မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ သုံးစွဲမှုတို့ဖြင့် ထိန်းသိမ်းခံထားရသည့် သရုပ်ဆောင်ရဲတိုက်၏ ပထမဆုံးရုံးချိန်းကို ဩဂုတ်လ ၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တရားရုံးမှာ ကြားနာစစ်ဆေးသွားမည်ဟု သိရသည်။
မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ သုံးစွဲမှုတို့ဖြင့် ထိန်းသိမ်းခံထားရသည့် သရုပ်ဆောင်ရဲတိုက်၏
ပထမဆုံးရုံးချိန်းကို ဩဂုတ်လ ၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တရားရုံး
မှာ ကြားနာစစ်ဆေးသွားမည်ဟု သိရသည်။
ယင်းရုံးချိန်းတွင် တရားလိုများ၊ သက်သေများနှင့် အမှုစစ်များအား အရင်ဆုံး စစ်ဆေးသွားမည်ဟု
ကျောက်တံခါး ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်းမ်ကို ပြောသည်။
သရုပ်ဆောင်ရဲတိုက်အား ကိုယ်တိုင်ဖမ်းဆီးခဲ့သည့် ရဲအုပ်လှမြင့်ဦးက တရားလိုပြုလုပ်ကာ အမှု
ဖွင့်ပြီး ၊အမှုတည်ဆောက်ကာ ကျောက်တံခါးမြို့နယ်တရားရုံး၌ ဇူလိုင်လ ၂၆ ရက်နေ့က တရားစွဲ
ဆိုခဲ့ခြင်း ဖြစ်သည်။
ရဲတိုက်ကို ကျောက်တံခါးရဲစခန်းက ဇူလိုင်လ ၄ ရက်နေ့၊ ညနေပိုင်းတွင် မူးယစ်ဆေးဝါးလက်ဝယ်
တွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။















