မြန်မာပြည်ကြီး ငြိမ်းအေးစေလိုတဲ့ရည်ရွယ်ချက်နဲ့ ဇာဂနာဦးစီးကျင်းပခဲ့တဲ့ မြန်မာ့ငြိမ်းချမ်းရေး ပွဲတော်

မြန်မာပြည်ကြီး ငြိမ်းအေးစေလိုတဲ့ရည်ရွယ်ချက်နဲ့ ဇာဂနာဦးစီးကျင်းပခဲ့တဲ့ မြန်မာ့ငြိမ်းချမ်းရေး ပွဲတော်

ကချင်စစ်ဘေးဒုက္ခသည်များအတွက် ရန်ပုံငွေရရှိဖို့ ရည်ရွယ်ကျင်းပခဲ့တဲ့ မြန်မာ့ငြိမ်းချမ်းရေးပွဲတော်ကို ရုပ်ရှင်၊ ဂီတ၊ သဘင်နဲ့ လူရွှင်တော် များစွာနဲ့ ပြီးခဲ့တဲ့ဇူလိုင် ၂၇ရက်နဲ့၂၈ ရက်နေ့တွေကသုဝဏ္ဏအားကစားရုံမှာ စည်စည်ကားကား ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကချင်စစ်ဘေးဒုက္ခသည်များအတွက် ရန်ပုံငွေရရှိဖို့ ရည်ရွယ်ကျင်းပခဲ့တဲ့ မြန်မာ့ငြိမ်းချမ်းရေး
ပွဲတော်ကို ရုပ်ရှင်၊ ဂီတ၊ သဘင်နဲ့ လူရွှင်တော် များစွာနဲ့ ပြီးခဲ့တဲ့ဇူလိုင် ၂၇ရက်နဲ့၂၈ ရက်နေ့တွေက
သုဝဏ္ဏအားကစားရုံမှာ စည်စည်ကားကား ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဈေးရောင်းပွဲတွေလဲ ပါ၀င်ခဲ့တဲ့ အဲဒီပွဲတော် ပထမနေ့၊ ၂၇ရက်နေ့မှာတော့ တေးသံရှင် ဇော်ပိုင်၊
မီးမီးခဲ၊ ချစ်သုဝေ၊ Big Bag၊ No U Turn၊ စောဖိုးခွား၊ လွန်းဝါ၊ ချမ်းချမ်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ဗျောက်
အိုး၊Project One တို့က ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ အားမာန်ပြည့်တဲ့ တေးသီချင်းတွေကို
Metal Zone တေးဂီတအဖွဲ့၊ Peace Music Group အဖွဲ့၊ Big Bag အဖွဲ့တိုနဲ့အတူ ဖျော်ဖြေသွား
ခဲ့ပါတယ်။

ပွဲအတွင်းမှာလည်း အလှူငွေများကို လက်ခံသလို ှုSky Net မှ တိုက်ရိုက်လွှင့် ပေးနေတာဖြစ်လို့
ဖုန်းနဲ့တဆင့်လဒါန်းတဲ့သူများလည်း ရှိခဲ့ပြီး ထွန်းဖောင်ဒေးရှင်းဘဏ်၊ ကမ္ဘောဇဘဏ်နဲ့ AGD Bank
တို့နဲ့လည်း ချိတ်ဆက်ထားတာကြောင့် ယင်းဘဏ်များနဲ့ ချိတ်ဆက်လဒါန်းသူများလည်း ရှိခဲ့
ပါတယ်။

အလှူရှင်များထဲတွင် လူတန်းစားပေါင်းစုံမှ လှူဒါန်းခဲ့ကြပြီး မြန်မာမူစလင်ကွန်ယက်မှလည်း
ငြိမ်းချမ်းရေးပွဲတော်အတွက် အလှူငွေများ လဒါန်းခဲ့ပေမယ့် လူရွှင်တော်တချို့ရဲ့ ပြက်လုံးများ
ထဲမှာတော့ တဖက်စောင်းနင်းကျတဲ့ ပြက်လုံးများကို ငြိမ်းချမ်းရေးပွဲတော်မှာ တွေ့မြင်ခဲ့ပါတယ်။

ဖျော်ဖြေပွဲ အစီအစဉ်တွေကြားမှာတော့ အစီအစဉ်တင်ဆက်သူများဖြစ်တဲ့ အရိုင်း၊ ငှက်ပျော်ကြော်
တို့နဲ့အတူ ဇာဂနာတို့က အလရှင်များစာရင်းကို ကြော်ငြာတာက ပွဲကြည့်ပရိသတ်တွေက ပွဲကြည့်
ရတာ အရသာပျက်ပေမယ့် သူတို့ကလည်း ရန်ပုံငွေပွဲပေမယ့် ကြေငြာရတာဖြစ်ပါတယ်။

