နှစ်စဉ် ကျင်းပလာခဲ့တာ ဒီနှစ်မှာ (၂၂) ကြိမ်တိုင်ပြီဖြစ်တဲ့ ဥရောပရုပ်ရှင်ပွဲတော်ကို စက်တင်ဘာလ ၁၂ ရက်ကနေ ၂၂ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
နှစ်စဉ် ကျင်းပလာခဲ့တာ ဒီနှစ်မှာ (၂၂) ကြိမ်တိုင်ပြီဖြစ်တဲ့ ဥရောပရုပ်ရှင်ပွဲတော်ကို စက်တင်ဘာလ
၁၂ ရက်ကနေ ၂၂ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ကျင်းပမယ့် နေရာကတော့ ထုံးစံအတိုင်း နေပြည်တော်ရုပ်ရှင်ရုံမှာပဲ ဖြစ်ပါတယ်။
ဒီနှစ်အစီအစဉ်ကိုတော့ မြန်မာနိုင်ငံအခြေစိုက် ပြင်သစ်သံရုံးကနေ ကြီးမှူးကျင်းပမှာဖြစ်ပြီး ပြီးခဲ့တဲ့
နှစ်က ပါ၀င်ခဲ့တဲ့ နိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်နဲ့ ဆွစ်ဇာလန်သံရုံးတို့ အပြင် ချက်၊
ပိုလန်နဲ့ အစ္စရေးနိုင်ငံသံရုံး တို့လည်း ပါ၀င်လာကြသလို ပြသတဲ့ ဇာတ်ကားအရေအတွက်ကလည်း
ပိုများလာခဲ့ပါတယ်။
"ဥရောပရုပ်ရှင်ပွဲတော်ကို ဒီနှစ်မှာ နိုင်ငံခုနစ်နိုင်ငံကနေ ပါ၀င်ပြသသွားမှာပါ။ နှစ်စဉ်နှစ်တိုင်း ပါ၀င်
တဲ့နိုင်ငံ တွေအနေနဲ့ အလှည့်ကျ ပွဲကိုစီစဉ်ရတယ်။ ဒီနှစ်အနေနဲ့က ကျွန်မတို့ ပြင်သစ်သံရုံး
အလှည့်ကျတယ်"လို့ ပြင်သစ်သံရုံးမှ တာဝန်ရှိသူတစ်ဦး ဖြစ်တဲ့ မဝါ၀ါတင်က မြန်မာတိုင်း(မ်)ကို
ပြောပါတယ်။
ပွဲတော်ကာလ ၁၀ ရက်မှာ ဇာတ်ကားပေါင်း ၁၁ ကားကို ပြသသွားမှာ ဖြစ်ပြီး ဥရောပတိုက်
တစ်လွှားက လူနေထိုင်မှု ဘဝဟန်ပန်သွင်ပြင်တွေ၊ ခွင့်လွှတ်နားလည်ခြင်းတွေနဲ့ ဂီတနဲ့ အားကစား
စတဲ့အကြောင်းအရာတွေကို ထင်ဟပ်ပုံဖော်ထားတဲ့ ရုပ်ရှင်ကားတွေကို ကြည့်ရှုကြရမှာ
ဖြစ်ပါတယ်။ ပွဲတော်အဖွင့်အဖြစ် ပထမဆုံးပြသမယ့်ဇာတ်ကားကတော့ ဆိုရှယ်လစ် ၀ါဒီစုံတွဲ
တစ်တွဲအကြောင်းကို ဖော်ကျူးထားတဲ့ "The snow of the Kilimanjaro" ပြင်သစ်ဇာတ်ကားပဲ
ဖြစ်ပါတယ်။
နောက်ထပ်ပြသသွားမယ့် ပြင်သစ်ဇာတ်ကား တစ်ကားကတော့ မျက်လှည့်ဆရာတစ်ဦးနဲ့
မိန်းကလေး တစ်ယောက်ရဲ့ ချစ်ခြင်းကို ဖော်ညွှန်းရိုက်ကူးထားတဲ့ "The Illusionist" ပဲ ဖြစ်ပါ
တယ်။
ဂျာမန်ကားနှစ်ကားကတော့ ဒါရိုက်တာ Christian Petzold ရိုက်ကူး တင်ဆက်ထားပြီး ၁၉၈၀
ပြည့်နှစ် ကာလအတွင်းက ဂျာမနီနိုင်ငံအရှေ့ ပိုင်းက အချစ်ပုံပြင်တစ်ပုဒ်အဖြစ် တင်ဆက်ထားတဲ့
"Barbara" နဲ့ "You can't take the church out of the village" ဇာတ်ကားတို့ပဲ ဖြစ်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံကတော့ ၉၅ မိနစ်ကြာ မှတ်တမ်းရုပ် ရှင်ကားတစ်ကားနဲ့ သူ့နိုင်ငံရဲ့ ရိုးရာ
ကစားနည်းတစ်မျိုး ဖြစ်တဲ့ နပန်းပွဲ Schwingen အကြောင်းကို ထည့်သွင်းတင်ပြထားတဲ့
"Hoselupf" ဇာတ်ကားကို ပြသသွားမှာပါ။
ဗြိတိန်နိုင်ငံကတော့ ဟာသဇာတ်မြူးကား "Quartet"၊ ဒါရိုက်တာ Anthony Baxter ရဲ့မှတ်တမ်း
ရုပ်ရှင် ဖြစ်တဲ့ "You've been Trumped" ကို ပြသသွားမှာဖြစ်ပါတယ်။
ချက်ပြည်သူ့သမ္မတနိုင်ငံကတော့ ဟာသဇာတ်ကား တစ်ကားတည်းကိုပဲ ပြသသွားမှာဖြစ်ပြီး
ပိုလန်နိုင်ငံက ပြသမယ့် ဇာတ်ကားကတော့ အသက် ၁၈ အရွယ်မိန်းကလေးတစ်ယောက်ရဲ့
စွန့်စားမှုဇာတ်လမ်းဖြစ်တဲ့ "A Wonderful Summer ပဲဖြစ်ပါတယ်။
အစ္စရေး ကလည်း တစ်ကားတည်း ပြသမှာဖြစ် ပြီး အစ္စရေးရွာတစ်ရွာက ညီအစ်မ သုံးယောက်ရဲ့
ဘဝကို ရိုက်ကူးတင်ဆက်ထားတဲ့ "Something Sweet" ဇာတ်ကားပဲဖြစ်ပါတယ်။
တစ်နေ့ကို ဇာတ်ကားနှစ်ကား ပြသသွားမှာဖြစ်ပြီး ညနေ ၃ နာရီခွဲနဲ့ ၆ နာရီခွဲတွေမှာ ပြသမှာ
ဖြစ်ပါတယ်။
လက်မှတ်တွေကိုတော့ အမှတ် (၃၄၀)၊ ပြည်လမ်း၊ စမ်းချောင်းမှာ အခမဲ့ ထုတ်ယူနိုင်ပါတယ်။















