တစ်ခေတ်တစ်ခါက သဘင်လောကမှာ နာမည်ကျော်ကြားပြီး ယနေ့ထိလည်း ဂုဏ်သတင်းကြီးဆဲဖြစ်တဲ့ အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်ရဲ့ ကပြဖျော်ဖြေဟန်တွေကို စင်မြင့်ပေါ်မှာ ပြန်လည်ကြည့်ရှုခံစားကြရတော့မှာ ဖြစ်ပါတယ်။
တစ်ခေတ်တစ်ခါက သဘင်လောကမှာ နာမည်ကျော်ကြားပြီး ယနေ့ထိလည်း ဂုဏ်သတင်းကြီးဆဲ
ဖြစ်တဲ့ အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်ရဲ့ ကပြဖျော်ဖြေဟန်တွေကို စင်မြင့်ပေါ်မှာ ပြန်လည်
ကြည့်ရှုခံစားကြရတော့မှာ ဖြစ်ပါတယ်။
သဘင်ပညာရှင်ကြီးရဲ့ အနုပညာနှစ်(၈၀)ပြည့် အထိမ်းအမှတ်အဖြစ် သူ့ရဲ့မျိုးဆက်များက ဦးစီး
ကျင်းပမယ့် လင်္ကာအလွမ်းမှတ်တမ်းဖျော်ဖြေပွဲကို လာမယ့် ဩဂုတ်လ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့
တွေမှာ သဘင်ပညာရှင်များနဲ့အတူ ရုပ်ရှင်နဲ့ ဂီတနယ်ပယ်မှ အနုပညာရှင်များလည်း ပါ၀င်ပြီး
အမျိုးသားဇာတ်ရုံကြီးမှာ တင်ဆက်သွားမှာ ဖြစ်ပါတယ်။
"ဖေဖေရဲ့ အမှတ်တရပွဲအတွက် တခြားဇာတ်အဖွဲ့က ပညာရှင်တွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။
ကျွန်တော်တို့ မိသားစုချည်း ဖျော်ဖြေတာမျိုးမဟုတ်ဘဲ ပရိသတ်ကို အနုပညာရှင်အစုံနဲ့ ဖျော်ဖြေ
ပေးချင်လို့ပါ" လို့ ရွှေမန်းတင်မောင်ရဲ့ သားတစ်ဦး ဖြစ်တဲ့ ဦးဝင်းမောင်က မြန်မာတိုင်း(မ်)ကို
ပြောပါတယ်။
ရွှေမန်းတင်မောင်ဟာ ၁၉၃၂ ခုနှစ်မှာ ရွှေမန်းဇာတ်သဘင်ကို မန္တလေးမြို့ မှာ စတင်တည်ထောင်
ခဲ့တာဖြစ်ပြီး ပရိသတ်ရဲ့အားပေးမှုကို အရယူနိုင်ခဲ့ကာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာဖြစ်ပါ
တယ်။
ယင်းနေ့ပွဲမှာ အထူး တင်ဆက်မှုအနေနဲ့ အလင်္ကာကျော်စွာ ဦးရွှေမန်းတင်မောင် နောက်ဆုံးကပြ
ဖျော်ဖြေခဲ့တဲ့ နှစ်ပါးခွင်ကိုလည်း ပြန်လည်တင်ဆက်သွားမယ်လို့ သိရပါတယ်။
နှစ်ရက်ကျင်းပမယ့် ပွဲကြီးမှာ ရွှေမန်းမျိုးဆက်များ ဖြစ်ကြတဲ့ ညွန့်ဝင်း၊ ၀င်းဗိုလ်၊ ဆန်းဝင်း၊
၀င်းမောင်၊ ချမ်းသာ၊ ကျော်ကျော်ဗို၊ တင်မောင်ဆန်းမင်းဝင်း တို့နဲ့အတူ တခြားသဘင်ပညာရှင်များ
ဖြစ်တဲ့ နန်းဝင်း၊ သိန်းဇော်(မန္တလေး)၊ အောင်ကိုဝင်း၊ မိုးဝင်း၊ မိုးမင်း၊ ဖိုးချစ်၊ ဟန်ဇာမိုးဝင်း၊ စွမ်း၊
စီစီစိန်၊ ဌေးဌေးစိန်၊ နန်းခင်မွှေး၊ တင်ဇာမိုးဝင်း၊ သူသူနန်းဝင်း၊ ခိုင်သဇင်သင်း စတဲ့ အနုပညာရှင်တွေ
ပါ၀င်ဖျော်ဖြေကြမှာဖြစ်ပါတယ်။
ဒါ့ပြင် ရန်အောင်၊ နေတိုး၊ မင်းသွေး၊ မိုးယုစံ၊ ၀ါဆိုမိုးဦးစတဲ့ ရုပ်ရှင်အနုပညာရှင်များနဲ့အတူ ဂီတ
ပညာရှင်များဖြစ်ကြတဲ့ ဦးမင်းနောင်၊ ရီရီသန့်၊ သန်းမြတ်စိုး၊ ဖိုးသောကြာတို့ကလည်း ဖျော်ဖြေပေး
သွားမှာဖြစ်ပါတယ်။
ရွှေတံဆိပ်ဆုရ ဆိုင်းပညာရှင်များရဲ့ တီးခတ်မှုနဲ့အတူ ရွှေမန်းသဘင်ရဲ့ သားစဉ်မြေးဆက်
လူရွှင်တော်ကြီးများလည်း ပါ၀င်အားဖြည့်ပေးဦးမယ်လို့ သိရပါတယ်။
လက်မှတ်များကိုတော့ ကျပ် ရ,၅၀၀၊ ၂၀,၀၀၀၊ ၃၀,၀၀၀ နဲ့ ကျပ် ၅၀,၀၀၀ နှုန်းတို့ဖြင့် ရောင်းချ
သွားမှာဖြစ်ပါတယ်။
ရွှေမန်းတင်မောင် အမှတ်တရ ဓာတ်ပုံပြခန်းကိုလည်း ပွဲကျင်းပမယ့် နှစ်ရက်မှာ မွန်းလွဲ ၁ နာရီ
ကနေ ညနေ ၅ နာရီအထိ အမျိုးသားဇာတ်ရုံမှာပဲ ဖွင့်လှစ်ပြသသွားမှာ ဖြစ်ပါတယ်။















