ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ဇာတ်ကားအတွက် ဇာတ်ညွှန်းရေးသားပြီးစီး သွားပြီဖြစ်တာကြောင့် ဇာတ်ကား ရိုက်ကူးပေးမယ့်ကုမ္ပဏီကို တင်ဒါစနစ်နဲ့ ရွေးချယ်သွားမယ်လို့ ရုပ်ရှင်ဖြစ်မြောက်ရေးကော်မတီမှ ကိုဇော်သက်ထွေးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ဇာတ်ကားအတွက် ဇာတ်ညွှန်းရေးသားပြီးစီး သွားပြီဖြစ်တာ
ကြောင့် ဇာတ်ကား ရိုက်ကူးပေးမယ့်ကုမ္ပဏီကို တင်ဒါစနစ်နဲ့ ရွေးချယ်သွားမယ်လို့ ရုပ်ရှင်ဖြစ်
မြောက်ရေးကော်မတီမှ ကိုဇော်သက်ထွေးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
"လောလောဆယ်တော့ ဘယ်ကုမ္ပဏီက တာဝန်ယူ ရိုက်ကူးပေးရမယ်ဆိုတာကို မသိရသေးပါဘူး။
အဲဒီအတွက် တင်ဒါခေါ်ပြီးအောင်တဲ့ ကုမ္ပဏီက ရိုက်ကူးခွင့်ရမှာဖြစ်ပါ တယ်"လို့ ပြောပါတယ်။
ရုပ်ရှင်ဇာတ်ညွှန်းကို ဗိုလ်ချုပ်ရဲ့ ငယ်ဘဝ၊ ကျောင်းသားဘဝ၊ စစ်သား ဘဝနဲ့ နိုင်ငံရေးလုပ်တဲ့ဘဝ
ဆိုပြီး အပိုင်း လေးပိုင်း ခွဲထားကာ စာရေးဆရာ ဒါရိုက်တာ ကြည်စိုးထွန်း၊ စာရေးဆရာ ချစ်ဦးညိုနဲ့
ဇာတ်ညွှန်းဆရာ မြမြင့်မိုရ် တို့က ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။
ဇာတ်လမ်းရဲ့ အဓိက ဇာတ်ဆောင်များ ဖြစ်ကြတဲ့ ဗိုလ်ချုပ်နဲ့ ဗိုလ်ချုပ်ကတော် နေရာအတွက်
သရုပ်ဆောင်များကို ရုပ်ရှင်ဖြစ်မြောက်ရေးကော်မတီက ရွေးချယ်ခဲ့ကြပေမယ့် တခြားသရုပ်ဆောင်
တွေကိုတော့ ရိုက်ကူးမယ့် ကုမ္ပဏီကပဲ ရွေးချယ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်နေရာအတွက် မောင်ကျော်ကျော်မျိုးကို ရွေးချယ်ထားပြီး ဒေါ်ခင်ကြည်နေရာအတွက်
ကိုတော့ မဇာခြည်လင်းနဲ့ မသင်းမြတ်သန္တာလှိုင်တို့ကို ရွေးချယ်ထားပါတယ်။
"ဇာတ်လမ်းမှာ ပါ၀င်သရုပ်ဆောင်မယ့် သရုပ်ဆောင်အရေအတွက်က ၁၀၀ နဲ့ ၁၅၀ ကြားလောက်
လိုအပ်လိမ့်မယ်။ ဇာက်ကားကို ၂၀၁၅ အမီ ရိုက်ကူးပေးရမှာဖြစ်တဲ့အတွက် ၂၀၁၄ ခုနှစ် နှစ်ကုန်
အထိ ရိုက်ကူးဖို့ အချိန်ရပါတယ်"လို့ ကိုဇော်သက်ထွေးက ပြောပါတယ်။
စာရေးဆရာ ချစ်ဦးညိုက (ဦး)ဇာဂနာရဲ့ ကမ်းလမ်းမှုကြောင့် ဗိုလ်ချုပ် ရုပ်ရှင်ဇာတ်ညွှန်းကို ပါ၀င်
ရေးသားခဲ့တာလို့ဆိုပြီး ၁၉၄၅ ခုနှစ် နေသူရိန် ညီလာခံကနေ ဗိုလ်ချုပ်ကျဆုံးချိန်ထိ ရေးရတာပါလို့
ဆိုပါတယ်။
"ဇာတ်ညွှန်းရေးရမယ်ဆိုတော့ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ စာအုပ်တွေ အများကြီးကို ပြန်ရှာဖတ်ရပါ
တယ်။ တချို့စာအုပ်တွေက ဗိုလ်ချုပ်အကြောင်း ကိုယ်တွေ့ကိုရေးထားပေမယ့် တစ်အုပ်နဲ့တစ်အုပ်
မတူတာတွေလည်း တွေ့ရပါတယ်။ အဲဒီအခါကျတော့ သမိုင်းပညာရှင်တွေ စုပြီးရေးထားတဲ့ သမိုင်း
စာအုပ်နဲ့ ပြန်တိုက်ပြီး တူတဲ့ အချက်အလက်တွေကို အတည်ပြုပြီး ရေးရတယ်"လို့ စာရေးဆရာ
ချစ်ဦးညို က ပြောပြပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင်အတွက် ဇာတ်ညွှန်း ပါ၀င်ရေးသားခွင့်ရတဲ့ အတွက်လည်း "ဗိုလ်ချုပ်ရဲ့ ကြီးမားလှတဲ့
ကျေးဇူးကို ကျောက်ခဲတစ်လုံးစာလောက် ပြန်ဆပ်ခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်"လို့ ပြောပါ
တယ်။
ရုပ်ရှင်ကို ဗိုလ်ချုပ်ရဲ့ ဇာတိ နတ်မောက်အပြင် တခြားနေရာများမှာလည်း ရှုတင်တည်ဆောက်ပြီး
ရိုက်ကူးသွားမယ်လို့ သိရပါတယ်။
















