မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမပုံတူ ပန်းချီပန်းပု ရေးဆွဲထုလုပ်

မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမပုံတူ ပန်းချီပန်းပု ရေးဆွဲထုလုပ်

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီစတင်ချိန်ကစပြီး စစ်အာဏာရှင် လက်ထက်တစ်လျှောက် စာပေနှင့်တစ်မျိုး အခမ်းအနားဖြင့် တစ်ဖုံ ဂုဏ်ပြုခွင့်မရခဲ့တဲ့ မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမရဲ့ ပုံတူပန်းချီနှင့် ပန်းပုကို ခုချိန်မှာတော့ ရေးဆွဲထုလုပ် ဂုဏ်ပြုခဲ့ပါပြီ။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီစတင်ချိန်ကစပြီး စစ်အာဏာရှင် လက်ထက်တစ်လျှောက်
စာပေနှင့်တစ်မျိုး အခမ်းအနားဖြင့် တစ်ဖုံ ဂုဏ်ပြုခွင့်မရခဲ့တဲ့ မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်
ဆရာတော် ဦးဥတ္တမရဲ့ ပုံတူပန်းချီနှင့် ပန်းပုကို ခုချိန်မှာတော့ ရေးဆွဲထုလုပ် ဂုဏ်ပြုခဲ့ပါပြီ။

ဆရာတော်ဦးဥတ္တမ ပုံတူပန်းချီနှင့် ပန်းပုကို ပန်းချီရွှေမြင့်နဲ့ ကျော်ကျော်မင်း(ပန်းပု)တို့က ဩဂုတ်လ
၁၁ ရက်နေ့မှာ မနက် ၁၀ နာရီမှ ညနေ ၄ နာရီ အထိ ဟက်ပီးဝေါလ်ခေတ်မီကစားကွင်း (ကန်တော်
မင်္ဂလာပန်းခြံ၊ ရွှေတိဂုံ ဘုရားတောင်ဘက်မုခ်အနီး)မှာ လက်တွေ့ ထုလုပ်ရေးဆွဲခဲ့ကြပါတယ်။

"ဆရာတော်ဦးဥတ္တမက ၁၈၇၉ ခုနှစ်မှာ မွေးဖွားပြီး ၁၉၃၉ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့မှာ ပျံလွန်
တော်မူပါတယ်။ ဆရာတော် ဦးဥတ္တမ ပျံလွန်တဲ့ရက်ကို ဦးဥတ္တမနေ့လို့ သတ်မှတ်ပါတယ်။ ဒီနှစ်
ရ၄ ကြိမ်မြောက် ဦးဥတ္တမနေ့ အတွက်ရည်ရွယ်ပြီး ဆရာတော် ဦးဥတ္တမရဲ့ ယာယီပြတိုက်ဖြစ်တဲ့
အလိုတော်ပြည့်ကျောင်းမှာ ဆရာတော် ရုပ်တုနဲ့ ပုံတူပန်းချီကို ဂုဏ်ပြုလှူဒါန်းဖို့ ထုလုပ်တာဖြစ်
ပါတယ်"လို့ ဆရာတော်ရဲ့ ပုံတူပန်းပုကို လက်တွေ့ထုလုပ်ခဲ့တဲ့ ပန်းပုဆရာ ကျော်ကျော်မင်းက
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"ဆရာတော် ဦးဥတ္တမဟာ နယ်ချဲ့ အင်္ဂလိပ် အင်အားကြီးမားနေချိန်မှာ နယ်ချဲ့ဆန့်ကျင်ရေးနှင့်
အမျိုးသားလွတ်မြောက်ရေးအတွက် တစ်ယောက်တည်း လှုပ်ရှားဆန့်ကျင်ခဲ့ပေမယ့်
ဗိုလ်ချုပ်အောင်ဆန်းလိုတော့ တိုင်းပြည်အတွက် လွတ်လပ်ရေးကို အရယူ မပေးနိုင်ခဲ့ပါဘူး။
ဒါပေမဲ့ ပြည်သူပြည်သားတွေ နိုးနိုးကြားကြားရှိစေဖို့ နိုင်ငံရေး တရားဟောပြီး လွတ်လပ်ရေး
စိတ်ဓာတ် မျိုးစေ့ချပေးခဲ့တဲ့ မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဖြစ်ပါတယ်"လို့
ဦးကျော်ကျော်မင်းက ပြောပါတယ်။

ဆရာတော်ဦးဥတ္တမ ယာယီပြတိုက်ကို သင်္ဃန်းကျွန်းမြို့နယ်၊ အလိုတော်ပြည့်ကျောင်းတိုက်မှာ
ဖွင့်လှစ်ထားပြီး ဆရာတော်ရဲ့ ဓာတ်ပုံ၊ အထောက်အထားမှတ်တမ်းများ ချိတ်ဆွဲပြသထားပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး