အကျိုးအမြတ် မယူသော အာရှနိုင်ငံ တကာရုပ်ရှင်နှင့် ဆိုင်သော အဖွဲ့ အစည်း (AFCNet) ရဲ့ ရုပ်ရှင် မျိုးဆက်သစ်များ ပြုစုပျိုးထောင်ရေး စီမံကိန်း ၂၀၁၃ အရ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပမယ့် ဇာတ်လမ်းတိုနဲ့ မှတ်တမ်း ရုပ်ရှင်ရိုက်ကူးခြင်း အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ချင်သူစိတ်ဝင်စားသူတွေကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဖိတ်ခေါ်နေပါတယ်။
အကျိုးအမြတ် မယူသော အာရှနိုင်ငံ တကာရုပ်ရှင်နှင့် ဆိုင်သော အဖွဲ့ အစည်း (AFCNet) ရဲ့
ရုပ်ရှင် မျိုးဆက်သစ်များ ပြုစုပျိုးထောင်ရေး စီမံကိန်း ၂၀၁၃ အရ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပ
မယ့် ဇာတ်လမ်းတိုနဲ့ မှတ်တမ်း ရုပ်ရှင်ရိုက်ကူးခြင်း အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ချင်သူ
စိတ်ဝင်စားသူတွေကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဖိတ်ခေါ်နေပါတယ်။
အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ နှစ်ပတ်ကြာ ဖွင့်လှစ်သွားမှာ
ဖြစ်ပြီး သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ မည်သူမဆို လျှောက်ထားနိုင်ကြပါတယ်။
လျှောက်ထားလိုသူဟာ ၁၉၈၉ ခုနှစ်မှ ၁၉၉၆ ခုနှစ်အတွင်း မွေးဖွားသူ ဖြစ်ရမည်ဖြစ်ပြီး
ဇာတ်လမ်းတို၊ မှတ်တမ်းဇာတ်လမ်း (သို့မဟုတ်) ဗီဒီယိုကား နှစ်ကားနဲ့ အထက် ရိုက်ကူးဖူးတဲ့
အတွေ့အကြံုမျိုး ရှိရပါမယ်။
ဒါပေမဲ့ ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ရဲ့ Asian Film Academy ကဏ္ဍမှာ ပါ၀င်ယှဉ်ပြိုင်ဖူးတဲ့
သူကိုတော့ လက်မခံဘူးလို့ သိရပါတယ်။
"ဟိုမှာ လက်တွေ့မှတ်တမ်းကားတို ရိုက်ကူးရမှာ ဖြစ်တဲ့အတွက်ကြောင့် လျှောက်ထားတဲ့သူ
တွေက အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ရပါမယ်"လို့ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ (၂)
ဦးအေးကြူလေးက လျှောက်ထားသူတွေ လိုအပ်ချက်တစ်မျိုးကို ပြောပြပါတယ်။
စိတ်ဝင်စားတဲ့ သူတွေဟာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (၀င်္ကပါလမ်း၊ ဗဟန်းမြို့နယ်)မှာ
ဩဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်လွှာများ ဖြည့်စွက်လျှောက် ထားနိုင်ပါတယ်။
လျှောက်ထားသူတွေထဲက အသင့်တော်ဆုံး နှစ်ဦးကို ရွေးချယ်သွားမယ်လို့ သိရပါတယ်။















