လွန်ခဲ့တဲ့ နှစ် ရ၀ ကျော်က ရှားပါး ဓာတ်ပုံတွေ၊ ဆင်ဆာကြောင့် ပြသခွင့် မရခဲ့တဲ့ဓာတ်ပုံတွေ၊ ရန်ကုန်မြို့နေ အခြေခံလူတန်းစားတချို့ရဲ့ ရင်တွင်း ခံစားချက်တွေကို ပုံဖော်ထားတဲ့ ခဲပန်းချီကားတွေနဲ့ ဗီဒီယိုတွေကို အနုပညာပြပွဲအဖြစ် စက်တင်ဘာလ ၁၆ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ပန်းဆိုးတန်းလမ်းမပေါ်က လောက နတ်ပြခန်းမှာ ပြသသွားမှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ရ၀ ကျော်က ရှားပါး ဓာတ်ပုံတွေ၊ ဆင်ဆာကြောင့် ပြသခွင့် မရခဲ့တဲ့ဓာတ်ပုံတွေ၊
ရန်ကုန်မြို့နေ အခြေခံလူတန်းစားတချို့ရဲ့ ရင်တွင်း ခံစားချက်တွေကို ပုံဖော်ထားတဲ့ ခဲပန်းချီကား
တွေနဲ့ ဗီဒီယိုတွေကို အနုပညာပြပွဲအဖြစ် စက်တင်ဘာလ ၁၆ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ
ပန်းဆိုးတန်းလမ်းမပေါ်က လောက နတ်ပြခန်းမှာ ပြသသွားမှာ ဖြစ်ပါတယ်။
ဒီပွဲမှာ ဂျာမန်လူမျိုး မစ္စတာ ဂျေးကိုလ်နဲ့အတူ နိုင်ငံတကာအနုပညာရှင်တွေရဲ့ လက်ရာတွေကို
ကြည့်ရှုခံစားကြရမှာဖြစ်ပြီး နိုင်ငံရေး ပြောင်းလဲမှုနဲ့အတူ တိုင်းတစ်ပါး ယဉ်ကျေးမှု ၀င်ရောက်လာတဲ့
အပေါ် ဝေဖန်ဆွေးနွေးတင်ပြမယ့် စကားဝိုင်းကိုလည်း ထည့်သွင်း စီစဉ်ထားပါတယ်။
"ကျွန်တော်က မြန်မာနိုင်ငံကို ၁၉၉၇ ခုနှစ်ကတည်းက ရောက်ဖူးခဲ့ပြီး အဲဒီအချိန်တုန်းက ပွင့်လင်းမှု
မရှိသေးတဲ့အတွက်ကြောင့် အမှန်တရားကို ပွင့်ပွင့်လင်းလင်းနဲ့ သူတို့ရဲ့ ဆန္ဒအမှန်ကို ထုတ်ဖော်
ပြောဆိုတာမျိုး မတွေ့ခဲ့ရပါဘူး။ ဒါကြောင့် အခုလိုပြောင်းလဲချိန် မှာ ဒီဆွေးနွေးပွဲ စကားဝိုင်းကနေ
သူတို့ရဲ့ စိတ်ခံစားမှုအမှန်ကို ထုတ်ပြောပြီလားဆိုတာ လေ့လာချင်တဲ့အတွက် အခုလို စီစဉ်ဖြစ်
တာပါ" လို့ သူ့ရည်ရွယ်ချက်ကို မစ္စတာဂျေးကိုလ် က ပြောပြပါတယ်။
လွန်ခဲ့တဲ့ ၁၆ နှစ်က သူမြန်မာပြည်ရောက်စဉ်က မြန်မာနိုင်ငံရဲ့ အနုပညာသမိုင်းကို သုတေသန
ပြုလုပ်ခဲ့ပြီး ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကို ၂၀၀၄ ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် လောကနတ်
ပန်းချီပြခန်းမှာပဲ ပြပွဲ ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ စကားဝိုင်းအမည်ကို 'နူးညံ့သိမ်မွေ့ သော
စကားဝိုင်း' လို့အမည်ပေးထားပြီး စက်တင်ဘာလ ၁၈ ရက်နေ့၊ မွန်းလွဲ ၂ နာရီမှာ စာပေနဲ့ ပန်းချီ
အနုပညာရှင်တွေ ဖြစ်ကြတဲ့ ဖေညွန့်ဝေ၊ ချမ်းအေး၊ ဖြူမွန်၊ စုမိအောင်၊ ခင်မောင်အေး၊ ခင်သန်းဖြူ၊
လတ်လတ်စိုး စသူတို့က ပြပွဲလာပရိသတ်နဲ့အတူ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။















