ရုပ်ရှင်ထူးချွန်ဆု အခြေခံစိစစ် အကဲဖြတ်ရေးအဖွဲ့မှာ စာရေးဆရာမနှစ်ဦး ပါ၀င်လာ

ရုပ်ရှင်ထူးချွန်ဆု အခြေခံစိစစ် အကဲဖြတ်ရေးအဖွဲ့မှာ စာရေးဆရာမနှစ်ဦး ပါ၀င်လာ

၂၀၁၂ ခုနှစ်အတွက် ကျင်းပမယ့် အကယ်ဒမီဆုပေးပွဲအတွက် အခြေခံဆု စိစစ်ရေးအဖွဲ့ဝင်များကို ရွေးချယ် ပြီးစီးသွားပြီဖြစ်ရာ စာရေးဆရာမ နှစ်ဦး ဖြစ်တဲ့ နုနုရည် (အင်းဝ)နဲ့ ခင်ပန်နှင်းတို့ ပါ၀င်လာတယ်လို့ သိရှိရပါတယ်။

၂၀၁၂ ခုနှစ်အတွက် ကျင်းပမယ့် အကယ်ဒမီဆုပေးပွဲအတွက် အခြေခံဆု စိစစ်ရေးအဖွဲ့ဝင်များကို
ရွေးချယ် ပြီးစီးသွားပြီဖြစ်ရာ စာရေးဆရာမ နှစ်ဦး ဖြစ်တဲ့ နုနုရည် (အင်းဝ)နဲ့ ခင်ပန်နှင်းတို့ ပါ၀င်
လာတယ်လို့ သိရှိရပါတယ်။

အဖွဲ့ဝင်ပေါင်း ၁၇ ဦးနဲ့ ဇွန်လ ၂၈ ရက်နေ့မှာ စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က
ရုံတင်ပြသခဲ့တဲ့ဇာတ်ကား ၁၇ ကားကို ပထမ အဆင့်အနေနဲ့ ရွေးချယ်နေကြပြီဖြစ် ပါတယ်။

"ဒီနှစ်မှာ ထူးခြားမှုအနေနဲ့ အခြေခံစိစစ်အကဲဖြတ်ရေးအဖွဲ့မှာ မြန်မာ့ရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်
ပညာရှင် ၁၆ ဦးပါ၀င်ပြီး ဌာနဆိုင်ရာက တစ်ဦးသာ ပါ၀င်ပါတယ်။ ဌာနဆိုင်ရာက အဖွဲ့ဝင်က
အကယ်ဒမီအတွက် မဲပေး ရွေးချယ်မှာ မဟုတ်ဘဲ ရုံးလုပ်ငန်းကိုပဲ လုပ်ကိုင်သွားမှာဖြစ်ပြီး
ကျန် ရုပ်ရှင်ပညာရှင် ၁၆ ဦးကသာ ရွေးချယ်သွားမှာပါ"လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ
ဒုတိယဥက္ကဋ္ဌ(၂) ဖြစ်တဲ့ ဦးအေးကြူလေးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ဌာနဆိုင်ရာမှ ပါ၀င်သူတစ်ဦးက မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ ညွှန်ကြားရေးမှူး(စက်မှု) ဦးဝင်းသူဖြစ်ပြီး
တခြား အဖွဲ့ဝင်တွေကတော့ ဒါရိုက်တာ (ဦး)ကြည်စိုးထွန်း၊ ဒါရိုက်တာ (ဦး)သက်မောင်မောင်၊
ဒေါ်သင်းသင်းယု၊ ဦးထွန်းလှိုင်၊ ဦးမောင်မောင်မြင့်၊ ဦးသန်းဝင်း၊ သရုပ်ဆောင် (ဒေါ်)ခင်သီတာထွန်း၊
တည်းဖြတ် ဦးတင်ငြိမ်း၊ ဇာတ်ညွှန်းပညာရှင် ဒေါ်ယဉ်ယဉ်လဲ့နဲ့ ဦးအေးကြူလေး၊ အသံပညာရှင်
ဦးဖိုးထောင်၊ ဦးကြည်မင်းသိန်းနဲ့ တေးဂီတပညာရှင်များ ဖြစ်ကြတဲ့ ဦးတင်ဝင်းလှိုင်နဲ့ ဦးစောနုတို့
ပါ၀င်ကြပါတယ်။

စိစစ်အကဲဖြတ်ရေး အဖွဲ့ဝင်တွေအနေနဲ့ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒီနှစ်မှာ ပိုမိုပြီး အသေးစိတ်
ရွေးချယ်ခွင့်ရရှိလာလို့လည်း ဦးအေးကြူလေးက ပြောပါတယ်။

"ပြီးခဲ့တဲ့နှစ်တွေက အခြေခံအဆင့် စိစစ်တဲ့အခါမှာ ဘုတ်အဖွဲ့က သင့်တင့်တဲ့ ရုပ်ရှင်ကားကောင်း
တွေရဲ့ဘေးမှာ အမှတ်ခြစ်ပေးရတာလောက်ပါပဲ။ ဒီနှစ်မှာတော့ အသေးစိတ်မှတ်ချက်ရေးရပါတယ်။
ဘယ် ဒါရိုက်တာက ဘယ်ကားမှာ ရသင့်သလဲ၊ ဘာကြောင့် သူက အကယ်ဒမီနဲ့ ထိုက်တန်လဲ
ဆိုတာ ဘုတ်အဖွဲ့ဝင်တွေက အသေးစိတ် ရေးပေးရပါတယ်"လို့ ဆိုပါတယ်။

၂၀၁၂ ခုနှစ်အတွင်း ရုံတင် ပြသခဲ့တဲ့ ဇာတ်ကား ၁၇ ကား

၁။ အချစ်ကွိုင်
၂။ မေခင်ကညာ
၃။ ချစ်တယ်ပြောမှ လွှတ်မယ်
၄။ ငါမင်းကို
၅။ လက်ပံ
၆။ မော်ကင်းဥဒါန်း
၇။ သွားလူဆိုး ဒါမျိုးတော့ တတ်တယ်
၈။ နှစ်ပင်လိမ်တဲ့ ရည်းစားစာ
၉။ ဥ
၁၀။ ကယန်းအလှ
၁၁။ အလန်းလွန် အလွန်လန်း
၁၂။ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ
၁၃။ ၀ိုင်းကြီးပတ်ပတ် ဒူဝေဝေ
၁၄။ အမုန်းမီးတောက်
၁၅။ အမွေခံထိုက်သူဖြစ်ပါစေ
၁၆။ ဟတ်ထိတယ်
၁၇။ အထာသစ်နဲ့ နှစ်ခါချစ်မယ်



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး