အော်ပရာဝင်းဖရေးကို သူမ ပိုင်ဆိုင်တဲ့ အော်ပရာမဂ္ဂဇင်းရဲ့ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ထုတ်မှာ အံ့အားသင့်ဖွယ် တွေ့ကြရပါတယ်။
အော်ပရာဝင်းဖရေးကို သူမ ပိုင်ဆိုင်တဲ့ အော်ပရာမဂ္ဂဇင်းရဲ့ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ထုတ်မှာ
အံ့အားသင့်ဖွယ် တွေ့ကြရပါတယ်။
မဂ္ဂဇင်းမျက်နှာဖုံး တစ်ခုလုံးနီးပါး ဖုံးလွှမ်းထားတဲ့ ယက်တောင်သဏ္ဍန် ဖောင်းဖောင်းကားကား
ဆံပင်အုံကြီးနဲ့ နာမည်ကျော် အစီအစဉ်တင်ဆက်သူ ၀င်းဖရေးရဲ့ ပုံစံကို တွေ့မြင်လိုက်ရသူတွေဟာ
ပါးစပ်အဟောင်းသား ဖြစ်သွားကြပါတယ်။
ပုံရဲ့ဘေးမှာတော့ စက်တင်ဘာလထုတ် မဂ္ဂဇင်းမှာ တင်ဆက်ပေးထားတဲ့ အဓိကအကြောင်းအရာ
ဖြစ်တဲ့ 'ဆံပင်အကြောင်း ပြောရအောင်' ဆိုတဲ့ စာတန်းလေးကို အနက်ရောင်နဲ့ ခရမ်းရောင်စာလုံး
တွေနဲ့ ဖော်ပြထားပါတယ်။
လည်ပင်းဟိုက်ဟိုက် လိမ္မော်ရောင်ဝတ်စုံကို ၀တ်ဆင်ထားတဲ့ဝင်းဖရေးဟာ ရွှေရောင်နားဆွဲ၊
ခရမ်းနီရောင် လက်ကောက်၊ လက်စွပ်နဲ့ ဆံပင်အုံပွကြီးကို နောက်လှန်ထိန်းပေးထားတဲ့ အရောင်
တလက်လက်တောက်နေတဲ့ ခေါင်းစည်း စတာတွေကိုလည်း တွဲဖက် ဆင်ယင်ထားပါတယ်။
(အီးအွန်လိုင်း)
















