သုံးလပိတ်ခံရတဲ့ ညွန့်မြန်မာ ညီညီအောင် ရိုက်လက်စ ကားများ ပြန်လည်ရိုက်ကူးခွင့်ရ

သုံးလပိတ်ခံရတဲ့ ညွန့်မြန်မာ ညီညီအောင် ရိုက်လက်စ ကားများ ပြန်လည်ရိုက်ကူးခွင့်ရ

ပြီးခဲ့တဲ့ လအတွင်းက ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဇာတ်ကားရိုက်ကူးခွင့် သုံးလပိတ်ပင်ခဲ့ရာက အခုတော့ လက်ကျန်ကားများနဲ့ ပြောဆိုထားပြီးကားများကို ရိုက်ကူးနိုင်ရန် ပြန်လည်ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ လအတွင်းက ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက
ဇာတ်ကားရိုက်ကူးခွင့် သုံးလပိတ်ပင်ခဲ့ရာက အခုတော့ လက်ကျန်ကားများနဲ့ ပြောဆိုထားပြီး
ကားများကို ရိုက်ကူးနိုင်ရန် ပြန်လည်ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။

ခွင့်ပြုရာမှာ တရားဝင်စာထုတ်ပြီး မကြေညာရသေးပါဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ
ဖြစ်တဲ့ ဦးလူမင်းက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"အခုလက်ရှိတော့ ပြန်လည်ရိုက်ကူးခွင့်ပြုတဲ့စာ မထုတ်ပြန်ရသေးပါဘူး။ ရိုက်လက်စကားတွေနဲ့
ကုမ္ပဏီတွေနဲ့ ပြောထားပြီးသား ဇာတ်ကားတွေကိုပဲ ပြန်လည်ရိုက်ကူးခွင့်ပြုထားတာပါ"လို့ သူက
ပြောပါတယ်။

မင်းကိုနိုင်ရဲ့ ဇာတ်လမ်းတစ်ပုဒ်တည်းကို ဒါရိုက်တာကြည်ဖြူသျှင်နဲ့ ပြိုင်တူရိုက်ကူးမိရာမှ
ဇာတ်လမ်းအတွက် ခွင့်မတောင်းဘဲ ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာညွန့်မြန်မာညီညီအောင်ကို မြန်မာနိုင်ငံ
ရုပ်ရှင်အစည်းအရုံးက ဇာတ်ကားရုက်ကူးခွင့် သုံးလပိတ်ပင်တဲ့စာကို ပြီးခဲ့တဲ့ဩဂုတ်လအတွင်းမှာ
ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ကာယကံရှင် ကိုယ်တိုင်ကလည်း အပြစ်ရှိကြောင်း စာတင်ခဲ့သလို၊ တစ်ဖက်အခြမ်းက
ထုတ်လုပ်သူနဲ့ ဇာတ်ညွှန်းတာဝန်ယူထားသူ ဇာဂနာတို့ကလည်း ညွန့်မြန်မာညီညီအောင်ရဲ့
ဇာတ်လမ်းကို ဆင်ဆာကြည့်ရှုခွင့် မပေးဖို့ တောင်းဆိုတဲ့ စာတင်ထားတာကြောင့်
ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနဲ့ အမှုဆောင်တွေက သုံးလပိတ်တဲ့ စာကို ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့
ဦးလူမင်းက ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာတိုင်း(မ်)နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

အခုလို စာထုတ်ပြန်ခဲ့ပေမယ့်လည်း ညွန့်မြန်မာညီညီအောင်က ဇာဂနာထံ တရားဝင်တောင်းပန်ပြီး
ခွင့်တောင်းတာကို ပြုလုပ်မယ်ဆိုပါက ရုပ်ရှင်အစည်းအရုံးရဲ့ ပိတ်ပင်မှုကို ပယ်ဖျက်ပေးမယ်
လို့လည်း သူက ဆိုခဲ့ပါတယ်။

အခုလက်ရှိမှာတော့ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က 'ကြင်ယာတော်' လို့အမည်ရတဲ့
ဇာတ်ကားကို သရုပ်ဆောင် မြင့်မြတ်၊ သက်မွန်မြင့်တို့ နဲ့အတူ ရိုက်ကူးလျက်ရှိနေပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး