ဖ်အမ် ရေဒီယို အသံလွှင့်ဌာနတွေကနေ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ရော၊ ၀မ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ပါ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေအပြင် သီချင်းတွေကိုပါ ဇူလိုင်လ ၁၉ ရက်နေ့မှာ တစ်နေ့လုံး ထုတ်လွှင့်တင်ဆက်ပေးသွားကြမှာ ဖြစ်ပါတယ်။
အက်ဖ်အမ် ရေဒီယို အသံလွှင့်ဌာနတွေကနေ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်
ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ရော၊ ၀မ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ပါ
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေအပြင် သီချင်းတွေကိုပါ ဇူလိုင်လ
၁၉ ရက်နေ့မှာ တစ်နေ့လုံး ထုတ်လွှင့်တင်ဆက်ပေးသွားကြမှာ ဖြစ်ပါတယ်။
"ကျွန်တော်တို့ ပုဂံအက်ဖ်အမ်က အာဇာနည်နေ့မှာ သီချင်း ငါးပုဒ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့
အတ္ထုပ္ပတ္တိအကြောင်းကို အသံလွှင့်တင်ဆက်ပေးမယ်။ သီချင်းတွေကို မနက် ၆ နာရီခွဲလောက်
ကတည်းကစပြီး အသံလွှင့်ပေးမယ်။ အတ္ထုပ္ပတ္တိကိုတော့ မနက် ၉ နာရီခွဲကနေ ၁၀ နာရီခွဲကြား
ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်"လို့ ပုဂံအက်ဖ်အမ်မှ ဦးဇော်ဝင်းထွဋ်က မြန်မာတိုင်း(မ်)ကို
ပြောပါတယ်။
အဆိုတော် ခင်ညွန့်ရည်ရဲ့ 'အာဇာနည်သူရဲကောင်း ဗိုလ်အောင်ဆန်းသီချင်း'ကို အဖွင့်သီချင်းအနေ
နဲ့ စတင်ထုတ်လွှင့်ပေးသွားမယ်လို့ဆိုပြီး ငါးပုဒ်မြောက် နောက်ဆုံးသီချင်းကိုတော့ (ဒေါ်)မေလှမြိုင်
သီဆိုထားတဲ့ 'အလေးပြုပါတယ်' သီချင်းနဲ့ ဗိုလ်ချုပ်ကို အလေးပြုပြီး ဗိုလ်ချုပ်အကြောင်းပြောပြတဲ့
စကားဝိုင်းလေးကိုလည်း စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။
ချယ်ရီ အက်ဖ်အမ်ရဲ့ အာဇာနည်နေ့ အထူးအစီအစဉ်တွေထဲက တစ်ခုကတော့ လူငယ်တွေရဲ့
အာဇာနည်နေ့အပေါ်ထားရှိတဲ့ အမြင်တွေကို မေးမြန်းဆွေးနွေးပြီး ထုတ်လွှင့်ပေးမယ့်အစီအစဉ်ပဲ
ဖြစ်ပါတယ်။
"လူကြီးတွေက လူငယ်အများစုကို အာဇာနည်နေ့နဲ့ ပတ်သက်ပြီး သိပ်အလေးထား ဂရုမစိုက်ကြ
ဘူးလို့ သူတို့က ထင်ကြတယ်။ တကယ်တော့ အာဇာနည်နေ့နဲ့ ပတ်သက်ပြီး လူငယ်တွေရဲ့ ရင်ထဲ
မှာ အာဇာနည်နေ့ရှိတဲ့အကြောင်းကို လူငယ်တွေနဲ့အတူ အသံလွှင့်ပေးမယ့် အစီအစဉ်ဖြစ်ပါတယ်"
လို့ ချယ်ရီအက်ဖ်အမ်မှ အထွေထွေမန်နေဂျာ ဦးသန်းဇော်ထွေးက ပြောပါတယ်။
အစီအစဉ်တွေကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်သူရဲကောင်းတွေ ကျဆုံးတဲ့ မနက် ၁၀ နာရီ၊
၃၇ မိနစ် အချိန်မှာ စတင်ထုတ်လွှင့်ပေးသွားမှာဖြစ်ပြီး သီချင်းတွေနဲ့ အာဇာနည်နေ့အမှတ်တရ
အကြောင်းအရာတွေကို တစ်လှည့်စီ အသံလွှင့်ပေးသွားမှာ ဖြစ်ပါတယ်။
စီးတီးအက်ဖ်အမ်၊ ရွှေအက်ဖ်အမ်၊ ပတ္တမြားအက်ဖ်အမ်၊ မန္တလေးအက်ဖ်အမ် စတဲ့ရေဒီယိုအသံလွှင့်
ဌာနတွေကလည်း ဇူလိုင် ၁၉ ရက်နေ့မှာ အာဇာနည်နေ့ အထူးအစီအစဉ်တွေကို ထုတ်လွှင့်
တင်ဆက်ကြမှာ ဖြစ်ပါတယ်။
အာဇာနည်နေ့ အထူးအစီအစဉ်များကို ပုဂံအက်ဖ်အမ် ရေဒီယိုကနေ ၂၀၀၉ ခုနှစ်ကတည်းက
ထုတ်လွှင့်ခဲ့တာကြောင့် လေးနှစ်ရှိပြီလို့သိရပြီး ချယ်ရီ အက်ဖ်အမ်ကတော့ ၂၀၁၂ ခုနှစ်ကတည်းက
အသံလွှင့်တာလို့ သိရပါတယ်။
"ပြီးခဲ့တဲ့နှစ်က ပရိသတ်တွေကလည်း နားထောင်ရတာ ကြိုက်နှစ်သက်ကြတယ်လို့ သိရပါတယ်။
အာဇာနည်နေ့ အသံလွှင့်တင်ဆက်တာနဲ့ ပတ်သက်ပြီး အစိုးရက အသံလွှင့်ပေးပါလို့ မပြောသလို
မလွှင့်ရဘူးလို့လည်း မပြောပါဘူး။ ကျွန်တော်တို့က အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ လွှင့်တာ
ပါ"လို့ ဦးသန်းထွေးဇော်က ပြောပါတယ်။
ဒီနှစ်မှာ ကျရောက်မယ့် အာဇာနည်နေ့ဟာ (၆၆)နှစ်ပြည့်မြောက်တဲ့နှစ် ဖြစ်ပါတယ်။















