စက်တင်တာလ ၄ ရက်ကနေ ၈ ရက်နေ့အထိ ၀ဇီရာရုပ်ရှင်ရုံမှာ ကျင်းပသွားမယ့် တတိယအကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော်အတွက် ပြိုင်ပွဲဝင်ဇာတ်ကား ၄၃ ကားထဲမှ ဆန်ခါတင် ဇာတ်ကား ၂၀ စာရင်းကို ဩဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
စက်တင်တာလ ၄ ရက်ကနေ ၈ ရက်နေ့အထိ ၀ဇီရာရုပ်ရှင်ရုံမှာ ကျင်းပသွားမယ့် တတိယ
အကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော်အတွက် ပြိုင်ပွဲဝင်ဇာတ်ကား ၄၃ ကားထဲမှ ဆန်ခါတင်
ဇာတ်ကား ၂၀ စာရင်းကို ဩဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
ဆန်ခါတင်ရွေးချယ်ထားတဲ့ ဇာတ်ကားတွေက ရွှန်းလဲ့ရွှေရည် (My Grandfather's House)၊
စိုးမိုးအောင် (Insein Rhythm)၊ ချိုပြံုး (N0, 62 Pansodan street)၊ နန်းမွန်(Yin Craving)၊
ဟန်လင်းအောင် (A Grand Mother)၊ အောင်ကျော်ထွေး (ဟာရွေ့နာရွေ့ချီ)၊ လင်းသက်နောင်
(A Letter From Civil War)၊ ကျော်မျိုးလွင် (Tyres)၊ Ten Man Group (On Hteedan
Road)၊ ၀င်းထွဋ် (Life & Wish)၊ Jai Jai (An Old Man's Homesickness)၊ ဇော်ရဲမြင့်
(All Fishes go to Heaven)၊ မြတ်သူရိန်ဦး (Trapped)၊ မောင်ဆွန်း (Shangri La)၊ တေဇာနဲ့
ဖေမောင်စိမ်း (The River our Ayeyarwaddy)၊ နဒီ (The Spotlight in Darkness)၊ ရှင်ဒေဝီ
(Take Me Home)၊ ခွန်မင်းအုန်း (Kings N Queens)၊ နှင်းအိလှိုင် (The Potter's Song)နဲ့
စိုးမိုးအောင်ရဲ့ (Next Month) တို့ပဲ ဖြစ်ကြပါတယ်။
၀ဿန်ရုပ်ရှင်ပွဲတော်မှာ ဒီဇာတ်ကားတွေထဲကနေ အကောင်းဆုံး ဇာတ်လမ်းတိုဆု၊ အကောင်းဆုံး
မှတ်တမ်းရုပ်ရှင်ဆုနဲ့ အသစ်ဖန်တီး နိုင်ဆုတွေကို ချီးမြှင့်သွားမှာဖြစ်ပြီး ဆုတစ်ဆုအတွက် ငွေသား
ကျပ် ငါးသိန်းနဲ့ ၀ဿန်ရုပ်ရှင်ပွဲတော်ဆု တံဆိပ်တွေကို ချီးမြှင့်သွားမှာဖြစ်ပါတယ်။















