စာရေးဆရာကြီး ပီမိုးနင်း နှစ်(၁၃၀) ပြည့်မွေးနေ့ အခမ်းအနား ကျင်းပမည်

စာရေးဆရာကြီး ပီမိုးနင်း နှစ်(၁၃၀) ပြည့်မွေးနေ့ အခမ်းအနား ကျင်းပမည်

သူကွယ်လွန်ခဲ့တာ နှစ်ပေါင်း ရ၀ ကျော်ပြီဖြစ်ပေမယ့် သူရေးသားခဲ့တဲ့ စာပေ လက်ရာတွေက ပြည်သူလူထုကို ယနေ့ထိ အကျိုးပြုဆဲဖြစ်သလို သူ့နာမည်ဟာလည်း ယနေ့ထိတိုင် ရှင်သန်နေဆဲပဲဖြစ်ပါတယ်။

သူကွယ်လွန်ခဲ့တာ နှစ်ပေါင်း ရ၀ ကျော်ပြီဖြစ်ပေမယ့် သူရေးသားခဲ့တဲ့ စာပေ လက်ရာတွေက
ပြည်သူလူထုကို ယနေ့ထိ အကျိုးပြုဆဲဖြစ်သလို သူ့နာမည်ဟာလည်း ယနေ့ထိတိုင် ရှင်သန်နေဆဲ
ပဲဖြစ်ပါတယ်။

ဒီပုဂ္ဂိုလ်ကြီးဟာ မြန်မာစာပေလောကရဲ့ ပြယုဂ်တစ်ခုလည်းဖြစ်ပြီး ရုပ်ရှင်လောကသားများအတွက်
ဇာတ်ညွှန်းဖခင်ကြီး တစ်ဦးလည်း ဖြစ်တဲ့ စာရေးဆရာ ပီမိုးနင်းပဲ ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာလ ၅ ရက်နေ့ဟာ သူ့အသက် နှစ် ၁၃၀ တင်းတင်းပြည့်တဲ့နေ့ဖြစ်ပြီး အဲဒီနေ့မှာ
ဂုဏ်ပြုအခမ်းအနားကို ၀င်္ကပါလမ်းထဲမှာ တည်ရှိတဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ကျင်းပ
ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

"မြန်မာ့ရုပ်ရှင်လောကမှာဆိုရင် ဆရာကြီးက ပထမဆုံး ဇာတ်ညွှန်းရေး ဆရာကြီးပါ။ သူရဲ့ စာပေ
အရေးအသားတွေက တကယ်ကို ထူးချွန်ပြောင်မြောက်သလို ဒါရိုက်တာကောင်း တစ်ယောက်
လည်း ဖြစ်ပါတယ်။ အဲဒါတွေကြောင့် ဆရာကြီးကို လေးစားတဲ့အနေနဲ့ သတိတရအမြဲတမ်း
အထိမ်းအမှတ်ပွဲတွေ လုပ်ဖြစ်တယ်"လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ(၂) တာဝန်ယူ
ထားတဲ့ ဦးအေးကြူလေးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့မှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကပဲ ဦးစီးကာ
ဆရာကြီး ပီမိုးနင်းရဲ့မွေးနေ့ နှစ် ၁၁၀ ပြည့်အခမ်း အနားကို ပြုလုပ်ဖြစ်ခဲ့ပြီး နှစ်ပေါင်း ၂၀ ကြာပြီးတဲ့
နောက်မှာ ထပ်ပြီးကျင်းပမှာ ဖြစ်ပါတယ်။

"ပွဲနေ့မှာတော့ အရင်တုန်းက လုပ်နေကျအတိုင်း ဆရာကြီးရဲ့ ဘဝအကြောင်းတွေ၊ သူဖန်တီးခဲ့တဲ့
အောင်မြင်တဲ့စာအုပ်၊ ရုပ်ရှင်အကြောင်း တွေကိုပဲ ရုပ်ရှင်လောကသားတွေနဲ့ ဇာတ်ညွှန်းဆရာတွေ
က စာတမ်းဖတ် ဖြစ်ကြမှာပါ"လို့ အခမ်းအနားမှာ ပါ၀င်မယ့်သူတစ်ဦးဖြစ်တဲ့ စာရေးဆရာ
အောက်တိုဘာ အောင်ကြီး ကဆိုပါတယ်။

မြန်မာ့ရုပ်ရှင်မှာ နာမည်ကျော်ခဲ့တဲ့ 'မေတ္တာနဲ့ သူရာ' ရုပ်ရှင်ဟာ ဆရာကြီးရဲ့ ၀တ္ထုဖြစ်တဲ့ 'အချစ်နဲ့
အရက်'ကို အခြေခံရိုက်ကူးထားတာ ဖြစ်ပြီး အရက်သောက်တဲ့အခါ ဖြစ်လာတဲ့ နောက်ဆက်တွဲ
အန္တရာယ်နဲ့ အကျိုးဆက်တွေကို ဖော်ကျူးထားတာ ဖြစ်ပါတယ်။

ဆရာကြီးဟာ ၀တ္ထုတိုပေါင်း ရ၀၀ ကျော်နဲ့ စာအုပ်ပေါင်း ၈၀ ကျော် ရေးသားခဲ့တယ်လို့ ရုပ်ရှင်
အစည်းအရုံးမှ ထုတ်ထားတဲ့ ပီမိုးနင်းနှစ် ၁၁၀ ပြည့် အထိမ်းအမှတ်စာအုပ်ကနေ သိရှိရပါတယ်။

စာပေပိုင်းမှာ လူသိများတဲ့ ဆရာကြီးက ကိုယ်တိုင် ဇာတ်ညွှန်း၊ ဒါရိုက်တာ လုပ်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်
ဇာတ်ကားပေါင်း ၁၁ ကား ရှိတယ်လို့လည်း အောက်တိုဘာ အောင်ကြီးက ပြောပြပါတယ်။

ဆရာကြီး ကွယ်လွန်သွားပေမယ့်လည်း သူ့စာအုပ်နဲ့ ကျမ်းများစွာကို ယနေ့ချိန်ထိ စာပုံနှိပ်တိုက်များ
က ထုတ်ဝေနေဆဲဖြစ်ပါတယ်။

ပဲခူးတိုင်း၊ သုံးဆယ်မြို့ ဇာတိဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၅၇ နှစ်သာရှိပါသေးတယ်။

သူ့ဘဝသက်တမ်း တစ်လျှောက်လုံးမှာ စာပေရေးသားခြင်းနဲ့သာ အချိန်ကုန်ခဲ့သူဖြစ်ပြီး ၁၉၄၀ ပြည့်
နှစ်၊ ဇန်နဝါရီ ၆ ရက်နေ့မှာ အဆုတ်အအေးမိ ရောဂါရနေစဉ်မှာပဲ စက်ဘီးတိုက်မိလို့ရတဲ့ ဒဏ်ရာ
အရှိန်နဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး