ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးဖို့ စီစဉ်နေရာမှာ ဇာတ်ညွှန်းကြောင့် ခန့်မှန်းထားတဲ့ အချိန်ထက် နောက်ကျပြီးတော့မှ ရိုက်ကူးရေးကို စတင်နိုင်မယ်လို့ ဗိုလ်ချုပ်ရုပ်ရှင် အမှုဆောင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးဖို့ စီစဉ်နေရာမှာ ဇာတ်ညွှန်းကြောင့် ခန့်မှန်းထားတဲ့ အချိန်ထက် နောက်ကျ
ပြီးတော့မှ ရိုက်ကူးရေးကို စတင်နိုင်မယ်လို့ ဗိုလ်ချုပ်ရုပ်ရှင် အမှုဆောင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
၂၀၁၃ ခုနှစ်၊ မေလထဲမှာ ဇာတ် ညွှန်းပိုင်းအပြင် သရုပ်ဆောင်တွေပါ (အပြင်ကရော၊ အနုပညာ
လောက ထဲကပါ) ရွေးချယ်မှုကို အပြီးသတ် ပြုလုပ်ပြီး အောက်တိုဘာလထဲမှာ ဇာတ်ကားစတင်
ရိုက်ကူးနိုင်ဖို့ ခန့်မှန်းထားခဲ့ပေမယ့် ဇာတ်ညွှန်းကြောင့် ပိုပြီးကြာသွားခဲ့တယ်လို့ ဗိုလ်ချုပ်ရုပ်ရှင်
အမှုဆောင်အဖွဲ့မှ သတင်းထုတ်ပြန်ရေး တာဝန်ခံဖြစ်တဲ့ ကိုဇော်သက်ထွေးက ဆိုပါတယ်။
ဇာတ်ညွှန်းကို စာပေနဲ့ ရုပ်ရှင်ပညာရှင်များဖြစ်တဲ့ ချစ်ဦးညို၊ မြမြင့်မိုရ်နဲ့ ကြည်စိုးထွန်းတို့မှ အပိုင်း
လေးပိုင်းခွဲပြီး ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။
"ဗိုလ်ချုပ်ရုပ်ရှင်ကို တကယ်တမ်း လုပ်တဲ့အခါကျတော့ အရမ်းကို နက်နဲပါတယ်။ အများနဲ့လုပ်ရ
တော့ ညှိနှိုင်းတိုင်ပင်ပြီး လုပ်ရတဲ့အတွက် အချိန်နည်းနည်းတော့ ပိုကြာသွားပါတယ်။ ဇာတ်လမ်း
ကလည်း သုံးယောက်ပေါင်း ရေးထားတာက အရမ်းကို ရှည်နေတယ်။ အဲဒါကို ပြန်တည်းဖြတ်ရ
တာမို့ အချိန်ကြာသွားတာပါ" လို့ ပြောပါတယ်။
လတ်တလောမှာတော့ ပညာရှင်ကြီးများ ရေးသားပြီးစီးသွားပြီ ဖြစ်တဲ့ ဇာတ်ညွှန်းကို သုံးနာရီစာ
ဇာတ်လမ်းအတွက် ဒါရိုက်တာတွေဖြစ်တဲ့ မင်းထင်ကိုကိုကြီး၊ ၀ိုင်း၊ အိအိခိုင်၊ ကြည်ဖြူသျှင်၊
မောင်မျိုးမင်း (ရင်တွင်းဖြစ်) တို့နဲ့အတူ သမိုင်းပညာရှင် ကိုမော်လင်း၊ ရုပ်ရှင်သရုပ်ဆောင်
ထွန်းအိန္ဒြာဗိုတို့က အချောသပ်အဖြစ် ပြန်ပြီးတည်း ဖြတ်နေကြတယ်လို့ ဆိုပါတယ်။
ရိုက်ကူးရေး မစတင်ခင်မှာ နိုင်ငံတကာရုပ်ရှင်လုပ်ငန်း အတွေ့အကြံုရှိတဲ့ စီမံကိန်း ဒါရိုက်တာတစ်ဦး
ကိုလည်း ခန့်အပ်သွားမှာဖြစ်ပြီး အဲဒီဒါရိုက်တာက ဇာတ်ကားတစ်ခုလုံးရဲ့ ကုန်ကျစရိတ်၊ ဒါရိုက်တာ
ရွေးချယ်မှုနဲ့ ဇာတ်လမ်း ပြီးမြောက်မယ့်အချိန်တို့ကို တွက်ချက်ပြောပြနိုင်မှာ ဖြစ်တယ်လို့
ကိုဇော်သက်ထွေးက ဆိုပါတယ်။
"ပရောဂျက်ဒါရိုက်တာအဖြစ် ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာကိုတော့ ဗိုလ်ချုပ်ရုပ်ရှင်အမှုဆောင်
ဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘုတ်အဖွဲ့ဝင်တွေ တိုင်ပင်ပြီး ဆုံးဖြတ်မှာပါ" လို့ သူက
ပြောပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင်အမှုဆောင်အဖွဲ့ရဲ့ အဓိကတာဝန်ကတော့ ဗိုလ်ချုပ်ဇာတ် ညွှန်းကို ပြီးစီးအောင်
စီစဉ်ပေးဖို့နဲ့ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်နေရာနဲ့ ဒေါ်ခင်ကြည်နေရာ အတွက်
သရုပ်ဆောင်မယ့်သူကို ရွေးချယ်ပေးရခြင်းဖြစ်တယ်လို့လည်း ပြောပြပါတယ်။
အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ ဇာတ်လမ်းကို တာဝန်ယူ ရိုက်ကူးပေးမယ့် ရုပ်ရှင်ကုမ္ပဏီ
ကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ် ဆုံးဖြတ်ပေးမှာ ဖြစ်တယ်လို့ ပြောပြပါတယ်။
"ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလအတွင်း နိုင်ငံခြားခရီးစဉ် မသွားခင် ကျွန်တော်တို့
ဘုတ်အဖွဲ့ဝင်တွေနဲ့ တွေ့ဖြစ်မယ်လို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပြီး
အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချပြီးမှသာ ရုပ်ရှင်လုပ်ငန်းအတွက်ဆောင်ရွက်မယ့် အစီအစဉ်တွေ
ပေါ်လာမှာပါ"လို့ ကိုဇော်သက်ထွေးက ပြောပါတယ်။
ဇာတ်လမ်း ရိုက်ကူးဖို့နေရာအတွက်ကိုတော့ အစိုးရက ပဲခူးမြို့မှာ မြေနေရာ သတ်မှတ်ခွင့်ပြုထား
ပေမယ့် အဲဒီနေရာဟာ အသစ်တည်ဆောက်နေတဲ့ ဟံသာဝတီလေဆိပ်နဲ့ နီးနေပြီး လေယာဉ်
အတက်အဆင်းကြောင့် ရိုက်ကူးရေးပြုလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
"ကျွန်တော်တို့အစိုးရကို မြေနေရာအသစ် ပြန်ချပေးဖို့တင်ပြထားပါတယ်။ ဘယ်တော့ကျမယ်
ဆိုတာနဲ့ ဘယ်နေရာဖြစ်မယ် ဆိုတာကိုတော့ အခုထိ မသိရသေးပါဘူး"လို့ ကိုဇော်သက်ထွေးက
ပြောပါတယ်။















