တေးဂီတနဲ့ တိုက်ကွမ်ဒို ပေါင်းစပ်ပြီး သရုပ်ပြပွဲ ကျင်းပ

တေးဂီတနဲ့ တိုက်ကွမ်ဒို ပေါင်းစပ်ပြီး သရုပ်ပြပွဲ ကျင်းပ

နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးမှု တိုးတက်ရန်နဲ့ မြန်မာ့အားကစား ပိုမိုအဆင့်မြင့်မားလာရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်နဲ့ World Taekwondo Peace Corps Foundation တို့ ပူးပေါင်းပြီး 'Wonderful Taekwondo! Beautiful Korea!' ခေါင်းစဉ်နဲ့ ကိုရီးယားအကအလှများ၊ ကိုရီးယား ခေတ်ဟောင်းခေတ်ပေါ် တေးသီချင်းများနဲ့ ...

နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးမှု တိုးတက်ရန်နဲ့ မြန်မာ့အားကစား ပိုမိုအဆင့်မြင့်မားလာရန် ရည်ရွယ်ပြီး
မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်နဲ့ World Taekwondo Peace Corps Foundation တို့
ပူးပေါင်းပြီး 'Wonderful Taekwondo! Beautiful Korea!' ခေါင်းစဉ်နဲ့ ကိုရီးယားအကအလှများ၊
ကိုရီးယား ခေတ်ဟောင်းခေတ်ပေါ် တေးသီချင်းများနဲ့ တိုက်ကွမ်ဒို ပေါင်းစပ်ထားတဲ့ ဖျော်ဖြေ
တင်ဆက်ပွဲကို ပြီးခဲ့တဲ့ ဩဂုတ် လ ၁၀ ရက်နေ့က မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ မိုးလုံလေလုံ
သိမ်ဖြူ အားကစားခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးသောင်းထိုက်က "မြန်မာနိုင်ငံနဲ့ ကိုရီးယားသမ္မတနိုင်ငံတို့ဟာ ရှေးနှစ်ပေါင်းများစွာကတည်းက
နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ အားကစားကဏ္ဍတွေမှာ ပူးပေါင်း ဆက်ဆံခဲ့ကြတဲ့ ရင်းနှီး
ကျွမ်းဝင်ပြီးသားနိုင်ငံတွေ ဖြစ်ပါတယ်။ အားကစားအနေနဲ့ကတော့ တိုက်ကွမ်ဒို၊ ဘောလုံးနဲ့ မြားပစ်
အားကစားများမှ ကိုရီးယားနိုင်ငံက နည်းပြတွေက မြန်မာ့လက်ရွေးစင် အားကစားသမားများကို
လေ့ကျင့်ပေးလျက်ရှိပါတယ်" လို့ ပြောခဲ့ပါတယ်။

၀န်ကြီးက "နှစ်နိုင်ငံရင်းနှီးမှု ပိုတိုးတက်လာပြီး မြန်မာနိုင်ငံမှာလည်း တိုက်ကွမ်ဒိုပညာရပ်မှာ
ကျောင်းသား၊ လူငယ်များ အများအပြား စိတ်ဝင်စားလာပြီး ပိုမိုတိုးတက်လာဖို့လည်း မျှော်လင့်
တယ်" လို့ ပြောပါတယ်။

"ကိုယ်ခံပညာရပ် တစ်ခုအနေနဲ့ လည်းဖြစ်ပြီး ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲမှာ ပါ၀င်တဲ့ အားကစားတစ်ခု
ဖြစ်တဲ့ တိုက်ကွမ်ဒိုပညာရပ်နဲ့ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံများမှ လူမျိုးအချင်းချင်း၊ ဘာသာရေး၊
ချစ်ကြည်ရင်းနှီး ဖလှယ်နိုင်ရေးနဲ့ အတူယှဉ်တွဲ နေထိုင်ရေးတို့ ဖော်ဆောင်ရာမှာ တစ်ထောင့်
တစ်နေရာမှ ပါ၀င်ဆောင်ရွက်နိုင်ရေးအတွက်လည်း ရည်ရွယ်တယ်" လို့ မြန်မာနိုင်ငံ တိုက်ကွမ်ဒို
အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးမြဟန် က ပြောပြခဲ့ပါတယ်။

နှစ်နိုင်ငံ ချစ်ကြည်ရေးပိုမိုတိုးမြှင့် နိုင်ရေး၊ ယဉ်ကျေးမှုဖလှယ်နိုင်ရေးနဲ့ မြန်မာနိုင်ငံမှာ တိုက်ကွမ်ဒို
အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး မြန်မာ့အားကစားပိုမို အဆင့်အတန်းမြင့်မားလာရေးတို့ကို
ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်တယ်လို့ ဦးမြဟန်က ပြောပါတယ်။

ပွဲမှာ တိုက်ကွမ်ဒိုပညာရပ်ကို သီချင်းများနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်း၊ ကကွက်များသဖွယ် တင်ဆက်
ခဲ့ပုံခဲ့ကတော့ ပရိသတ်ကို အပြည့်အဝဆွဲဆောင် နိုင်ခဲ့ပါတယ်။

လူဆိုးအဖွဲ့နဲ့ ဇာတ်လိုက်တိုက်ကွမ် ဒိုအဖွဲ့တွေ တိုက်ခိုက်ကြပုံကိုလည်း ဇာတ်လမ်းသဖွယ်
တင်ဆက်တာမို့ စိတ်ဝင်စားစရာကောင်းပြီး စိတ်ကျေနပ်စရာပါပဲ။

ပရိသတ်အကြိုက်ဆုံးဖြစ်တဲ့ ပြကွက်ကတော့ သစ်သားပြားတွေကို လေးဆင့်အထိ ဆက်တိုက်
လှည့်ပတ်ခွဲပြတာကိုပါပဲ။

ခြေထောက်နဲ့ ကန်ပြီးခွဲလိုက်တိုင်း ကျိုးထွက်လာတဲ့ သစ်သားပြားစတွေက ပရိသတ်ဘက်ကို
လွင့်လာလို့ ရှေ့ဆုံးက ပရိသတ်တွေကတော့ ရင်ထိတ်နေမှာ သေချာပါတယ်။

ပွဲအစမှာ ကိုရီးယားအော်ပရာအဆို ရှင်နှစ်ဦးရဲ့ ဂန္ထဝင်သီချင်းတွေက ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို
ထင်သလောက် မရခဲ့ပေမယ့် K-Pop အဖွဲ့ရဲ့ သီဆိုဖျော်ဖြေမှုတွေကတော့ ပရိသတ်ကို အပြည့်အဝ
ဖမ်းစားနိုင်ခဲ့ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး