၈၈၊အရေးအခင်း ဖြစ်ခဲ့တာဟာ ဒီနေ့ ဩဂုတ်လ ၈ ရက်နေ့မှာ ငွေရတု တိုင်ခဲ့ပါပြီ။ ဒီအတွက် အဖွဲ့အစည်းအသီးသီးက အမှတ်တရ အခမ်းအနားတွေ ကျင်းပနေကြသလို ပန်းချီဆရာတစ်ဦး ဖြစ်တဲ့ မောင်မောင်စောကလည်း သူ့ရဲ့ အနုပညာလက်ရာတွေနဲ့ အမှတ်တရ ပြပွဲလေးကို ကမာရွတ်မြို့နယ်၊ ပြည်လမ်းပေါ်က ယုဒသန်ခန်းမထဲမှာ ကျင်းပနေပါတယ်။
၈၈၊အရေးအခင်း ဖြစ်ခဲ့တာဟာ ဒီနေ့ ဩဂုတ်လ ၈ ရက်နေ့မှာ ငွေရတု တိုင်ခဲ့ပါပြီ။ ဒီအတွက်
အဖွဲ့အစည်းအသီးသီးက အမှတ်တရ အခမ်းအနားတွေ ကျင်းပနေကြသလို ပန်းချီဆရာတစ်ဦး
ဖြစ်တဲ့ မောင်မောင်စောကလည်း သူ့ရဲ့ အနုပညာလက်ရာတွေနဲ့ အမှတ်တရ ပြပွဲလေးကို
ကမာရွတ်မြို့နယ်၊ ပြည်လမ်းပေါ်က ယုဒသန်ခန်းမထဲမှာ ကျင်းပနေပါတယ်။
ဩဂုတ်လ ၈ ရက်နေ့ကစပြီး ၁၅ ရက်နေ့အထိ ကျင်းပသွားမယ့် တစ်ကိုယ်တော်ပြပွဲမှာ ၈၈ ခုနှစ်
နောက်ပိုင်းမှာ ထွက်ပေါ်လာပြီး နိုင်ငံရေးနဲ့ လူမှုရေးနယ်ပယ်မှ တက်ကြွစွာလှုပ်ရှားဆောင်ရွက်သူ
များရဲ့ ရေဆေး၊ အက်ခရီလစ်ပုံတူ ပန်းချီကားပေါင်း ၈၈ ကား ကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။
ပန်းချီပွဲကို 'တွန်းတိုက်ကြသူများ'လို့ အမည်ပေးထားပြီး သမ္မတကြီး ဦးသိန်းစိန်၊
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးတင်ဦးနဲ့ ဦးကျော်သူတို့ရဲ့ ပုံတူပန်းချီကားတွေအပြင်
ရွှေဝါရောင် တော်လှန်ရေးလှုပ်ရှားသူတွေနဲ့ ၈၈ အရေးအခင်းမှာ ကျည်ဆန်ထိမှန်ခဲ့တဲ့ မဝင်းမော်ဦး
ကို မကွယ်လွန်ခင်မှာ ဆရာဝန်နှစ်ဦးက ကယ်ဆယ်နေပုံ ပန်းချီကားတွေကိုလည်း ထည့်သွင်း
ပြသထားတယ်လို့ ပန်းချီမောင်မောင်စောက ပြောပါတယ်။
"နိုင်ငံရေးလောကမှာ ကိုယ်ကျိုးစွန့် လှုပ်ရှားဆောင်ရွက်သူတွေကို ဂုဏ်ပြုဖူးတာ မရှိသေးပါဘူး။
နိုင်ငံရေးနဲ့ လူမှုရေးမှာ ကိုယ်ကျိုးမဖက် သက်စွန့် ကြိုးပမ်းနေတဲ့သူတွေကို ဂုဏ်ပြုသင့်ပါတယ်။
ဂုဏ်ပြုထိုက်ပါတယ်။ ဒါကြောင့် ကျွန်တော်က နိုင်ငံရေးနယ်ပယ်က ထင်ရှားတဲ့သူတွေရဲ့ပုံကို
ရွှေဝါရောင် တော်လှန်ရေးစခဲ့တဲ့ ၂၀၀၇ ခုနှစ်ကတည်းက ဆွဲခဲ့ပါတယ်"လို့ စစ်တွေမြို့မှာ နေထိုင်သူ
ပန်းချီဆရာက သူ့ရည်ရွယ်ချက်ကို ပြောပြပါတယ်။
ပြခန်းကို လာရောက်လည်ပတ်တဲ့ သူတွေကို ၈၈ အရေးတော်ပုံကြီးနဲ့ ပတ်သက်တဲ့ ပြတိုက်
တစ်ခုထဲ ရောက်ရှိနေသလို ခံစားရအောင်လို့လည်း ၈၈ အရေးအခင်းကာလနဲ့ အရေးအခင်း
အပြီးမှာ နိုင်ငံရေးနဲ့ လူမှုရေး အပြောင်းအလဲတွေအတွက် ကြိုးစား အားထုတ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေရဲ့
ပုံတူ တွေကို ကြည့်ရှုရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
"ကျွန်တော် ပန်းချီပွဲကို ၈၈ အရေးတော်ပုံကြီးနဲ့ ပတ်သက်ပြီး ပြတိုက်ကြီး တစ်ခုလို ဖန်တီးထား
ပါတယ်။ ၀င်သွားလိုက်တာနဲ့ ၈၈ အရေးအခင်းတွေကို မြင်ယောင်လာအောင် ပုံဖော်ထားပါတယ်"
လို့လည်း ဆိုပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူအပြင် သူအထက်အညာကို သွားတုန်းက သနပ်ခါးပါးကွက်ကျား
အမျိုးသမီးငယ်လေးက သူ့ကို နမ်းနေတဲ့ပုံနဲ့ ကိုမင်းကိုနိုင် သရက်ထောင်က လွတ်လာတုန်းက
မလိုင်ထုပ်လေး ကိုင်ထားတဲ့အဘွားကြီးက သူ့ကို ဖက်ထားတဲ့ပုံ တွေကိုလည်း ရေးဆွဲခဲ့ပါတယ်"
လို့ ပန်းချီမောင်မောင်စောက ပြောပါတယ်။
ပန်းချီကားတွေကို ရောင်းချနေပြီး ရောင်းချရတဲ့ငွေတွေကို နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစု
တွေနဲ့ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် လှူဒါန်းသွားမှာဖြစ်သလို ပညာရေး
ရန်ပုံငွေအဖြစ်လည်း အသုံးပြုသွားမယ်လို့ ဆိုပါတယ်။















