နှစ်စဉ် ကျင်းပလာခဲ့တာ ဒီနှစ်ဆိုရင် သုံးနှစ်တိုင်ပြီဖြစ်တဲ့ Manhunt အမျိုးသားမော်ဒယ်ပြိုင်ပွဲကြီးမှာ အမျိုးသမီးဆန်ဆန် ပြင်ဆင်ခြယ်သတဲ့ ပုံစံတွေအစား အမျိုးသားတစ်ယောက်ရဲ့ ဆွဲဆောင်မှု ရှိတဲ့ ဟန်ပန်မျိုးကိုသာ ပရိသတ်တွေ မြင်ကြရမှာပါလို့ မိတ်ကပ်ပညာရှင် လင်းလင်းက ပြောကြားလိုက်ပါတယ်။
နှစ်စဉ် ကျင်းပလာခဲ့တာ ဒီနှစ်ဆိုရင် သုံးနှစ်တိုင်ပြီဖြစ်တဲ့ Manhunt အမျိုးသားမော်ဒယ်ပြိုင်ပွဲကြီး
မှာ အမျိုးသမီးဆန်ဆန် ပြင်ဆင်ခြယ်သတဲ့ပုံစံတွေ အစား အမျိုးသားတစ်ယောက်ရဲ့ ဆွဲဆောင်မှု
ရှိတဲ့ ဟန်ပန်မျိုးကိုသာ ပရိသတ်တွေ မြင်ကြရမှာပါလို့ မိတ်ကပ်ပညာရှင် လင်းလင်းက ပြောကြား
လိုက်ပါတယ်။
သူက ဒီနှစ်ပွဲမှာ ဆံပင်နဲ့ မိတ်ကပ်ကို ပံ့ပိုးပေးမှာဖြစ်ပြီး အမျိုးသား တစ်ယောက်အနေနဲ့
နိုင်ငံတကာမှာရှိတဲ့ မော်ဒယ်တစ်ယောက် စံမီဖို့ဆိုရင် မိန်းမဆန်တဲ့ မိတ်ကပ် အပြင်အဆင်တွေကို
ရှောင်ရှားသင့်တယ်လို့လည်း ဝေဖန်လိုက်ပါတယ်။
"ကျွန်မအနေနဲ့ ဒီပြိုင်ပွဲကို ကူညီပေးရတဲ့အတွက် ၀မ်းသာပါတယ်။ ဒီပွဲကြီးက အမျိုးသားမော်ဒယ်
တွေ အတွက် အထောက်အပံ့ပေးနိုင်မယ့် အနုပညာလမ်းပေါ်ကို တွန်းပို့ပေး နိုင်မယ့်ပွဲဆိုတာကို
ယုံကြည်ပါတယ်"လို့ လင်းလင်းက ပြောပါတယ်။
"ဒါပေမဲ့ အရင်ပွဲတွေတုန်းက ပြိုင်ပွဲဝင်တွေအနေနဲ့ သဘာဝဆန်ဆန် ဆွဲဆောင်မှုကောင်းတဲ့ ပုံစံမျိုး
မဟုတ်ဘဲ ချစ်စရာသွားကောင်းနေတာကို တွေ့ရတယ်။ နိုင်ငံတကာကပြိုင်ပွဲတွေကို ကြည့်လိုက်
ပါ။ အဲဒီမှာ အမျိုးသားတွေဆိုရင် သူတို့ကိုယ်သူတို့ ဆွဲဆောင်မှုကောင်းတဲ့ ပုံစံမျိုးရအောင်ပဲ
ယှဉ်ပြိုင်ကြတာကို တွေ့ရမှာပါ။ ဒါကြောင့် ဒီနှစ်မှာ ကျွန်မက ပြိုင်ပွဲဝင်တွေ ဆွဲဆောင်မှုကောင်းတဲ့
သူတွေဖြစ်အောင်၊ ဒိုင်တွေ မျက်စိလည်သွားအောင် ဖန်တီးပေးသွားမှာပါ"လို့ လင်းလင်းက
ပြောပါတယ်။
မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးမှာ အမျိုးသမီးတွေအတွက် ရည်ရွယ်ကျင်းပတဲ့ မစ္စပွဲတွေ
ပေါများလှသလို ရောပြီးကျင်းပတဲ့ မစ္စနဲ့ မစ္စတာပွဲတွေလည်း ပြုလုပ်ကြပါတယ်။
ဒါပေမဲ့ အမျိုးသားချည်း သီးသန့်ကျင်းပတဲ့ မော်ဒယ်ပြိုင်ပွဲကတော့ လက်ချိုး ရေလို့ရတဲ့
အနေအထားမှာပဲ ရှိနေပါသေးတယ်။
တတိယအကြိမ် တိုင်ပြီဖြစ်တဲ့ Manhunt III ပွဲကို Myanmar Model Management မှ ကြီးမှူး
ကျင်းပတာဖြစ်ပြီးတော့ ပထမဆုအဖြစ် ငွေကျပ် ၁၅ သိန်းအပြင် မော်ဒယ်တစ်ယောက်ရဲ့
ရပ်တည်မှုတွေနဲ့ တခြား အခွင့်အလမ်းတွေလည်း အများကြီးရနိုင်တဲ့ပွဲဆိုတာကို ပြီးခဲ့တဲ့နှစ်တွေက
ကျင်းပခဲ့တဲ့ပွဲတွေက သက်သေခံနေပါတယ်။
ပြိုင်ပွဲဝင်တွေအနေနဲ့ ပွဲမစခင်ကတည်းက မော်ဒယ်သင်တန်းတွေ၊ ဉာဏ်ရည်စမ်းစာမေးပွဲတွေ၊
ပင်ကို စွမ်းရည်ပြသမှုတွေနဲ့ ဓာတ်ပုံရိုက်ကူးမှု ဆိုင်ရာတွေကိုလေ့ကျင့်ပြီးတော့မှသာ
လျှောက်လမ်းမကြီးပေါ်ကို တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
Myanmar Model Management ကို တည်ထောင်သူ ကိုဋ္ဌေးမင်းထွန်းကတော့ ဒီပြိုင်ပွဲကြီးကို
စိတ်ဝင်စားတဲ့ အမျိုးသားတွေ တော်တော်များတယ်လို့ ဆိုပါတယ်။
"ဒီနှစ်မှာ ပွဲကျင်းပချိန်မတိုင်ခင်ကတည်းက ကျွန်တော့်ကို အမျိုးမျိုး ဆက်သွယ်ပြီးတော့ ပြိုင်ပွဲ
ဘယ်အချိန်မှာ လုပ်မလဲဆိုပြီး မေးမြန်းလာတာတွေ ရှိပါတယ်။ ဒါကြောင့်လည်း ပွဲစီစဉ်တဲ့
သူအနေနဲ့ ၀မ်းသာဂုဏ်ယူမိပါတယ်" လို့ ပွဲကျင်းပရေးနဲ့ ပတ်သက်လို့ ဩဂုတ်လ ၂၁ ရက်နေ့က
ကုန်သည်ကြီးများဟိုတယ်မှာ ကျင်းပသွားတဲ့ စာနယ်ဇင်းပွဲမှာ ပြောသွားခဲ့ပါတယ်။
အရင်နှစ်တွေမှာတော့ Manhunt ကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပခဲ့ပေမယ့် ဒီနှစ်မှာတော့ ရန်ကုန်မြို့ရဲ့ ပေါ်ပြူလာဖြစ်တဲ့နေရာ နှစ်နေရာမှာ ပြုလုပ်သွားမှာပါ။
ယှဉ်ပြိုင်ပွဲကြီးနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကို စက်တင်ဘာလ ၂၀ ရက်နေ့ Junction Square
မှာပြုလုပ်သွားမယ့်အပြင် နောက်ဆုံးပြိုင်ပွဲကြီးကိုတော့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ Strand
ဟိုတယ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ပါ၀င်ယှဉ်ပြိုင်ချင်တဲ့သူတွေဟာ စက်တင်ဘာလ ၁၇ ရက်နေ့ နောက်ဆုံးထားပြီးတော့ Utopia
Tower၊ Ko Ko Beauty Salon (Junction Maw Tin)၊ Ko Maw Beauty Hair Salon တို့မှာ
လျှောက်လွှာ တစ်စောင်ကို ကျပ် ၆,၀၀၀ နှုန်းနဲ့ သွားရောက် ထုတ်ယူရမှာ ဖြစ်ပါတယ်။
