လူရွှင်တော်များရဲ့ ပြက်လုံးများထဲမှာမှ ပရိသတ်လက်ခုပ်သံ အများဆုံးရခဲ့တာကတော့ သူတို့
ကိုယ်သူတို့ 'ပြည်သူက မွေးဖွားတဲ့အဖွဲ့ပါ' လို့ ပြောခဲ့တဲ့ ဟားငါးကောင်ပါပဲ။ အပြုသဘောဆန်တဲ့
ပြက်လုံးများက တိုင်းရင်းသားစည်းလုံးညီညွှတ်ဖို့ကို အရင်းခံပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းများ
ကို အသံတု၊ ပုံစံတူနဲ့ လုပ်ပြသွားတာကလည်း ပရိသတ်သဘောတွေ့ခဲ့တဲ့ အကြောင်းအရင်းတစ်ခု
ဖြစ်ခဲ့ပါတယ်။

သဘင်ပညာရှင်ဖြစ်တဲ့ မိုးဝင်း၊ မိုးမင်း၊ ဟန်ဇာမိုးဝင်းတို့ကလည်း 'ငြိမ်းချမ်းရေးလိုတယ်' ဆိုတဲ့
သီချင်းကို တိုင်းရင်းသားမျိုးစုံရဲ့ အကများနဲ့ တေးသရုပ်ဖော်အနေနဲ့ ဖျော်ဖြေခဲ့ပြီး 'ငြိမ်းချမ်းရွှေပြည်
ရောဟိဏီ' ဆိုတဲ့ အော်ပရာကိုလည်း နန်းဝင်းက ဦးဆောင်က တင်ဆက်ပြသခဲ့ပါတယ်။

အစီအစဉ်များထဲမှာ သမ္မတကြီး ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အဓိပ္ပါယ်ဖွင့်ဆို
ချက်ပြောစကားကို ဗွီဒီယို Message အနေနဲ့ ပြသခဲ့ပါတယ်။ နောက်ထူးခြားတဲ့ အစီအစဉ်
ကတော့ တစ်ချိန်တစ်ခါက မြန်မာနိုင်ငံမှာ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုကို ကျင်းပခဲ့စဉ်က
သခင်ကိုယ်တော်မှိုင်း ဦးဆောင်မှုဖြင့် အကယ်ဒမီမြတ်လေးရေးသားတဲ့ စန္ဒားချစ်ဆွေက
သံစဉ်ထည့်သွင်းပေးခဲ့ကာ ဦးခင်မောင်လွင်၊ ဦးမင်းနောင်၊ ဦးမောင်မောင်ကြီးနဲ့ ဒေါ်မာမာအေးတို
့သီဆိုခဲ့ကြတဲ့ သီချင်းကို သူတို့ကိုယ်တိုင် ပွဲတွင် ဖျော်ဖြေခဲ့ကြပါတယ်။

နေတိုးနဲ့ သက်မွန်မြင့်တို့ကလည်း ကျော်ကိုကိုရေးစပ်ထားတဲ့ 'ငြိမ်းချမ်းရေးအာသီသ' ဆိုတဲ့
ကဗျာကို ရွတ်ဖတ်ပြခဲ့ပါတယ်။ ဇာတ်မင်းသားဖိုးချစ်ကလည်း 'ငြိမ်းချမ်းရေး နှစ်ပါးခွင်'ကို ကပြ
ဖျော်ဖြေခဲ့ပြီး အဲ့နောက်မှာတော့ မင်းမော်ကွန်း၊ ဖြိုးငွေစိုး၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ မိုးပြည့်ပြည့်
မောင်၊ မိုးယုစံနဲ့ ယွန်းရွှေရည်တို့ အဓိကပါ၀င်ထားတဲ့ စစ်ပွဲတွေရဲ့ကြားမှာ ပြည်သူနဲ့ ကလေးသူ
ငယ်များသာ မြေစာပင်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းကို ဖော်ဆောင်တဲ့ 'မြေစာပင်' ပြဇာတ်ကို
ဖျော်ဖြေခဲ့ပါတယ်။

၂၈ရက်နေ့မှာတော့ ပြည်သူကြိုက် အဖွဲ့နဲ့အတူ လေးဖြူ၊ အငဲ၊ မျိုးကြီးနဲ့ ၀ိုင်းဝိုင်းတို့က သူတို့ရဲ့
အောင်မြင်ခဲ့တဲ့ သီချင်းတွေနဲ့ဖျော်ဖြေခဲ့တဲ့အပြင် ဇာဂနာဦးဆောင်တဲ့ မြပုဏ္ဏအဖွဲ့ကလည်း ဖျော်
ဖြေပေးခဲ့ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး