ဩစီ Air Supply ဂီတအဖွဲ့ မြန်မာပြည်မှာ ဖျော်ဖြေမည်

ဩစီ Air Supply ဂီတအဖွဲ့ မြန်မာပြည်မှာ ဖျော်ဖြေမည်

ဩစတြေးလျ ဂီတအဖွဲ့ဖြစ်တဲ့ Air Supply ရဲ့ဖျော်ဖြေပွဲကို လာမယ့် ဩဂုတ်လ ၁၅ ရက်နေ့မှာ မင်းဓမ္မလမ်းပေါ်က မြန်မာကွန်ဗင်းရှင်းစင်တာမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဩစတြေးလျ ဂီတအဖွဲ့ဖြစ်တဲ့ Air Supply ရဲ့ဖျော်ဖြေပွဲကို လာမယ့် ဩဂုတ်လ ၁၅ ရက်နေ့မှာ
မင်းဓမ္မလမ်းပေါ်က မြန်မာကွန်ဗင်းရှင်းစင်တာမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီပွဲကို ပုဂံအန်တာတိန်းမန့်နဲ့ ထူးဖောင်ဒေးရှင်းတို့က ပူးပေါင်းစီစဉ်တာ ဖြစ်ပြီး သူတို့ပဲစီစဉ်ခဲ့တဲ့
အရင်နိုင်ငံတကာပွဲဖြစ်တဲ့ Michael Learns to Rock အဖွဲ့ရဲ့ ဖျော်ဖြေပွဲလောက် ဈေးကြီးမှာ
မဟုတ်ဘူးလို့ ထူးဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ဒါပေမဲ့ ကျပ် ၂၅,၀၀၀၊ ၃၀,၀၀၀၊ ၅၀,၀၀၀ နဲ့ ၅၅,၀၀၀ ဆိုပြီး အသီးသီး သတ်မှတ်ထားတဲ့ ဈေးနှုန်း
တွေကတော့ လူအများစုကြည့်ရှု အားပေးနိုင်တဲ့ ပမာဏမဖြစ်နိုင်သေးတာကို တွေ့ရပါတယ်။

တစ်ဖက်ကလည်း ကမ္ဘာသိ အဖွဲ့တစ်ဖွဲ့ကို ဖိတ်ခေါ်ရတဲ့စရိတ်က မနည်းတာကြောင့် ခုလိုမျိုး
လက်မှတ် ဈေးမြင့်နေတာလားလို့ တွေးမိလိုက်ပါတယ်။

လက်မှတ်အားလုံးအတွက် ထိုင်ခုံစီစဉ်ထားမှာဖြစ်ပြီး လက်မှတ်ဝယ်ယူနိုင်မယ့် နေရာတွေကိုတော့
စီစဉ်နေတုန်းပဲ ဖြစ်တာကြောင့် ကြေညာပေးသွားမယ်လို့လည်း ပြောပါတယ်။

မြန်မာတေးချစ်ပရိသတ်တွေကို လာရောက်ဖျော်ဖြေမယ့် ကမ္ဘာကျော် Air Supply အဖွဲ့ဟာ
လက်ရှိမှာ အဖွဲ့ဝင်နှစ်ဦး ပါ၀င်ပြီး Russell Hitchcock က ခေါင်းဆောင်အဆိုတော်ဖြစ်ကာ
Graham Russellက အဆိုတော်၊ ဂစ်တာသမား ဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ ပေါ့ပ်ရော့ခ်နဲ့ ဆော့ဖ်ရော့ခ် ဂီတအမျိုးအစားကို ဖန်းတီးတင်ဆက် သူတွေဖြစ်ပြီး ၁၉၇၅
ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

သူတို့ရဲ့ ပထမဆုံးအခွေဖြစ်တဲ့ "Air Supply" အခွေကိုတော့ ၁၉၇၆ ခုနှစ်မှာ ထုတ်လုပ်ဖြန့်ချိခဲ့တာ
ဖြစ်ပြီး လက်ရှိချိန်ထိ စုစုပေါင်း သီချင်းခွေ ၁၇ ခွေကို ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။

သူတို့ရဲ့ နောက်ဆုံးဖြန့်ချိခဲ့တဲ့ အခွေကတော့ "Mumbo Jumbo" အခွေ ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်မှာ
ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

သူတို့ရဲ့ အရမ်းကို အောင်မြင်ခဲ့ပြီး ကမ္ဘာတစ်ဝန်း လူကြိုက်များတဲ့တေးသီချင်းတွေထဲမှာ "All Out
of Love", "Making Love Out of Nothing At All", "The One That You Love", "The
Power of Love" (You Are My Lady) တေးသီချင်းတွေလည်း ပါ၀င်ပါတယ်။

ဒီအဖွဲ့ကို ရွေးခေါ်ရတဲ့အကြောင်းကို ပုဂံအန်တာတိန်းမန့် မန်နေဂျာ ကိုညီညီက "air supply မှ
ရယ်လို့ မဟုတ်ပါဘူး။ အဓိကကတော့ ဒီအဖွဲ့ ကို သုံးဆယ်ကျော် ၀န်းကျင်တန်း လူတွေက မီခဲ့
တယ်။ အရမ်းကြီး ရှေ့လည်းမကျဘူး နောက်လည်းမကျဘူး။ သူတို့ရဲ့ တချို့သီချင်းတွေကလည်း
ခုထက်ထိ ပေါက်နေတုန်းပဲဆိုတော့ သူတို့ကို ရွေးချယ်ဖြစ်သွားတာပါ။ ဒီကပရိသတ်နဲ့ အံဝင်
ခွင်ကျဖြစ်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ သူတို့သီချင်းတွေကလည်း ဒီကအဆိုတော်
တွေ ပြန်ဆိုထားတာများတယ်လေ။ အခု အသစ်တွေခေါ်ရင်လည်း လူကြီးတွေက သိပ်သိမှာ
မဟုတ်ဘူး"လို့ ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး