'၈'လေးလုံး ရန်ပုံငွေ ပန်းချီကား ၂၈ သိန်းဖြင့် လေလံပစ်နိုင်ခဲ့

'၈'လေးလုံး ရန်ပုံငွေ ပန်းချီကား ၂၈ သိန်းဖြင့် လေလံပစ်နိုင်ခဲ့

ဒီနေ့ ဩဂုတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ ရှစ်လေးလုံးအရေးတော်ပုံ (၂၅)နှစ်ပြည့် အထိမ်းအမှတ်ပွဲတော် ကျင်းပရေးရန်ပုံငွေအတွက် ပန်းချီ ဦးဝင်းဖေရေးဆွဲထားတဲ့ ပန်းချီကား တစ်ချပ်ကို (မူပိုင်ခွင့် အပါအဝင်) လေလံတင်ခဲ့ရာ ငွေကျပ် ၂၈ သိန်းနဲ့ အောင်မြင်စွာ ရောင်းချနိုင်ခဲ့ပါတယ်။

ဒီနေ့ ဩဂုတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ ရှစ်လေးလုံးအရေးတော်ပုံ (၂၅)နှစ်ပြည့်
အထိမ်းအမှတ်ပွဲတော် ကျင်းပရေးရန်ပုံငွေအတွက် ပန်းချီ ဦးဝင်းဖေရေးဆွဲထားတဲ့ ပန်းချီကား
တစ်ချပ်ကို (မူပိုင်ခွင့် အပါအဝင်) လေလံတင်ခဲ့ရာ ငွေကျပ် ၂၈ သိန်းနဲ့ အောင်မြင်စွာ ရောင်းချ
နိုင်ခဲ့ပါတယ်။

ပန်းချီကားလေလံတင်ပွဲကို ဩဂုတ် လ ၄ ရက်နေ့က ရွှေဂုံတိုင်၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပ
ပြုလုပ်ခဲ့တာဖြစ်ပြီး ပန်းချီဆရာကြီး ဦးဝင်းဖေက ရောင်းချရငွေတစ်ဝက်ကို ငွေရတုပွဲတော်အတွက်
လှူဒါန်းထားတာဖြစ်ပါတယ်။

လေလံပွဲကို ကြမ်းခင်းဈေး ကျပ် ၈၈၈၈ နဲ့ စတင်ခဲ့ပြီး လေလံ အောင်သွားသူကတော့ ပန်းချီကား
စုဆောင်းသူတစ်ဦးဖြစ်တဲ့ ကိုထက်အောင်ပဲ ဖြစ်ပါတယ်။

"ငယ်ငယ်လေးကတည်းက ပန်းချီကားတွေကိုကြိုက်တော့ နာမည်ကျော် ပန်းချီဆရာတွေရဲ့
လက်ရာတွေဆိုရင် ၀ယ်သိမ်းတတ်ပါတယ်။ အခု ဒီနေ့လည်း ရှစ်လေးလုံးရန်ပုံငွေ ပန်းချီကား
လေလံပွဲ ရှိတာသိတော့ လာခဲ့တာပါ။ ဒီထက်ပိုပေးရလိမ့်မယ်လို့ ထင်ထားခဲ့တာ။ အခုလို လေလံ
နိုင်သွားတဲ့အတွက် ၀မ်းသာပါတယ်"လို့ လေလံပွဲအပြီးမှာ ကိုထက်အောင်က ပြောပါတယ်။

ရှစ်လေးလုံအရေးတော်ပုံ ဖြစ်နေတဲ့ အချိန်တုန်းက အသက် ၁၀ နှစ်သာရှိသေးတဲ့ ကိုထက်အောင်
က ဒီလို ၈၈ ငွေရတုအထိမ်းအမှတ်ပွဲရဲ့ ရန်ပုံငွေပွဲမှာ ပန်းချီကားဝင်ရောက်လေလံဆွဲ ဖြစ်တာက
၈၈ ကျောင်းသားဟောင်းတွေကို ဂုဏ်ပြုချင်တာကြောင့်လို့ ဆိုပါတယ်။

"ကျွန်တော်က အဲဒီတုန်းက ငါးတန်းကျောင်းသားဆိုတော့ သိပ်မသိသေးဘူးပေါ့။ ကျောင်းတွေ
ပိတ်ထားတာတောင် အမေတို့က အပြင်လုံးဝ ထွက်ခွင့်မပေးခဲ့ပါဘူး။ ဒီတော့ သမိုင်းတွေဖတ်ရင်းနဲ့
မှ စစ်အာဏာရှင်တွေက ကျောင်းသားတွေကို ရက်ရက်စက်စက် နှိမ်နှင်းခဲ့တာကို သိခဲ့ရပါတယ်။
အခုလို သမိုင်းကို ပြန်ဖော်ထုတ်တဲ့ပွဲမှာ ရန်ပုံငွေအဖြစ် ပါ၀င်လှူဒါန်းခွင့်ရတဲ့အတွက် ဂုဏ်ယူမိသလို
အခုလိုလေလံဝင်ပြိုင် ဖြစ်အောင် အနုပညာကပဲ တွန်းအားပေးခဲ့တာပါ။ ပန်းချီကားမှာ မျက်လုံး
တွေအများကြီးပါအောင် ရေးထားတာ ထူးခြားချက် တစ်ခုလို့မြင်ပြီး ကျွန်တော်လည်း တော်တော်
လေး ကြိုက်ပါတယ်" လို့လည်း ကိုထက်အောင်က ပြောပါတယ်။

ပန်းချီကားရဲ့ အရွယ်အစားမှာ အလျား ၄၈ လက်မနဲ့ အနံ ၃၆ လက်မ ရှိပြီး အက်ခရီလစ်ဆေးနဲ့
ဖန်တီးထားတာ ဖြစ်ပါတယ်။

အင်္ဂလိပ်စာလုံး ရှစ်ပုံစံအရွယ်အစားမျိုးစုံကို မျက်နှာများ သဏ္ဌာန်ဖန်တီးထားပြီး အထူးခြားဆုံးက
မျက်လုံးတွေပဲ ဖြစ်ပါတယ်။ ရှစ်လေးလုံးငွေရတု အထိမ်းအမှတ်အဖြစ် မဂ္ဂဇင်းလည်း ထုတ်ဝေ
ဖြန့်ချိခဲ့ပြီး မျက်နှာဖုံးပန်းချီအတွက် ပန်းချီဦးဝင်းဖေကို အကူအညီတောင်း ဖြစ်ခဲ့ရာက ဆရာ
ရေးဆွဲပေးတဲ့ ပန်းချီကားကို မဂ္ဂဇင်းမှာ သုံးထားတဲ့အပြင် ခုလိုလေလံတင်ပြီး ရောင်းချဖြစ်ခဲ့တာလို့
'ရှစ်လေးလုံး' ငွေရတုမဂ္ဂဇင်း အယ်ဒီတာတစ်ဦးဖြစ်တဲ့ ကိုထွန်းဝင်းငြိမ်းက ပြောပါတယ်။

"၈၈ လှုပ်ရှားမှုမှာ ပါ၀င်ခဲ့တဲ့ ဆရာ ဦးဝင်းဖေ ဇွန်လ တတိယပတ်က ရန်ကုန် ရောက်တုန်းလေး
သူ့ဆီ သွားတွေ့ပြီး ပန်းချီကားရေးပေးဖို့ တောင်းဆိုခဲ့တာပါ။ မြန်မာနိုင်ငံမှာ ရက်ပိုင်းပဲ နေထိုင်
သွားခဲ့ပေမယ့် ဆရာကြီးက သူ့ကတိအတိုင်း အမေရိက ကနေ ပန်းချီကားကို လူကြံုနဲ့ မဂ္ဂဇင်း
ထွက်မယ့် ရက်အမီ ပို့ပေးပါတယ်။ ပြီးတော့ ဒီပန်းချီကား ရောင်းလို့ရတဲ့ ငွေရဲ့တစ်ဝက်ကို လှူမယ်
လို့ ပြောခဲ့တာကြောင့် ဒီလေလံပွဲ ကို စီစဉ်ဖြစ်ခဲ့တာပါ"လို့ ကိုထွန်းဝင်းငြိမ်းက ပြောပါတယ်။

'ရှစ်လေးလုံး' ငွေရတုအထိမ်းအမှတ် မဂ္ဂဇင်းရဲ့ ပုံနှိပ်ထုတ်ဝေကော်မတီဝင် တစ်ဦးဖြစ်တဲ့
ဦးဇော်သက်ထွေး ကတော့ ဒီမဂ္ဂဇင်းထုတ်ဝေနိုင်ဖို့ အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့
ပြောပါတယ်။

"ဒီမဂ္ဂဇင်းကို စစီစဉ်ကတည်းက မတူညီတဲ့ အကြံပေးချက်တွေနဲ့ မတူတဲ့အမြင်တွေကြောင့်
အခက်အခဲတွေအများကြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီငွေရတုမဂ္ဂဇင်းဖြစ်ပေါ်ဖို့ တူညီတဲ့အချက်ကတော့
အားလုံးက ဒီငွေရတုမတိုင်ခင် ပြည်သူလူထုလက်ထဲကို ဒီမဂ္ဂဇင်းလေး ထည့်ပေးလိုက်ချင်တာပါ"
လို့ ပြောပါတယ်။

ငွေရတုမဂ္ဂဇင်းရဲ့ ထူးခြားချက်က ရှစ်လေးလုံးရဲ့ အငွေ့အသက်တွေ ပါ၀င်စေဖို့ လူပုဂ္ဂိုလ် တစ်ဦး
တစ်ယောက်ချင်းစီရဲ့ ထင်ဟပ်မှုကို ဦးစားပေး မဖော်ပြဘဲ ရှစ်လေးလုံး အရေးအခင်းမှာ ပါ၀င်ခဲ့တဲ့
ရဟန်းရှင်လူတွေ ပေးပို့လာတဲ့ အနုပညာတွေကိုသာ စုစည်းဖော်ပြထားတယ်လို့လည်း ရှင်းပြပါ
တယ်။

ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ် အခမ်းအနားကို ဩဂုတ်လ ၆ ရက်၊ ရ ရက်နဲ့ ဒီနေ့ ၈ ရက်နေ့
မှာ မင်းဓမ္မခန်းမမှာ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး