ဂီတမိတ်မှာ ပညာသင်ဆု လျှောက်ထားနိုင်

ဂီတမိတ်မှာ ပညာသင်ဆု လျှောက်ထားနိုင်

ဂီတမိတ် သင်တန်းကျောင်းမှ ပါရမီရှိပြီး ကြိုးစားအားထုတ်ချင်တဲ့ ဂီတ ၀ါသနာရှင်များကို ဂီတပညာသင်ဆုများ ပေးအပ်လျက် ရှိပါတယ်။

ဂီတမိတ် သင်တန်းကျောင်းမှ ပါရမီရှိပြီး ကြိုးစားအားထုတ်ချင်တဲ့ ဂီတ ၀ါသနာရှင်များကို ဂီတ
ပညာသင်ဆုများ ပေးအပ်လျက် ရှိပါတယ်။

အရင်နှစ်တွေက နယ်ကလူတွေကိုသာ ပေးအပ်ခဲ့ပေမယ့် ဒီနှစ်မှစပြီး ရန်ကုန်မှ လျှောက်ထားသူ
တွေကိုလည်း လက်ခံပေးနေတယ်လို့ ဂီတမိတ် သင်တန်းကျောင်းမှ ဒါရိုက်တာဖြစ်တဲ့ ကိုမိုးနိုင်က
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"ရန်ကုန်က လူတွေအတွက်ကတော့ နေရေး၊ စားရေး မပါဘူး။ သင်တန်းကိုပဲ အခမဲ့ တက်ရောက်
ခွင့်ပေးတာပေါ့၊ နယ်ကလူတွေ အတွက်ကတော့ အချိန်ပြည့်ပါ။ နေတာ၊ စားတာကအစ သင်တန်း
က ထောက်ပံ့ပေးတာပါ။ ဒါပေမဲ့ သူတို့က ဒီသင်တန်းမှာ အချိန်ပြည့် စိတ်နှစ်ထားဖို့တော့လိုတယ်။
တခြားဟာ လုပ်လို့မရဘူး" လို့ပြောပါတယ်။

ခုလိုပညာသင်ဆုပေးရတဲ့ ရည်ရွယ်ချက်ဟာလည်း တကယ့်ကို ထူးချွန်ပြီး ဂီတကို စိတ်ဝင်စား
ပေမယ့် သင်တန်းတက်ရောက်ဖို့အခက် အခဲရှိသူတွေအတွက် ရည်ရွယ်တာဖြစ်တယ်လို့လည်း
ဆိုပါတယ်။

"ကျွန်တော်တို့ သင်တန်းကျောင်းမှာ စကောလားရှစ် ကျောင်းသား၊ ကျောင်းသူတွေအတွက် ရန်ပုံ
ငွေရှိနေတယ်။ နေရာလွတ်နေတဲ့ အချိန်မျိုးဆို ဘယ်သူမဆိုတွေ့ပြီး အကဲဖြတ်ပြီးတော့ စဉ်းစား
ပေးမယ်"လို့ ကိုမိုးနိုင်က ပြောပါတယ်။

သင်တန်း တက်ရောက်လိုသူတွေအနေဖြင့် သင်တန်းသို့ လူကိုယ်တိုင် သွားရောက်ပြီး ကိုယ့်
အရည်အချင်းကို ထုတ်ဖော်ပြသကြရမှာဖြစ်ပြီး သင်တန်းက ဆရာ၊ ဆရာမတွေက စိတ်တိုင်းကျ
တယ်ဆိုရင် ပညာသင်ဆုရနိုင်မှာ ဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ ဂီတမိတ် သင်တန်းကျောင်းမှာ ပညာသင်ဆုနဲ့ သင်တန်းတက်ရောက်နေတဲ့
ရန်ကုန်မှ သင်တန်းသား၊ သင်တန်းသူ ရှစ်ဦးရှိပြီး အဆိုပညာရပ်နဲ့ အတီးပိုင်းများကို တက်ရောက်
သင်ကြားလျက်ရှိပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး