ဒီဘက်ခေတ်မှာ အဆိုတော်၊ သရုပ်ဆောင်တွေဟာ အနုပညာအလုပ်တွေလုပ်ရင်း တစ်ဖက်ကလည်း ပုံမှန်ဝင်ငွေရနိုင်မယ့် တခြားစီးပွားရေး လုပ်ငန်းတွေကိုပါ တွဲဖက်လုပ်ကိုင်လာကြတာတွေ အများအပြားရှိလာပါပြီ။
ဒီဘက်ခေတ်မှာ အဆိုတော်၊ သရုပ်ဆောင်တွေဟာ အနုပညာအလုပ်တွေလုပ်ရင်း တစ်ဖက်
ကလည်း ပုံမှန်ဝင်ငွေရနိုင်မယ့် တခြားစီးပွားရေး လုပ်ငန်းတွေကိုပါ တွဲဖက်လုပ်ကိုင်လာကြတာတွေ
အများအပြားရှိလာပါပြီ။
ခုလည်း အကယ်ဒမီ ရန်အောင်၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ မေသ ဉ္ဇာဦးတို့နဲ့ အတူ ဇွဲထန်၊
Super stars မော်ဒယ်အေဂျင်စီမှ ဦးချိုကြီး၊ Goal ဟိုတယ်မှ ဒေါ်မြတ်မြတ်ဦးနဲ့ ရှမ်းရိုးမခရီးသွား
လုပ်ငန်းမှ ဦးလှအေးတို့ ပါ၀င်ပြီး Royal Star Group ဆိုတဲ့ လက်ဆောင်ပစ္စည်း အရောင်းဆိုင်နဲ့
ပွဲစီစဉ်ခြင်းလုပ်ငန်းကို တိုက်(၃၉)၊ အမှတ်(၂)၊ ရွှေအုန်းပင်အိမ်ရာ၊ ရန်ရှင်းလမ်း၊ ရန်ကင်းမြို့နယ်မှာ
ဇူလိုင်လ ၂၇ ရက်နေ့ကစတင်ပြီး ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
မင်္ဂလာပွဲတွေအတွက် မင်္ဂလာဝတ်စုံမှစလို့ ပျားရည်ဆမ်းခရီးအထိ လိုအပ်သည်များကို အစအဆုံး
စီစဉ်ပေးတယ်လို့သိရပြီး တခြားပွဲအမျိုးမျိုးကိုလည်း စီစဉ်ပေးတယ်လို့ သိရပါတယ်။
ပြည်တွင်း ပြည်ပဖျော်ဖြေပွဲတွေ ပြုလုပ်ချင်သူများကိုလည်း ၀န်ဆောင်မှုပေးတယ်လို့ သိရပါတယ်။
၀ါ၀င်လာပြီဆိုတော့ ၀ါကျွတ်မှာ မင်္ဂလာပွဲဆင်နွှဲမယ့်စုံတွဲတွေကို ၀ါတွင်းကာလမှာ ဘယ်လို
အထူးဝန်ဆောင်မှုတွေနဲ့ အကယ်ဒမီသရုပ်ဆာင်တွေ စွဲဆောင်ကြမလဲဆိုတာကိုတော့
စိတ်ဝင်စားစရာပါဘဲ။















