ဟစ်ပ်ဟော့ပါတီရှိုးပွဲကို စက်တင်ဘာ ၁ ရက်နေ့က မင်းဓမ္မလမ်းက မြန်မာကွန်ဗင်းရှင်းစင်တာမှာ နေ့လယ် ၁ နာရီကနေ ည ရ နာရီနီးပါးအထိ ကျင်းပခဲ့ပါတယ်။
ဟစ်ပ်ဟော့ပါတီရှိုးပွဲကို စက်တင်ဘာ ၁ ရက်နေ့က မင်းဓမ္မလမ်းက မြန်မာကွန်ဗင်းရှင်းစင်တာမှာ
နေ့လယ် ၁ နာရီကနေ ည ရ နာရီနီးပါးအထိ ကျင်းပခဲ့ပါတယ်။
စိုင်းစိုင်းခမ်းလှိုင်၊ ယုန်လေး၊ Snare၊ နိုင်းဝမ်း၊ ဂျောက်ဂျက်၊ လွှမ်းပိုင်၊ Bunny Phyoe၊
ကျော်ထွဋ်ဆွေ၊ သားသား၊ ရဲရင့်အောင်၊ စန္ဒီမြင့်လွင်၊ မိစန္ဒီ၊ Bobby Soxer နဲ့ အိုင်ရင်းဇင်မာမြင့်
တို့က ဖျော်ဖြေပေးခဲ့ကြတာဖြစ်ပါတယ်။
စင်အပြင်အဆင်ရော၊ အဆိုတော်တစ်ယောက်ချင်းစီရဲ့ ဟစ်ဖြစ်နေတဲ့ သီချင်းတွေအပြင် အလန်းစား
ပါဖောင်းမန့်စ်တွေကြောင့် ခန်းမအပြည့်အလျှံအပြင် အပေါ်ထပ်အထိမှာပါ ဟစ်ပ်ဟော့ပရိသတ်တွေ
နေရာယူခဲ့ကြပါတယ်။
မိုးထဲလေထဲပေမယ့် မတ်တတ်ရပ်စရာနေရာမရှိ လောက်တဲ့အထိ ပရိသတ်အပြည့်ဖြစ်ခဲ့တာမို့
ခဏခဏ ထထဖောက်တဲ့ ရန်ပွဲတွေကလွဲရင် အောင်မြင်ခဲ့တဲ့ရှိုးပွဲလို့ ဆိုနိုင်ပါတယ်။
















