'မိုင်တိုင် ၂၆' ကစလို့ သရဲကားတွေ ပြန်လည် ခေတ်စားလာတော့မလား

'မိုင်တိုင် ၂၆' ကစလို့ သရဲကားတွေ ပြန်လည် ခေတ်စားလာတော့မလား

ဆင်ဆာစနစ် ရှိခဲ့စဉ် ကာလတစ်လျှောက်လုံး စိစစ်ဖြတ်တောက်ခြင်းသိပ်မခံရတဲ့ ကလိထိုးရီရတဲ့ ဟာသဇာတ်ကားတွေနဲ့ အပေါစား ဇာတ်ကားတွေသာ အများစုရုံတင်လာတဲ့အပေါ် ရုပ်ရှင်ကြည့် ပရိသတ်တွေဟာ ငြီးငွေ့လာကြပါပြီ။

ဆင်ဆာစနစ် ရှိခဲ့စဉ် ကာလတစ်လျှောက်လုံး စိစစ်ဖြတ်တောက်ခြင်း သိပ်မခံရတဲ့ ကလိထိုးရီရတဲ့
ဟာသ ဇာတ်ကားတွေနဲ့ အပေါစား ဇာတ်ကားတွေသာ အများစုရုံတင်လာတဲ့အပေါ် ရုပ်ရှင်ကြည့်
ပရိသတ်တွေဟာ ငြီးငွေ့လာကြပါပြီ။

ခုတော့ ခေတ်သစ် စနစ်သစ်မှာ ပရိသတ်တွေကို ခြောက်လှန့်ပြီး စိတ်လှုပ်ရှားစေဖို့အတွက်
နှစ်ပေါင်း ကြာရှည်စွာ ပျောက်ကွယ်နေခဲ့ရတဲ့ သရဲဇာတ်ကားတွေဟာ တစ်ဖန်ပြန်လည်ပြီး ရှင်သန်
ပေါ်ထွက်လာကြပါပြီ။

ထွက်ရှိလာတဲ့ သရဲကားတွေထဲကမှ ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးထားတဲ့ စိတ်လှုပ်ရှားဖွယ်ရာ
'မိုင်တိုင် ၂၆' ဇာတ်ကားကို ရန်ကုန် ဂျန်းရှင်းစကွဲနဲ့ ဂျန်းရှင်းနေပြည်တော်ရှိ ရုပ်ရှင်ရုံတွေမှာ ပြသ
နေပါတယ်။

ဒီဇာတ်ကားဟာ ပြင်ဦးလွင် ခြောက်ထပ်ကွေ့ (မိုင်တိုင် ၂၆)မှာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး
အခင်းဖြစ်ရာကို ရောက်လာတဲ့ အမျိုးသားတစ်စုဟာ ဒဏ်ရာရရှိသူ သားအမိနှစ်ဦးကို ကယ်တင်
ရမယ့်အစား ရွှေငွေပစ္စည်းတွေကို ယူသွားပြီး သတ်ဖြတ်ခဲ့တဲ့ ကြေကွဲဖွယ် ဖြစ်ရပ်မှန်ဇာတ်လမ်းကို
တကယ်ဖြစ်ပွားခဲ့တဲ့ နေရာမှာပဲ ဇာတ်အိမ်တည်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ဇာတ်ကားရဲ့ ထုတ်လုပ်သူလည်း ဖြစ်သလို အဓိကမင်းသမီးနေရာကလည်း ပါ၀င်သရုပ်ဆောင်ထား
တဲ့ ခွန်းဆင့်နေခြည်က ဇာတ်ကား စရိုက်ကူးကတည်းက အခက်အခဲတွေ ကြံုတွေ့ ခဲ့ရပြီး ခုလိုပြီး
မြောက်ဖို့အတွက် အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရတယ်လို့ မြန်မာတိုင်း(မ်)ကို ပြောပါ
တယ်။

"ဇာတ်ကားစရိုက်မယ့် ငါးရက်အလိုမှာ အဲဒီနေရာမှာပဲ တခြားယာဉ်တစ်ဦး တိမ်းမှောက်မှုဖြစ်ပြီး
အသက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ်"လို့ ကြံုရတဲ့ အခက်အခဲတစ်ခုကို ပြောပြပါတယ်။

"တကယ်ဖြစ်ခဲ့တဲ့ နေရာမှာ ရိုက်ကူးတဲ့အတွက်ကြောင့် ပရလောကသားတွေ ရှိနိုင်တဲ့ နေရာလေး
ပေါ့။ အစ်မတို့ ရိုက်ကွင်းမှာ ရိုက်ကူးနေစဉ် ဘုန်းကြီးတစ်ပါးကို ရိုက်ကွင်းထိ ပင့်ခေါ်ပြီး စည်းတား
ပေးတယ်။ ဒါပေမဲ့လည်း ပရလောကသားတွေရဲ့ အထိအတွေ့ လေးကို နည်းနည်းပါးပါးတော့ ခံခဲ့ရ
တယ်။ သူတို့တွေ ဒီအနားဝန်းကျင်မှာ ရှိတယ်ဆိုတဲ့ အရိပ်အယောင်လေးတွေ၊ ခဲလုံးလေးတွေနဲ့
ပေါက်တာတို့၊ ထဘီလေးတွေ၊ ပုဆိုးလေးတွေကို ဆွဲတာတို့၊ အသားတွေကို လာပုတ်တာတို့
ကြံုရတယ်။ ဆိုးဆိုးဝါးဝါးတော့ မခံစားခဲ့ရပါဘူး"လို့လည်း ဇာတ်ကား ရိုက်ကူးစဉ်က ကြံုရတဲ့
အတွေ့အကြံုတွေကို ပြောပြပါတယ်။

သူနဲ့အတူ သူထူးစံနဲ့ ကလေးသရုပ်ဆောင်အဖြစ် အိန္ဒြာမိုးမြင့်တို့က ပါ၀င်သရုပ်ဆောင်ထားပါ
တယ်။

ဇာတ်ကားရဲ့ အရည်အသွေးကောင်းမွန်မှုကို ယုံကြည်တဲ့အတွက်ကြောင့် စင်ကာပူ နိုင်ငံရှိ
ကာသေးရုပ်ရှင်ရုံမှာ သွားရောက်ပြသနိုင်ဖို့ ဆင်ဆာတင်ထားတယ်လို့လည်း ခွန်းဆင့်နေခြည်က
ပြောပြပါတယ်။

"ဆင်ဆာက တစ်လလောက်တော့ စောင့်ရမှာပါ။ ဒီမှာ ရုံတင်တော့လည်း အားပေးမှု တော်တော်ရ
တဲ့အတွက် ၀မ်းသာပါတယ်။ ဇာတ်ကားကို အင်္ဂလိပ် စာတန်းထိုးပြီး ပြသနိုင်ဖို့ အကုန်ဆောင်ရွက်
ပြီးပါပြီ"လို့ သူက ပြောပါ တယ်။

'မိုင်တိုင် ၂၆' ဇာတ်ကားဟာ အရမ်းကြီးခြောက်လှန့်တဲ့ သရဲကားပုံစံမျိုးမဟုတ်ဘဲ ဖြစ်ရပ်တစ်ခုကို
ပုံဖော်ထားတာပါလို့လည်း ဆိုပါသေးတယ်။

"ဇာတ်ကားကိုကြည့်ပြီး ပြန်ထွက်လာတဲ့ သူတွေရဲ့ ရင်ထဲမှာဆို့နစ်ကြေကွဲတဲ့ ခံစားမှုမျိုးကျန်ရစ်ခဲ့
စေမယ့် ဇာတ်ကားပါ"လို့ သူက ဆက်ပြောပါတယ်။

ခုလို သရဲကားဖန်တီးဖို့အတွက် ဒီဇာတ်ကားဟာ ဒါရိုက်တာ မောင်မျိုးမင်းနဲ့ ခွန်းဆင့်နေခြည်တို့
အတွက် ပထမဆုံးသော လက်တွဲမှုတော့ မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ်မှာ 'မိုင်တိုင် ရ၆' ဆိုတဲ့
ဇာတ်ကားကိုလည်း ဖန်တီးခဲ့ကြပေမယ့် အဲဒီဇာတ်ကားကတော့ ဆင်ဆာခွင့်ပြုချက် မရရှိတာ
ကြောင့် တရားဝင်ဖြန့်ချိခွင့် မရရှိခဲ့ပါဘူး။

ဒါပေမဲ့ တရားမဝင် ခိုးကူးခွေရောင်းချသူတွေက သူတို့နည်း သူတို့ဟန်နဲ့ ကူးယူပြီး ရောင်းချနေကြ
တဲ့ ဒီဗီဒီနဲ့ ဗီစီဒီခွေတွေကို လမ်းဘေးဆိုင်တွေမှာ တွေ့နေရတယ်လို့ ခွန်းဆင့်နေခြည်က ပြောပြ
ပါတယ်။

အဲဒီဇာတ်ကားကို သရဝဏ်ရုပ်ရှင် ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး တွဲဖက်သရုပ်ဆောင်
အဖြစ် သူထူးစံကပဲ ပါ၀င်ထားပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး