မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု၊ သုံးစွဲမှုတို့ဖြင့် ထိန်းသိမ်းခံထားရသည့် သရုပ်ဆောင် ရဲတိုက်၏အမှုအား ဩဂုတ်လ ၂၁ ရက်နေ့တွင် တတိယအကြိမ် ကြားနာစစ်ဆေးခဲ့ပြီး စတုတ္ထမြောက်ရုံးချိန်းကို ဩဂုတ်လ ၂၇ ရက်နေ့၌ ဆက်လက်ကြားနာ စစ်ဆေးသွားမည်ဖြစ်ကြောင်း ကျောက်တံခါးရဲစခန်းမှ စုံစမ်းသိရှိရသည်။
မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု၊ သုံးစွဲမှုတို့ဖြင့် ထိန်းသိမ်းခံထားရသည့် သရုပ်ဆောင် ရဲတိုက်၏
အမှုအား ဩဂုတ်လ ၂၁ ရက်နေ့တွင် တတိယအကြိမ် ကြားနာစစ်ဆေးခဲ့ပြီး စတုတ္ထမြောက်ရုံးချိန်း
ကို ဩဂုတ်လ ၂၇ ရက်နေ့၌ ဆက်လက်ကြားနာ စစ်ဆေးသွားမည်ဖြစ်ကြောင်း ကျောက်တံခါး
ရဲစခန်းမှ စုံစမ်းသိရှိရသည်။
ထိုရုံးချိန်းတွင်လည်း ပြီးခဲ့သည့်ရုံးချိန်းများကဲ့သို့ပင် တရားလိုဘက်မှ သက်သေများကိုသာ စစ်ဆေး
သွားမည်ဖြစ်ပြီး တရားလိုဘက်မှ သက်သေများ အားလုံးကို စစ်ဆေးပြီးချိန်မှသာ အမှုဖြင့် ဖမ်းဆီး
ခံထားရသည့် ရဲတိုက်ကို စတင်စစ်ဆေးသွားမည်ဟု ကျောက်တံခါးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက
မြန်မာတိုင်း(မ်)ကိုပြောသည်။
ပထမရုံးချိန်းကို ဩဂုတ်လ ၅ နေ့တွင် စတင်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်
တရားရုံး၌ ကြားနာစစ်ဆေးခဲ့ခြင်းဖြစ်သည်။
သရုပ်aဆာင် ရဲတိုက်အား ကိုယ်တိုင် ဖမ်းဆီးခဲ့သည့် ရဲအုပ်လှမြင့်ဦးက တရားလိုပြုလုပ်ကာ အမှု
ဖွင့်ပြီး အမှုစစ် ရဲအုပ် မျိုးမြင့်ဦးက အမှုတည်ဆောက်ကာ ကျောက်တံခါးမြို့နယ် တရားရုံး၌
ဇူလိုင်လ ၂၆ ရက်နေ့တွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ရဲတိုက်ကို ဇူလိုင်လ ၄ ရက်နေ့၊ ညနေပိုင်းတွင် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ
ကျောက်တံခါးရဲစခန်းမှ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။















