ဟာသသရုပ်ဆောင်များစွာ ပါ၀င်သည့် ဟာသဇာတ်လမ်းတွဲသစ် ရုပ်သံလိုင်းနှစ်ခု၌ ပြသမည်

ဟာသသရုပ်ဆောင်များစွာ ပါ၀င်သည့် ဟာသဇာတ်လမ်းတွဲသစ် ရုပ်သံလိုင်းနှစ်ခု၌ ပြသမည်

မီဒီယာကမ္ဘာကုမ္ပဏီက စီစဉ်တင်ဆက်ပြီး ဒါရိုက်တာမောင်သီ ရိုက်ကူးထားတဲ့ ဟာသသရုပ်ဆောင်များစွာ ပါ၀င်တဲ့ Happy Beach ဟာသရုပ် သံဇာတ်လမ်းတွဲသစ်ကို လာမယ့် အောက်တိုဘာလတွင်းမှာ Channel 7 ရုပ်သံလိုင်းနဲ့ For Comedy ရုပ်သံလိုင်းတို့မှာ ပြသသွားမယ်လို့ သိရပါတယ်။

မီဒီယာကမ္ဘာကုမ္ပဏီက စီစဉ်တင်ဆက်ပြီး ဒါရိုက်တာမောင်သီ ရိုက်ကူးထားတဲ့ ဟာသ
သရုပ်ဆောင်များစွာ ပါ၀င်တဲ့ Happy Beach ဟာသရုပ် သံဇာတ်လမ်းတွဲသစ်ကို လာမယ့်
အောက်တိုဘာလတွင်းမှာ Channel 7 ရုပ်သံလိုင်းနဲ့ For Comedy ရုပ်သံလိုင်းတို့မှာ ပြသ
သွားမယ်လို့ သိရပါတယ်။

"ဒီဇာတ်လမ်းတွဲလေးကို ၃ လပိုင်းလောက်က စရိုက်ခဲ့တယ်။ ရိုက်ကူးလို့တော့ ပြီးသွားပြီ။
Editing ပိုင်း မပြီးသေးလို့ မလွှင့်ဖြစ်သေးတာပါ။ အောက်တိုဘာလလောက်မှ ပြဖြစ်မယ်ထင်
ပါတယ်"လို့ မီဒီယာကမ္ဘာမှ production manager ကိုဖြိုးက ပြောပါတယ်။

ဒီဇာတ်လမ်းကို ချောင်းသာကမ်းခြေမှာရှိတဲ့ Hotel Ace မှာရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး
ဟိုတယ်တစ်ခုမှာ ၀န်ထမ်းနဲ့ ဧည့်သည်ကြား ဖြစ်ပေါ်လေ့ရှိတဲ့ အလွဲတွေကို လူရွှင်တော်ရွှေဖလား
က ဟာသသရုပ်ဆောင် တွေအပြင် အခြားသရုပ်ဆောင်ပေါင်းများစွာတို့က ဟာသဆန်ဆန်
တင်ဆက် ထားတာဖြစ်တယ်လို့ ကိုဖြိုးက ပြောပါတယ်။

မီဒီယာကမ္ဘာကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ ပထမဦးဆုံး Drama ရုပ်သံ ဇာတ်လမ်းတွဲဖြစ်တဲ့
The Sign of Love 1,2,3 ကို MRTV-4 နဲ့ ပူးပေါင်း စီစဉ်တင်ဆက်ခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း
Happy Beach ရုပ်သံဇာတ်လမ်းတွဲအပြင် အခြား ရုပ်သံဇာတ်လမ်းတွဲတွေကိုလည်း ရိုက်ကူး
တင်ဆက်နေတာ ဖြစ်ပါတယ်။

"ပထမကတော့ ဒီဩဂုတ်လထဲမှာ ပြမလို့လုပ်ထားတာ။ ဒါပေမဲ့ dubbing ပိုင်းမပြီးသေးတာရယ်
လွှင့်ဖို့ကို မညှိ နှိုင်းရသေးတာရယ်ကြောင့် လွှင့်ဖြစ်မယ့်ရက်ကို မသတ်မှတ်ရသေးဘူး"လို့
ဒါရိုက်တာမောင်သီက ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး