မြန်မာ့ရုပ်မြင်သံကြားမှ တိုင်းရင်းသားဘာသာ ၁၁ မျိုး ပါ၀င်သည့် ရုပ်သံလိုင်းသစ်တစ်ခု စက်တင်ဘာလတွင် ထုတ်လွှင့်မည်

မြန်မာ့ရုပ်မြင်သံကြားမှ တိုင်းရင်းသားဘာသာ ၁၁ မျိုး ပါ၀င်သည့် ရုပ်သံလိုင်းသစ်တစ်ခု စက်တင်ဘာလတွင် ထုတ်လွှင့်မည်

မြန်မာနိုင်ငံအတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသားဘာသာ ၁၁ မျိုး ပါ၀င်တဲ့ ရုပ်သံလိုင်းသစ်တစ်ခုကို မြန်မာ့ရုပ်မြင်သံကြားမှာ စက်တင်ဘာလ ၁၅ ရက်နေ့က စတင်ပြီး ထုတ်လွှင့်သွားဖို့ ရှိတယ်လို့ နေပြည်တော် မြန်မာ့ရုပ်မြင်သံကြားဌာနမှ သိရပါတယ်။

မြန်မာနိုင်ငံအတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသားဘာသာ ၁၁ မျိုး ပါ၀င်တဲ့ ရုပ်သံလိုင်းသစ်တစ်ခုကို
မြန်မာ့ရုပ်မြင်သံကြားမှာ စက်တင်ဘာလ ၁၅ ရက်နေ့က စတင်ပြီး ထုတ်လွှင့်သွားဖို့ ရှိတယ်လို့
နေပြည်တော် မြန်မာ့ရုပ်မြင်သံကြားဌာနမှ သိရပါတယ်။

ထုတ်လွှင့်ပြသမယ့် ရည်ရွယ်ချက်ကတော့ တိုင်းရင်းသားတွေ နေထိုင်တဲ့ တောင်ပေါ်ဒေသတွေမှာ
ဖြစ်ပေါ်နေတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ တိုင်းရင်းသားအချင်းချင်း အပြန်
အလှန် သိရှိနားလည်ဖို့နဲ့ စည်းလုံးညီညွတ်ဖို့ကို အထောက်အကူ ပြုနိုင်ဖို့အတွက်နဲ့ လွန်ခဲ့တဲ့
နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့တဲ့ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုဓလေ့ ထုံးစံတွေ
ပျက်သုဉ်းမှုကို ကာကွယ်ဖို့အတွက် မှတ်တမ်းတင်ပြုစုဖို့ဖြစ်တယ်လို့ နေပြည်တော် မြန်မာ့ရုပ်မြင်
သံကြားဌာနက တိုင်းရင်းသား ရုပ်သံလိုင်းရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန္ဒာအောင်က
ပြောပါတယ်။

"အရင်တုန်းကတော့ ပြည်ထောင်စု တိုင်းရင်းသားချန်နယ်ဆိုပြီး မြန်မာ့အသံမှာ ပြဖူးတယ်။ အခုက
ဒုတိယအကြိမ် ကြိုးစားထားတာပါ။ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်လွှင့်ဖို့အတွက် လက်ရှိ
ပရိုဂရမ်တွေ စုဆောင်း နေတယ်။ ရုပ်သံလိုင်းတစ်ခု ဖြစ်ဖို့ဆိုတာက အချိန်အများကြီး ယူရတယ်။
အချိန်တိုတွင်းမှာ လွှင့်နိုင်အောင်လုပ်ဖို့အတွက် အားနည်းချက်လေးတွေ ရှိနိုင်ပါတယ်"လို့
ဒေါ်ခင်စန္ဒာအောင်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ဒီအစီအစဉ်ကို 'ရုပ်မြင်သံကြားပေါ်မှ တိုင်းရင်းသားလူမျိုးစုများ' ခေါင်းစဉ်နဲ့ ကချင်၊ ကယား၊ စကော
ကရင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ လိုင်၊ ဇိုနှင့် အရှို ချင်းလူမျိုးစုများ၊ မွန်၊ ရခိုင်၊ ရှမ်းနဲ့ ၀စတဲ့
တိုင်းရင်းသားဘာသာ ၁၁ မျိုးနဲ့ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

ရုပ်သံလိုင်းထုတ်လွှင့်ဖို့ အတွက် တိုင်းရင်းသားဘာသာက လူမှုအဖွဲ့အစည်းတွေရဲ့ သဘောထားနဲ့
အကြံပြုချက်တွေ ရယူဖို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့က နေပြည်တော်မှာ အစည်းအဝေးတစ်ခု
ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တိုင်းရင်းသားအစီအစဉ်သစ်ကို မတ်လမှာ တိုးချဲ့ထုတ်လွှင့်ဖို့ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဇွန်လမှာ
သင်တန်းပေးတာတွေကိုလည်း ပြုလုပ်ခဲ့ပြီး ပထမအဆင့်အနေနဲ့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်
တို့မှာ စမ်းသပ်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

"ဒီရုပ်သံလိုင်းကို DVB-T2 စနစ်နဲ့ ထုတ်လွှင့်သွားမှာပါ။ Digital Video Broadcasting (Digital
terrestrial TV system) ပေါ့။ သူက ဂြိုဟ်တုကနေ ဖမ်းယူတာမဟုတ်ဘဲ မြေပြင်ကနေ
Transmitter နဲ့ လွှင့်မယ့်စနစ်ကို သုံးထားတာပါ"လို့ တိုင်းရင်းသား ရုပ်သံလိုင်းညွှန်ကြားရေးမှူး
ဦးမြင့်အောင်က ပြောပါတယ်။

တိုင်းရင်းသားအစီအစဉ် ထုတ်လွှင့်ချိန်တွေကတော့ ရှမ်း၊ ကချင်၊ ကယား၊ မွန်၊ ရခိုင်တို့က
တစ်နာရီစီ ဖြစ်ပြီး ကရင်သုံးမျိုး၊ ချင်းနဲ့ ၀ ဘာသာက တော့ မိနစ် ၃၀ စီ ထုတ်လွှင့်သွားမှာဖြစ်
ပါတယ်။

တိုင်းရင်းသား တစ်ဘာသာကို ထုတ်လွှင့်ချိန် မိနစ် ၃၀ ရရှိမှာဖြစ်ပြီး တိုင်းရင်းသား ရုပ်သံလိုင်းမှာ
တာဝန်ထမ်းဆောင်ဖို့ တိုင်းရင်းသား လူငယ် ၁၄၅ ဦးကိုလည်း သင်တန်းပေးနေပြီဖြစ်တယ်လို့
ဒေါ်ခင်စန္ဒာအောင်က ဆိုပါတယ်။

လက်ရှိမှာတော့ မြန်မာ့အသံကနေ တိုင်းရင်းသားဘာသာ ၁၄ မျိုးပါ၀င်တဲ့ ရေဒီယိုအစီအစဉ်ကို
မနက် ၆ နာရီက နေ မွန်းတည့် ၁၂ နာရီထိ တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီကနေ ည ၁၀ နာရီထိ
တစ်ကြိမ် နှစ်ကြိမ် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။

တိုင်းရင်းသား ရုပ်သံလိုင်းအစီအစဉ်က စက်တင်ဘာလထဲမှာ တိုးချဲ့ဖို့ စီစဉ်ထားတဲ့ သီးသန့်
ရုပ်သံလိုင်း သုံးခုထဲက တစ်ခုအပါအဝင်ဖြစ်ပြီး နောက်နှစ်လိုင်းကတော့ တောင်သူလယ်သမား
ကိုယ်စားပြု ရုပ်သံလိုင်းနဲ့ လွှတ်တော်ရုပ်သံလိုင်းတို့ပဲ ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး