မြန်မာအခွေများကိုသာ အဓိကဖမ်းဆီး နေသည်ဟု ဂီတအစည်းအရုံး ပြောကြား

မြန်မာအခွေများကိုသာ အဓိကဖမ်းဆီး နေသည်ဟု ဂီတအစည်းအရုံး ပြောကြား

ဈေးကွက်ထဲမှာ တရားမဝင် ရောင်းဝယ်ဖောက်ကားနေကြတဲ့ ဆင်ဆာမဲ့ မြန်မာသီချင်းခွေများအပြင် နိုင်ငံခြား သီချင်းခွေများ၊ ရုပ်ရှင်ဇာတ်ကားများလည်း ရှိနေကြပေမယ့် အမျိုးသားအကျိုး စီးပွားကို အဓိက ထိပါးဆုတ် ယုတ်စေတဲ့ မြန်မာဆင်ဆာမဲ့ခွေများ ကိုသာ အဓိကဦးစားပေးပြီး အရေးယူ ဆောင်ရွက်လျက်ရှိတယ်လို့ မြန်မာနိုင်ငံဂီတ ...

ဈေးကွက်ထဲမှာ တရားမဝင် ရောင်းဝယ်ဖောက်ကားနေကြတဲ့ ဆင်ဆာမဲ့ မြန်မာသီချင်းခွေများ
အပြင် နိုင်ငံခြား သီချင်းခွေများ၊ ရုပ်ရှင်ဇာတ်ကားများလည်း ရှိနေကြပေမယ့် အမျိုးသားအကျိုး
စီးပွားကို အဓိက ထိပါးဆုတ် ယုတ်စေတဲ့ မြန်မာဆင်ဆာမဲ့ခွေများ ကိုသာ အဓိကဦးစားပေးပြီး
အရေးယူ ဆောင်ရွက်လျက်ရှိတယ်လို့ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)မှ ပြီးခဲ့တဲ့ သီတင်းပတ်
က သတင်းထုတ်ပြန် ကြေညာခဲ့ပါတယ်။

နိုင်ငံခြားသီချင်းခွေများ၊ ရုပ်ရှင် ဇာတ်ကားများနဲ့ပတ်သက်ပြီး လတ်တလော ဖမ်းဆီးအရေးယူမှုများ
ဆောင်ရွက်နေခြင်း လုံးဝမရှိပါဘူးလို့လည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

"နိုင်ငံခြားဆင်ဆာမဲ့ အခွေရောင်းတာတွေကို ဖမ်းတဲ့အခါကျရင် ဂီတ အစည်းအရုံးကြောင့်၊
ရုပ်ရှင်အစည်းအရုံးကြောင့် စသည်ဖြင့် သို့လောသို့လော ဖြစ်နေမှာစိုးလို့ ဒီထုတ်ပြန်ချက်ကို
ထုတ်ပြန်ခဲ့တာပါ"လို့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) ကနေ ဖွဲ့စည်းထားတဲ့ မူပိုင်ခွင့်
ချိုးဖောက်မှု ကာကွယ်တားဆီးရေးကော်မတီရဲ့ အတွင်းရေးမှူးဖြစ်တဲ့ သားစိုးက ကြေညာချက်
ထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"ကျွန်တော်တို့က နိုင်ငံခြားအခွေတွေနဲ့ ပတ်သက်လို့ စိတ်လည်း မဝင်စားဘူး၊ ကိုယ်တိုင်လည်း
ကြည့်နေတာပဲ။ တခြားတိုင်းပြည်တွေ တော်တော်များများမှာလည်း သူတို့ရဲ့ ပြည်တွင်း အခွေတွေ
ကိုပဲ ကာကွယ်ပေးပြီး ပြည်ပ အခွေတွေကို အရေးတစိုက် မလုပ်ဘူး ဆိုတာတော့ တွေ့ရတယ်။
အစ်ကိုတို့ကတော့ ပြည်တွင်း အခွေတွေကိုပဲ ကာကွယ်ဖို့ လုပ်တာပါ။

"ဒါပေမဲ့ အဲဒီမှာ ဘယ်လိုဖြစ်လဲဆိုတော့ ကျွဲကူးရေပါ ဆိုသလိုပေါ့နော်။ များသောအားဖြင့် ခိုးကူး
လုပ်တဲ့သူတွေက နိုင်ငံခြားခွေ တချို့တွေကိုပါ တွဲလုပ်ကြတယ်။ အဲဒီလိုလုပ်တဲ့သူ ခန့်မှန်းခြေ
အားဖြင့် ရ၅ ရာခိုင်နှုန်းလောက်ရှိတယ်။ ၂၅ ရာခိုင်နှုန်းလောက်ပဲ အင်္ဂလိပ်ခွေ သီးသန့်ကူးကြတယ်။
များသောအားဖြင့်က မြန်မာခွေပါ ခိုးရောင်းကြတော့ ဖမ်းတဲ့အခါ အင်္ဂလိပ်အခွေတွေပါ ပါပါလာတာ
များတယ်။ ကျွန်တော်တို့ကတော့ ကိုယ့်ပြည်တွင်း အခွေတွေကိုပဲ ကာကွယ်တာပါ၊ နိုင်ငံခြားခွေ
တွေ ဖမ်းဖို့ဆိုတာကိုတော့ လုံးဝကို စိတ်မဝင်စားပါဘူး" လို့လည်း ကိုသားစိုးက ပြောပါတယ်။

ဒါပေမဲ့ နာမည်ကြီးစူပါမားကက်တွေမှာတော့ အရင်က ခင်းကျင်းရောင်း ချလေ့ရှိတဲ့ နိုင်ငံတကာ
အခွေများကို ဒီရက်ပိုင်းအတွင်းမှာ လုံးဝမတွေ့ရ တော့ဘဲ မြန်မာအခွေများကိုသာ တွေ့ ရှိနေရ
ပါတယ်။

"စူပါမားကက်တွေ ကိစ္စလည်း ကျွန်တော်တို့ဆီ သတင်းရောက်ပါတယ်။ ဒါတွေကတော့ ကျွန်တော်
တို့နဲ့ မသက်ဆိုင်ပါဘူး။ ဒါတွေက ပြန်ကြားရေး ၀န်ကြီးဌာနက ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ပဲ
သက်ဆိုင်မှာပါ။ ဥပဒေအတိုင်း လိုက်နာရမှာကတော့ နိုင်ငံသားတိုင်း လိုက်နာရမှာပဲဆိုတော့လေ"
လို့ သားစိုးက ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး