ပန်းချီပြခန်းများ အကြောင်း စုံစမ်း ကြည့်ရှုနိုင်မယ့် ၀က်ဘ်ဆိုက်သစ် တစ်ခု နယူးဇီးရိုး သင်တန်းသားများ လွှင့်တင်

ပန်းချီပြခန်းများ အကြောင်း စုံစမ်း ကြည့်ရှုနိုင်မယ့် ၀က်ဘ်ဆိုက်သစ် တစ်ခု နယူးဇီးရိုး သင်တန်းသားများ လွှင့်တင်

နယူးဇီးရိုး ပန်းချီသင်တန်းမှ သင်တန်းသား၊ သင်တန်းသူတွေ ပူးပေါင်းပြီး ပန်းချီပြခန်းတွေအကြောင်း စုံစမ်းကြည့်ရှုနိုင်မယ့် ၀က်ဘ်ဆိုက်သစ် တစ်ခုကို ဇူလိုင်လကုန်မှာ လွှင့်တင်ခဲ့တယ်လို့ သိရပါတယ်။

နယူးဇီးရိုး ပန်းချီသင်တန်းမှ သင်တန်းသား၊ သင်တန်းသူတွေ ပူးပေါင်းပြီး ပန်းချီပြခန်းတွေ
အကြောင်း စုံစမ်းကြည့်ရှုနိုင်မယ့် ၀က်ဘ်ဆိုက်သစ် တစ်ခုကို ဇူလိုင်လကုန်မှာ လွှင့်တင်ခဲ့တယ်လို့
သိရပါတယ်။

၂၀၁၃ ခုနှစ် မေလမှာ နယူးဇီးရိုးက ဖွင့်လှစ်တဲ့ Professional Art Development သင်တန်းက
သင်တန်းသား သင်တန်းသူတွေက ၀က်ဘ်ဆိုက် အသစ်ကို သင်တန်းဆင်း ပရောဂျက်တစ်ခုအဖြစ်
စတင်ဖန်တီးဖြစ်ခဲ့တာ ဖြစ်ပြီး ရန်ကုန်၊ မန္တလေးမြို့တို့မှာရှိတဲ့ ပန်းချီသင်တန်းနဲ့ ပတ်သက်တဲ့
အချက်အလက်တွေကို အကြမ်းဖျင်းစုဆောင်းခဲ့တယ်လို့ သင်တန်းသားတစ်ဦးဖြစ်တဲ့ နိုရာက
ဆိုပါတယ်။

"သူငယ်ချင်းခုနစ်ယောက် စုပြီးaတာ့ ရန်ကုန်မှာရှိတဲ့ ပန်းချီပြခန်း ၂၉ ခန်းလောက်သွားပြီး အဲဒီက
ရလာတဲ့ အချက်အလက်တွေကို စပြီးစုဆောင်း ဖြစ်ခဲ့တယ်။ နောက်ပိုင်းကျမှ မြန်မာနိုင်ငံမှာလည်း
ဒီလိုမျိုး ပန်းချီ၊ စာပေတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေ တစ်စုတစ်စည်းတည်းရှိတဲ့
၀က်ဘ်ဆိုက်အရေအတွက်က နည်းတာကို သိရတော့ ပိုအားစိုက်ဖြစ်ကြတယ်။ လောလောဆယ်
တော့ အကြမ်းဖျင်း ပုံစံအနေနနဲ့ ပန်းချီပြခန်း လိပ်စာတွေ၊ ဆက်သွယ်ရမယ့် သူတွေနဲ့ ပန်းချီ
အမျိုးအစားတွေကို တင်ပေးထားတယ်။ အင်တာနက်လိုင်းတွေ ကောင်းပြီးတဲ့နောက်ပိုင်းမှ ပန်းချီနဲ့
ပတ်သက်တဲ့ နောက်ဆုံးရ ပြပွဲသတင်းတွေ ထည့်ပေးဖို့အပြင် ပန်းချီနဲ့ပတ်သက်တဲ့ ဘာသာပြန်
ဆောင်းပါးတွေ၊ လှုပ်ရှားမှုတွေကိုပါ တိုးချဲ့ပြီး အချောသတ်လုပ်သွားမှာပါ"လို့ နိုရာက ပြောပါတယ်။

၀က်ဘ်ဆိုက်ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာပန်းချီအနုပညာ လက်ရာတွေကို စုစုစည်း
စည်းကြည့်ရှု နိုင်ဖို့၊ ပြခန်း သတင်းအချက်အလက်တွေကို အလွယ်တကူ ရှာဖွေနိုင်ဖို့ ဖြစ်ပြီး ပန်းချီ
ပြခန်းပေါင်း ၃၀ ရဲ့ အချက်အလက်တွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ပြခန်းတွေနဲ့ပတ်သက်လို့ ၀င်ရောက်ကြည့်ရှုနိုင်တဲ့ ၀က်ဘ်ဆိုက်လိပ်စာကတော့
www.myanmarartexplorer.com ဖြစ်ပြီး ပါ၀င်လိုတဲ့ ပန်းချီပြခန်းတွေအနေနဲ့
[email protected] ကို ဆက်သွယ်နိုင်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး