နိုင်ငံတကာ ဇာတ်လမ်းတိုပြိုင်ပွဲမှ မြန်မာရုပ်ရှင် ဖန်တီးသူများကို ပါ၀င်လက်စွမ်းပြရန် ဖိတ်ခေါ်

နိုင်ငံတကာ ဇာတ်လမ်းတိုပြိုင်ပွဲမှ မြန်မာရုပ်ရှင် ဖန်တီးသူများကို ပါ၀င်လက်စွမ်းပြရန် ဖိတ်ခေါ်

နိုင်ငံတကာ ဇာတ်လမ်းတိုပြိုင်ပွဲတစ်ခု ဖြစ်တဲ့ Tropfest Short Film Festival မှ အရှေ့တောင်အာရှဒေသ အတွင်းက ရုပ်ရှင်ဖန်တီးသူများအတွက် ကျင်းပသွားမယ့် Tropfest South East Asia Regional Edition မှာ ပါ၀င်ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံမှ ရုပ်ရှင်ဖန်တီး ထုတ်လုပ်သူများကို ဖိတ်ခေါ်နေပါတယ်။

နိုင်ငံတကာ ဇာတ်လမ်းတိုပြိုင်ပွဲတစ်ခု ဖြစ်တဲ့ Tropfest Short Film Festival မှ အရှေ့တောင်
အာရှဒေသ အတွင်းက ရုပ်ရှင်ဖန်တီးသူများအတွက် ကျင်းပသွားမယ့် Tropfest South East
Asia Regional Edition မှာ ပါ၀င်ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံမှ ရုပ်ရှင်ဖန်တီး ထုတ်လုပ်သူများကို
ဖိတ်ခေါ်နေပါတယ်။

ပွဲတော်ကို အာရှရုပ်ရှင် ဖန်တီးသူတွေအတွက် လွှင့်တင်ထားတဲ့ Viddsee ၀က်ဘ်ဆိုက်နဲ့အတူ
ပူးပေါင်းပြီး လာမယ့် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ နဲ့ ၂၅ ရက်တွေမှာ မလေးရှားနိုင်ငံ၊ ပီနန်မြို့မှာ
ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

"ဒီနှစ်မှာ ကျွန်တော်တို့ Viddsee က Tropfest နဲ့ ပူးပေါင်းပြီး ဒီနှစ်မှာ ပါ၀င်ဖြစ်မှာပါ။ အဲတော့
အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါတာကြောင့် မြန်မာနိုင်ငံက အနုပညာ
အရည်အချင်းတွေကိုလည်း ရုပ်ရှင်ပွဲတော်မှာ တွေ့မြင်လိုပါတယ်။ ပါ၀င်ကြစေချင်ပါတယ်"လို့
Viddsee ၀က်ဘ်ဆိုက် တည်ထောင်သူတစ်ဦး ဖြစ်တဲ့ Mr Ho Jia Jian က အီးမေးလ် မှတစ်ဆင့်
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

Tropfest အရှေ့တောင်အာရှရဲ့ မန်နေးဂျင်းဒါရိုက်တာဖြစ်တဲ့ Mr Joe Sidek ကလည်း Viddsee
ရဲ့ ပူးပေါင်း ပါ၀င်မှုကြောင့် ဒီနှစ်အရှေ့တောင် အာရှရုပ်ရှင်ပွဲတော်မှာ အရည်အသွေးရှိတဲ့ ပြိုင်ပွဲဝင်
ဇာတ်လမ်းတိုတွေ လက်ခံရရှိမယ် ထင်ပါတယ်လို့ ဆိုပါတယ်။

ဒီပွဲတော်ကို အရှေ့တောင်အာရှ နိုင်ငံများမှ မည်သည့်နိုင်ငံသားမဆို ပါ၀င်နိုင်ပြီး ဒီနှစ်အတွက်
ခေါင်းစဉ်ကတော့ "Rice" ဖြစ်ပါတယ်။

ပြိုင်ပွဲဝင် ဇာတ်လမ်းများဟာ ဒီပွဲတော်မှာ ပါ၀င်ဖို့ ရိုက်ကူးထားတဲ့ ဇာတ်လမ်းများ ဖြစ်ရမည်ဖြစ်ပြီး
တခြားပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ပြီးသား ဇာတ်လမ်းများကိုတော့ လက်မခံဘူးလို့ သိရပါတယ်။

ပြိုင်ပွဲဝင်များ ဇာတ်လမ်းနောက်ဆုံး ပေးပို့ရမယ့်နေ့ကတော့ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်
နေ့ ဖြစ်ပါတယ်။

အကောင်းဆုံးဇာတ်လမ်းတိုဆု အတွက် အမေရိကန်ဒေါ်လာ တစ်သောင်းနဲ့အတူ လော့စ်အိန်ဂျလိစ်
မှာ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ သင်တန်းကို ၀ါရင့်ပညာရှင်များနဲ့ ငါးရက်တာ ဆည်းပူးလေ့လာခွင့်ရရှိမှာ
ဖြစ်ပါတယ်။

Tropfest Short Film Festival ကို လွန်ခဲ့တဲ့ ၂၁ နှစ်လောက်ကတည်း ကစပြီး Tropfest
တည်ထောင်သူ Mr John Polson က ဩစတြေးလျနိုင်ငံ၊ ဆစ်ဒ်နီမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး
ဇာတ်လမ်းတိုပေါင်း ၂၀၀ လောက် ပါ၀င်ပြသခဲ့ကြပါတယ်။

အဲဒီ အချိန်မှစပြီး Tropfest Short Film Festival ဟာ ကမ္ဘာ့အကြီးဆုံး ဇာတ်လမ်းတို
ရုပ်ရှင်ပွဲတော်တစ်ခု ဖြစ်လာခဲ့ပြီး ဘာလင်၊ လော့စ်အိန်ဂျလိစ်၊ မြောက်အာဖရိက စတဲ့မြို့တွေမှာ
နှစ်စဉ် ကျင်းပခဲ့ပါတယ်။

Viddsee ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှစတင်ပြီး စင်ကာပူနဲ့ မလေးရှား နိုင်ငံသားနှစ်ဦးဖြစ်တဲ့
Mr Ho Jia Jian နဲ့ Mr Derek Tan တို့မှ အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်၊
ဇန်နဝါရီလထဲမှာ တရားဝင်မိတ်ဆက်ကာ စတင်အသုံးပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှက ရုပ်ရှင်ဖန်တီးသူတွေအတွက် ရည်ရွယ် ဖန်တီးထားတာဖြစ်တာကြောင့်
Viddsee မှာ အရှေ့တောင်အာရှမှ ဇာတ်လမ်းတိုတွေကို လွှင့်တင်ထားကြသလို မှတ်တမ်းရုပ်ရှင်
တွေကိုလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး