နိုင်ငံတကာမယ်ပြိုင်ပွဲအတွက် မယ်မြန်မာ ဂုဏ်ရည်အေးကျော် ပြင်ဆင်မှုတွေ ပြုလုပ်နေ

နိုင်ငံတကာမယ်ပြိုင်ပွဲအတွက် မယ်မြန်မာ ဂုဏ်ရည်အေးကျော် ပြင်ဆင်မှုတွေ ပြုလုပ်နေ

မယ်မြန်မာ ၂၀၁၃ ဆုရ ဂုဏ်ရည်အေးကျော်အတွက် ခုချိန်ဟာ သူ့ရဲ့ နိုင်ငံတကာပြိုင်ပွဲကြီးအတွက် ပြင်ဆင်မှုတွေကို အားသွန်ခွန်စိုက် ပြုလုပ်နေရတဲ့ အချိန်ပဲဖြစ်ပါတယ်။

မယ်မြန်မာ ၂၀၁၃ ဆုရ ဂုဏ်ရည်အေးကျော်အတွက် ခုချိန်ဟာ သူ့ရဲ့ နိုင်ငံတကာပြိုင်ပွဲကြီးအတွက်
ပြင်ဆင်မှုတွေကို အားသွန်ခွန်စိုက် ပြုလုပ်နေရတဲ့ အချိန်ပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကိုယ်စားပြုပြီး သူ သွားရောက်ယှဉ်ပြိုင်မယ့် နိုင်ငံတကာမယ်ပြိုင်ပွဲ
(Miss International Contest) ဟာ လာမယ့် အောက်တိုဘာလကုန်ပိုင်းမှာ ဂျပန်နိုင်ငံမှာ
ပြုလုပ်မှာ ဖြစ်တာကြောင့် တစ်စစနဲ့ နီးကပ်လာပြီလည်း ဖြစ်ပါတယ်။

"အခု ဂုဏ်ရည် နေ့တိုင်း လုပ်ဖြစ်နေတာက ခန္ဓာကိုယ်ထိန်းသိမ်းမှုတွေ လုပ်တယ်။ ပြီးတော့
ပြိုင်ပွဲမှာ talent show လည်း ပါတယ်ဆိုတော့ စောင်းတီးတာကို လေ့ကျင့်နေပါတယ်။

သီချင်းအားလုံး သုံးပုဒ်ပြင်ဆင်ထားပြီး မြန်မာ သီချင်းအနေနဲ့ကတော့ နိုင်ငံတော် သီချင်းကို
ပြင်ဆင်ထားပါတယ်။

နောက်နှစ်ပုဒ်ကတော့ အင်္ဂလိပ်သီချင်းတစ်ပုဒ်နဲ့ ဂျပန်မှာ သွားပြိုင်ရမှာဖြစ်တဲ့အတွက် ဂျပန်သီချင်း
တစ်ပုဒ်ကို မြန်မာစောင်းနဲ့ အနီးစပ်ဆုံး သီချင်းရဲ့ သံစဉ်ပေါ်လွင်အောင်တီးဖို့ လေ့ကျင့်ထားပါတယ်"
လို့ ပြိုင်ပွဲအတွက် ပြင်ဆင်နေတာတွေကို ဂုဏ်ရည်အေးကျော်က မြန်မာတိုင်း(မ်)ကို ပြောပြပါ
တယ်။

ပြင်ဆင်မှုတွေ ပြုလုပ်နေစဉ်မှာ အခက်အခဲတချို့လည်း ကြံုတွေ့ရတယ်လို့လည်း ဆိုပါတယ်။

"စောင်းနဲ့ တီးဖို့ ရွေးထားတဲ့ အင်္ဂလိပ်သီချင်းက Savage garden အဖွဲ့ရဲ့  truly madly deeply
သီချင်း။ ခုလေ့ကျင့်နေတာမှာ မူရင်း အသံမထွက်ဘူး ဖြစ်နေတယ်။ ဖြစ်အောင်ကြိုးစားနေပေမယ့်
အဆင်မပြေရင်တော့ နောက်သီချင်း ပြောင်းရလိမ့်မယ်"လို့ ပြောပါတယ်။

ပြိုင်ပွဲမှာ ဘာသာစကားကလည်း အဓိကကျတာကြောင့် သူ့ကို စပွန်ဆာ ပေးထားတဲ့ Education
future generation သင်တန်းကျောင်းက ဆရာမနဲ့ အင်္ဂလိပ်ဘာသာ စကားကိုလည်း လေ့လာ
နေတယ်လို့ ဆိုပါတယ်။

"ပြိုင်ပွဲမှာ အင်တာဗျူးတွေရော၊ အရေးတွေရော ဖြေရမှာဖြစ်လို့ ဂုဏ်ရည် အင်္ဂလိပ်စာကို
အကောင်းဆုံးဖြစ်အောင် သင်ယူနေပါတယ်။ ဂျပန်စကားကတော့ အချိန်လည်းမရတော့ မသင်ဖြစ်
တော့ပါဘူး"လို့ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ဗဟုသုတတွေတော့ ဧည့်လမ်းညွှန် စာအုပ်တွေကနေ လေ့လာထား
တယ်လို့ ပြောပြီး မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဆုတစ်ဆု ပိုင်ဆိုင်ချင်တယ်လို့လည်း ဆိုပါတယ်။

"ကိုယ့်ကိုယ်ကိုယ်အတွက် ဆိုတာထက် မြန်မာအနေနဲ့ သွားရမှာဆိုတော့ မြန်မာနိုင်ငံအတွက်
ဆုတစ်ခုခု ပြန်လိုချင်မိပါတယ်။ ပရိသတ်ပေးမယ့်ဆုကို ယုံကြည်ပြီးသားဖြစ်ပေမယ့် အဲဒီဆုကို
ကျော်လွန်ပြီး ဆန်ခါတင်ထဲ ၀င်သွားတာဖြစ်ဖြစ်၊ မေးခွန်းဖြေခွင့် ရခဲ့တာပဲဖြစ်ဖြစ်၊ ဆုတစ်ခုခု
ရတာပဲဖြစ်ဖြစ် အဲလိုမျိုး မြန်မာနိုင်ငံအတွက် အရမ်း ရချင်ပါတယ်။ ရနိုင်အောင်လည်း ကြိုးစားနေ
ပါတယ်"လို့ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး သူမျှော်လင့်ထားတာတွေကို ပွင့်ပွင့်လင်းလင်းပဲ ပြောပါတယ်။

တစ်ဦးတည်း သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် မိတ်ကပ်ပြင်ဆင်မှုအပိုင်းကို မိတ်ကပ်
ညီညီမောင်(စမ်းချောင်း)က သင်ပေးတယ်လို့လည်း ပြောပြပါတယ်။

"ဟိုမှာက မိတ်ကပ်ပြင်ပေးမယ့်သူတွေ ရှိပေမယ့် မြန်မာဝတ်စုံဝတ်တဲ့အခါကျရင် ဆံထုံး ထုံးတာက
အစ မတူဘူးဆိုတော့ ကိုယ်တိုင်လုပ်ရမှာ ဖြစ်တဲ့အတွက်ကြောင့် ညီညီမောင်(စမ်းချောင်း) က
စပွန်ဆာပေးပြီး သင်ပေးနေတာပါ"လို့ ဂုဏ်ရည်အေးကျော်က ဆိုပါတယ်။

ပြိုင်ပွဲဝင်ဖို့လည်း နှစ်လလောက်အချိန်ရသေးတာကြောင့် ဗိုက်မှာအဆီ နည်းနည်းရှိနေသေးတာကို
စိတ်တိုင်းမကျသေးတဲ့အတွက် လုံးဝမာသွားအောင် အဆီချနေတယ်လို့လည်း ဆိုပါတယ်။

ဒီနှစ်အတွက် နိုင်ငံတကာမယ်ပြိုင်ပွဲမှာ ကမ္ဘာတစ်ဝန်းက အလှမယ်ဦးရေ ၈၀ ခန့် ၀င်ရောက်
ယှဉ်ပြိုင်ကြမှာဖြစ်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲကိုတော့ နိုဝင်ဘာလထဲမှာ ကျင်းပပြုလုပ်သွားမှာ
ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို ၁၉၆၀ ပြည့်နှစ်က စတင်ကာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျင်းပ
ခဲ့တာဖြစ်ပြီး ၁၉၇၂ ခုနှစ်နောက်ပိုင်းကစပြီး ဂျပန်နိုင်ငံမှာ ပြောင်းလဲကျင်းပခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေ နဲ့ ၁၉၆၁ ခုနှစ်တစ်နှစ်တည်းမှာသာ ပါ၀င်နိုင်ခဲ့ပြီး နှစ်ပေါင်း အတော်ကြာပြီး
နောက် ၂၀၁၂ ခုနှစ်မှာ နန်းခင်ဇေယျာ ပါ၀င်ယှဉ်ပြိုင်ခဲ့ပြီး မစ္စအင်တာနက်ဆုနဲ့ ပရိသတ်အကြိုက်
ဆုတွေကို ရရှိခဲ့ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး