Air Supply ပွဲအပြီး နောက်လာမယ့် ပြည်ပပွဲတွေ အခမဲ့ ဖြစ်လာနိုင်မလား

Air Supply ပွဲအပြီး နောက်လာမယ့် ပြည်ပပွဲတွေ အခမဲ့ ဖြစ်လာနိုင်မလား

အပြောင်းအလဲကာလမှာ ပြည်ပဖျော် ဖြေပွဲတွေ မြန်မာပြည်မှာ ကျင်းပလာ ကြပေမယ့် ပွဲအရေအတွက်ကတော့ လက်ချိုးရေလို့ ရနိုင်ပါသေးတယ်။

အပြောင်းအလဲကာလမှာ ပြည်ပဖျော် ဖြေပွဲတွေ မြန်မာပြည်မှာ ကျင်းပလာ ကြပေမယ့်
ပွဲအရေအတွက်ကတော့ လက်ချိုးရေလို့ ရနိုင်ပါသေးတယ်။

မနှစ်က ကျင်းပခဲ့တဲ့ Jason Mraz ပွဲကတော့ အခမဲ့ပွဲဖြစ်ပြီး ဒီနှစ်အစောပိုင်းမှာ ကျင်းပခဲ့တဲ့ 
Michael Learns to Rock အဖွဲ့ရဲ့ ဖျော်ဖြေပွဲကတော့ လက်မှတ်ရောင်းချခဲ့သလို စီးပွားရေးတစ်ခု
အဖြစ် ကျင်းပခဲ့တဲ့ ပွဲဖြစ်ပါတယ်။

ဒီနှစ်ပွဲနဲ့ မတူတဲ့ပွဲကတော့ ပြီးခဲ့တဲ့ အပတ် ဩဂုတ်လ ၁၅ ရက်နေ့ကမှ အမ်စီစီစင်တာမှာ ကျင်းပ
ပြီးစီးခဲ့တဲ့ Air Supply အဖွဲ့ရဲ့ ဖျော်ဖြေပွဲပဲ ဖြစ်ပါတယ်။

ပွဲလက်မှတ်တွေကို ဈေးကြီးကြီး နဲ့ ရောင်းချခဲ့ပေမယ့် ရရှိလာတဲ့ ငွေကြေးအားလုံး (အရင်း၊အမြတ်)
ကို မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုအားနည်းတဲ့ နယ်စပ်ဒေသတွေက ကလေးငယ်တွေရဲ့ ပညာရေးအတွက်
လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ဒီပွဲကို စီစဉ်ကျင်းပတာက ထူးဖောင်ဒေးရှင်းနဲ့ ပုဂံအန်တာတိန်းမန့်တို့ ဖြစ်တာကြောင့် ဒီလိုလှူဒါန်းမှု
အပေါ် လူတချို့က ဝေဖန်ပြောဆိုတာမျိုး ရှိကြပေမယ့် အားပေးကြသူတွေကတော့ ခန်းမ အပြည့်
လာကြည့်ကြတဲ့ Air Supply ရဲ့ ပရိသတ်တွေပါပဲ။

ဒီဩစီသားဂီတ အဖွဲ့သားတွေက အရွယ်လွန်တစ်ဆိတ် ဟိုင်းတဲ့အရွယ် ရောက်နေကြပြီဆိုတော့
ဒီပွဲကို လာကြည့်ကြတဲ့ ပရိသတ်တွေ အများစုကလည်း သူတို့ လျှမ်းလျှမ်းတောက် အောင်မြင်ချိန်
ကို မီခဲ့ကြတဲ့ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေများကြပါတယ်။၊

တစ်ဖက်က ဆိုရင်လည်း ဒီအရွယ်တွေကသာ ကျပ် ငါးသောင်းခွဲအထိ သတ်မှတ်ထားတဲ့ ဈေးကြီး
တဲ့လက်မှတ် တွေဝယ်ယူဖို့ တတ်နိုင်တာမဟုတ်လား။

ဖျော်ဖြေပွဲမှာ ဒီအဖွဲ့ရဲ့ အဓိကအဆိုရှင်ဖြစ်တဲ့ Russell Hitchcock နဲ့ တေးရေး တေးဆို ဂစ်တာ
သမား Graham Russell တို့နှစ်ဦး ပါ၀င်ကြပြီး ဆံပင်ဖြူဖြူနဲ့ သူတို့နှစ်ဦးနဲ့အတူ လူငယ်လေးဦး
ကလည်း တူရိယာများကို တီးခတ်ကာ လွတ်လပ်တဲ့ဟန်ပန် အမူအရာတွေနဲ့ ဟန်ချက်ညီညီ
ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

သူတို့ရဲ့ နာမည်ကြီးတေးသီချင်းတွေဖြစ်တဲ့ Just As I Am, Every Woman in the World,
Dance with Me, Here I Am, Lost in Love, The Power of Love (You Are My Lady)
အပြင် Air Supply ရဲ့ မြန်မာပြည်ခရီးစဉ်အတွက် မပါမဖြစ်တေး သီချင်းတစ်ပုဒ်လို့ ပြောလို့ရမယ့်
"Making Love Out of Nothing At All" အပါအဝင် တေးသီချင်းစုစုပေါင်း ၁၅ ပုဒ်လောက်
ဖျော်ဖြေခဲ့ပြီး "All Out of Love" သီချင်းနဲ့ နှုတ်ဆက် ပွဲသိမ်းသွားခဲ့ပါတယ်။

လတ်တလောမှာတော့ ပွဲကနေ ရရှိငွေများကို စာရင်းရှင်းနေဆဲဖြစ် ပြီး စာရင်းရှင်းပြီးတာနဲ့ လှူဒါန်း
သွားမှာဖြစ်တယ်လို့ ထူးဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပွဲရဲ့ မူလအစီအစဉ်က အခမဲ့ဖျော်ဖြေပွဲအဖြစ် ကျင်းပဖို့ ဖြစ်ပေမယ့် နေရာ အခက်အခဲကြောင့်
လက်မှတ်ရောင်းချခဲ့တာလို့လည်း သိရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တတ်နိုင်တဲ့သူတွေက ပြည်ပက နာမည်ကျော် အဆိုတော်နဲ့ ဂီတအဖွဲ့ တွေ
ဖိတ်ပြီး အခမဲ့ပွဲတွေ ကျင်းပပေး နိုင်မယ်ဆိုရင်တော့ မုဒိတာပွားများစရာပဲ ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး