မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)က ယခုလအတွင်းမှာ တေးစီးရီး ၆၀ ကျော်ကို နိုင်ငံတကာမှာ တွင်တွင်ကျယ်ကျယ် သုံးနေပြီးဖြစ်တဲ့ ဘားကုတ် (barcode) စနစ်နဲ့ ပြောင်းလဲထုတ်လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)က ယခုလအတွင်းမှာ တေးစီးရီး ၆၀ ကျော်ကို နိုင်ငံတကာမှာ
တွင်တွင်ကျယ်ကျယ် သုံးနေပြီးဖြစ်တဲ့ ဘားကုတ် (barcode) စနစ်နဲ့ ပြောင်းလဲထုတ်လုပ်ပေးခဲ့
တယ်လို့ သိရပါတယ်။
အစည်းအရုံးအနေနဲ့ audio CD, video CD (DVD), digital video disc အစရှိတဲ့ မြန်မာ့တေး
သီချင်းခွေ တွေကို ထုတ်လုပ်ရာမှာ ဘားကုတ် စနစ်အဖြစ် ပြောင်းလဲ ထုတ်လုပ်သွားဖို့အတွက်
ဩဂုတ်လ ၁ ရက်နေ့မှာ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် တေးထုတ်လုပ်ဖြန့်ချိသူတွေအနေနဲ့ စီးရီးကာဗာတွေမှာ ယခင်ကအသုံးပြုတဲ့ စတစ်ကာ
(sticker) စနစ်အစား ဘားကုတ်ကိုသာ ပြောင်းလဲ ထည့်သွင်းကြရမှာ ဖြစ်ပါတယ်။
ဘားကုတ်စနစ်ပြောင်းလဲ လုပ်ဆောင်ရာမှာ Edwin နည်းပညာ ကုမ္ပဏီက ဂီတအစည်းအရုံးနဲ့
ပူးပေါင်းဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။
"သီချင်းခွေတွေ ထုတ်တဲ့အခါမှာ ကျွန်တော်တို့ အစည်းအရုံးရဲ့ ခွင့်ပြုချက်ယူပြီးတော့ အစည်းအရုံး
ခွင့်ပြုချက်စတစ်ကာကို အခွေမှာ ကပ်ပေးလေ့ရှိတယ်။ အခုကျတော့ သီချင်းခွေ ထုတ်တဲ့သူတွေ
အနေနဲ့ မူပိုင်ခွင့်လာ လျှောက်တဲ့အခါမှာ ဘားကုတ်အတွက်ကိုပါ ထည့်လျှောက်ရတယ်။ ပြီးတော့
မှ ခွင့်ပြုချက်ကို ဘားကုတ်နဲ့ ဖော်ပြပေးသွားမှာဖြစ်တယ်"လို့ ဂီတအစည်းအရုံး ပြန်ကြားရေးမှူး
ဖြစ်တဲ့ ဦးစိုးထွဋ်ခိုင်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
"ဘားကုတ်စနစ်ဆိုတာက အခွေ တစ်ခွေမှာရှိတဲ့ သီချင်းတစ်ပုဒ်စီကို ကိုယ်ပိုင်နံပါတ်တစ်ခု
ပြောင်းပေးလိုက်တဲ့ သဘောပါပဲ။ ဥပမာ - 'ရင်တွင်းမေ' သီချင်းဆိုပါစို့။ အဲဒီသီချင်းရဲ့ ရေးသူ၊
ဆိုသူ၊ တီးခတ်သူ၊ ထုတ်လုပ်ဖြန့်ချိသူ စတာတွေကို တစ်ပြိုင်တည်း မှတ်ပုံတင်ပြီးသလို
ဖြစ်သွားတယ်။ ရှာဖွေတဲ့သူအနေနဲ့လည်း အဲဒီလို တိတိကျကျ ရနိုင်တယ်။ အဲဒီတော့ သူနဲ့
ပတ်သက်တဲ့ အငြင်းပွားမှုတွေ မရှိတော့ဘူးပေါ့။ တော်တော်ကောင်းတဲ့စနစ်ပါ"လို့လည်း
ဆိုပါတယ်။
ဘားကုတ်စနစ်နဲ့ ပတ်သက်ပြီး တတ်ကျွမ်းနားလည်သူတစ်ဦးကတော့ "ဒီလိုမျိုးလုပ်သင့်တာကြာ
ပါပြီ။ နိုင်ငံတကာမှာဆိုရင် ဘားကုတ်အမျိုးမျိုးတွေ ပြောင်းပြီးတော့တောင် လုပ်နေကြပြီ။ မူပိုင်ခွင့်
နဲ့ပတ်သက်လို့ အငြင်းပွားစရာ မလိုတော့ဘူးပေါ့။ တစ်ခုတော့ ရှိပါတယ်။ သူက ကွန်ပျူတာစနစ်နဲ့
လုပ်ငန်းလုပ်တဲ့အတွက်ကြောင့် အဲဒီ ဘားကုတ် ဆော့ဖ်ဝဲကိုရေးတဲ့လူအနေနဲ့ သေချာလုပ်ဖို့ပါပဲ။
ဓာတ်ပုံရိုက်ပြီးရင် ကွန်ပျူတာထဲမှာ ထည့်သိမ်းပြီး ပုံဟောင်းတွေ ပြန်ရှာရသလိုပဲ။ တစ်ခုခုဖြစ်ရင်
ကုတ်ဟောင်းတွေ ပြန်ရှာနိုင်ဖို့ သေသေချာချာ backup လုပ်ဖို့လိုပါတယ်"လို့ ပြောပါတယ်။
Bo Bo Entertainment မှ တာဝန်ရှိသူ တစ်ဦးကလည်း "ကျွန်တော်တို့ကို ဩဂုတ်လဆန်းပိုင်းက
အစည်းအဝေးမှာ ဘားကုတ်စနစ် ပြောင်းတယ်လို့ တော့ပြောတယ်။ အဲဒီ စနစ်ပြောင်းတဲ့အတွက်
နောက်ထပ် ကုန်ကျစရိတ်တွေလည်း မရှိနိုင်ဘူး ဆိုပြီးတော့ပေါ့။ ကျွန်တော်တို့ ထုတ်မယ့်
ကာဗာမှာ ဘားကုတ်ထည့်လိုက်ရုံပါပဲ။ သီချင်းခွေကာဗာကိုတော့ အရင်လို ကြိုရိုက်လို့မရတော့
ဘူးပေါ့။ အရင် ဘားကုတ်လျှောက်၊ ဘားကုတ်ရမှ နံပါတ်ရိုက် ကာဗာနဲ့ တွဲတင်ရတဲ့ပုံစံလို
ဖြစ်သွားပြီ"လို့ ပြောပါတယ်။
ဒီလိုပြောင်းလဲရတဲ့ ရည်ရွယ်ချက်ကိုတော့ မြန်မာ့ဂီတစီးပွားရေးလုပ်ငန်း ပြန်လည်ဦးမော့လာစေဖို့
ကြိုးပမ်းနေတဲ့ကာလမှာ လက်ရှိခေတ်၊ စနစ်နဲ့ကိုက်ညီတဲ့ ဈေးကွက်သတင်းအချက် အလက်တွေ
တိကျစွာရယူနိုင်ဖို့၊ နိုင်ငံနဲ့ အဝန်း လက်လီ၊ လက်ကားဖြန့်ချိ ရောင်းချနေတဲ့ တေးသံသွင်းဆိုင်တွေ
နဲ့ တခြားစတိုးဆိုင်တွေ၊ ရှော့ပင်းမောတွေမှာ ဘားကုတ်စနစ်နဲ့ စနစ်တကျ တစ်ပြိုင်တည်း
အသုံးပြုပြီး နောင်အခါမှာ မဖြစ်မနေ လိုအပ်လာမယ့် တေးအယ်လ်ဘမ်ဆိုင်ရာ သတင်းအချက်
အလက်တွေကို စတင်စုဆောင်းထား နိုင်ဖို့နဲ့ မြန်မာ့ဂီတပိုင်းဆိုင်ရာ ဖွ့ံဖြိုး တိုးတက်ရေးအတွက်
အရေးပါတဲ့ ဂုဏ်ပြုဆုချီးမြှင့်တဲ့ အစီအစဉ်တွေအတွက် အထောက်အကူပြုနိုင်ဖို့ဆိုပြီး မြန်မာနိုင်ငံ
ဂီတအစည်းအရုံး(ဗဟို)ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ဖော်ပြထားတာကို တွေ့ရပါတယ်။
"မြန်မာနိုင်ငံမှာ ထွက်ရှိတဲ့ သီချင်းခွေတွေ တရားဝင် ဘယ်နှချပ် ထွက်တယ်၊ ထွက်တဲ့နှစ်၊
ထုတ်လုပ်တဲ့သူတွေက ဘာတွေဖြစ်မယ်ဆိုတာကို အစည်းအရုံးအနေနဲ့လည်း သိနိုင်မယ်။
နောက်ပြီး အရောင်းစင်တာတွေက ခသကညအ သ် ျေူန စနစ်တွေမှာ ကုတ်နံပါတ် ထပ်ရိုက်စရာ
မလိုတော့ဘဲနဲ့ အစည်းအရုံးက ကုတ်ကို အသုံးပြုနိုင်မယ်။ ဒါကြောင့် ရောင်းရတဲ့အရေအတွက်
ကိုလည်း တိတိကျကျသိနိုင်မှာပါ။ နောက်ပြီးတော့ ရောင်းအား အကောင်းဆုံးတေးစီးရီးဆု
ပေးတဲ့အခါမှာလည်း ဒီစနစ်နဲ့ တိတိကျကျ ဖြေရှင်းပေးလို့ရမှာပါ"လို့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး
(ဗဟို)တွဲဖက်အတွင်း ရေးမှူး ဦးကျော်ဇေယျက ဘားကုတ် အသုံးပြုခြင်းကြောင့် ရရှိလာမယ့်
အကျိုး ကျေးဇူးတွေကို ပြောပြပါတယ်။















