မြန်မာဖက်ရှင် ဒီဇိုင်နာအဖွဲ့ (MFDG) က နေပြည်တော်မှာ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမယ့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်မှာ ပါ၀င်ပြီး တင်ဆက်ဖျော်ဖြေပေးမယ့်သူများအတွက် ၀တ်စုံများကို ချုပ်လုပ်ပေးနေကြတယ်လို့ သိရပါတယ်။
မြန်မာဖက်ရှင် ဒီဇိုင်နာအဖွဲ့ (MFDG) က နေပြည်တော်မှာ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမယ့်
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်မှာ ပါ၀င်ပြီး တင်ဆက်ဖျော်ဖြေပေးမယ့်သူ
များအတွက် ၀တ်စုံများကို ချုပ်လုပ်ပေးနေကြတယ်လို့ သိရပါတယ်။
"ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ဖိတ်ခေါ် ကမ်းလှမ်းမှုကြောင့် ဒီအရှေ့တောင် အာရှအားကစားပွဲတော်မှာ
ပါ၀င်ချုပ်ဖြစ်တာပါ။ ၀တ်စုံတွေ မချုပ်ခင် ကျွန်မတို့က ၀တ်စုံဒီဇိုင်းနမူနာပုံ ၃၀ ကျော်ကို ရေးဆွဲပြီး
နေပြည်တော် ယဉ်ကျေးမှုဝန်ကြီးဌာနကို တင်ပြရပါတယ်။ သူတို့ ရွေးချယ်ပေးတဲ့ ဒီဇိုင်းကို အတူတူ
ညှိနှိုင်းပြီးတော့ ချုပ်ကြတာပါ"လို့ MFDG အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒီဇိုင်နာ မမ ဉ္ဇူက မြန်မာတိုင်း(မ်)ကို
ပြောပါတယ်။
ဒီဇိုင်နာ အဖွဲ့ဝင်ပေါင်း ၃၀ ကျော်ဟာ စုစုပေါင်း ၀တ်စုံ ၁,၀၀၀ ကျော် ချုပ်လုပ်ပေးကြရပြီး
ဆိုင်းဘုတ်ကိုင် အမျိုးသမီးလေးများအတွက် ဒီဇိုင်နာ တစ်ဦးလျှင် ၀တ်စုံလေးစုံစီ ချုပ်လုပ်ကြရပြီး
သီချင်းနှစ်ပုဒ်စာအတွက် တိုင်းရင်းသားဝတ်စုံတွေကိုလည်း ခွဲဝေကာ ဖန်တီးပေးကြရတယ်လို့
ပြောပြပါတယ်။
ဒီဇိုင်နာ ပြည်စိုးအောင်နဲ့ သူ ကတော့ ရှမ်းတိုင်းရင်းသား ၀တ်စုံအတွက် တာဝန်ယူထားတယ်
လို့လည်း မမ ဉ္ဇူက ဆိုပါတယ်။
MFDG အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒီဇိုင်နာ မပုံ့ကတော့ ကယားဝတ်စုံပေါင်း ၆၁ စုံ၊ ဆိုင်းဘုတ်ကိုင်ဝတ်စုံ
လေးစုံနဲ့ သက်တံပုံစံအဖြစ် သရုပ်ဖော်မယ့် အစီအစဉ်အတွက် သက်တံရောင်ဝတ်စုံ ၁၀၀ ကျော်တို့
ချုပ်လုပ်နေတယ်လို့ ဆိုပါတယ်။
"အခုလို အရှေ့တောင်အာရှ နိုင်ငံတကာအာကစားပွဲတော်မှာ ကျွန်မတို့ မြန်မာဖက်ရှင် ဒီဇိုင်နာအဖွဲ့
အနေနဲ့ ပါ၀င်ခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ ကျွန်မတို့အတွက် အမှတ်တရလည်းဖြစ်တာပေါ့"လို့
နိုင်ငံတော်အခမ်းအနားမှာ ပါ၀င်ခွင့်ရတဲ့ သူ့ခံစားချက်ကို ပြောပြပါတယ်။
ချင်းဝတ်စုံကို ဒီဇိုင်နာ သက်နှင်းအေးမှ ဖန်တီးနေပြီး ကချင်ဝတ်စုံကိုတော့ ဆန်းဘောက်ရာမှ
ချုပ်လုပ်နေတာဖြစ်ပါတယ်။
ကရင် ၀တ်စုံကို ဒီဇိုင်နာ လတ်လတ်၊ မွန် ၀တ်စုံကို မိုးကုတ် ပေါက်ပေါက်က ဖန်တီးချုပ်လုပ်နေတာ
ဖြစ်ပါတယ်။
"အားကစားပွဲတော်မှာ နိုင်ငံတကာကနေ လာကြမှာဆိုတော့ အမှားအယွင်းမရှိအောင် ဂရုစိုက်ပြီး
ချုပ်ရပါတယ်။ အခုလို ပါ၀င်ခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ အဲဒီအတွက်အကောင်းဆုံးဖြစ်အောင်
ကြိုးစားထားပါတယ်"လို့ ဒီဇိုင်းနာ သက်နှင်းအေးက ပြောပါတယ်။
သူ ဖန်တီးချုပ်ရတဲ့ ချင်း ၀တ်စုံ အတွက် ချင်းတိုင်းရင်းသားလူမျိုးတွေက လူမျိုးစုများစွာ ရှိကြတာ
ကြောင့် ၀တ်စုံဒီဇိုင်းများကို နမူနာလုပ်ပြီး ချင်းတိုင်းရင်းသား လူကြီးများကို အရင်ဆုံး ပြကြည့်
ရတယ်လို့ ဆိုပါတယ်။
"ကျောင်းသူလေးတွေ ၀တ်ဆင်ကြရမှာဖြစ်တဲ့အတွက် လူငယ်ဆန်ဆန် ချုပ်ပေးထားပါတယ်"လို့
သက်နှင်းအေးက ပြောပါတယ်။
အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလထဲမှာ ကျင်းပသွားမှာ ဖြစ်ပြီး ဒီဇိုင်နာတွေ
အားလုံးဟာ ၀တ်စုံတွေကို ဩဂုတ်လအတွင်း အပြီးချုပ်လုပ်သွားရမယ်လို့ သိရပါတယ်။















