ဘယ်လာရုစ် နိုင်ငံတွင်ကျင်းပသည့် နိုင်ငံတကာအဆင့် အလှမယ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ခဲ့သည့် ခင်ဝင့်ဝါမှာ Miss Internet ဆု အပါအဝင် ဆုလေးဆုရရှိိခဲ့ကြောင်း အွန်လိုင်းသတင်းစာ The Rappler ၏ စက်တင်ဘာလ ရ ရက်နေ့ ဖေါ်ပြချက်အရ သိရသည်။
ဘယ်လာရုစ် နိုင်ငံတွင်ကျင်းပသည့် နိုင်ငံတကာအဆင့် အလှမယ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ
ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ခဲ့သည့် ခင်ဝင့်ဝါမှာ
Miss Internet ဆု အပါအဝင် ဆုလေးဆုရရှိိခဲ့ကြောင်း အွန်လိုင်းသတင်းစာ The Rappler
၏ စက်တင်ဘာလ ရ ရက်နေ့ ဖေါ်ပြချက်အရ သိရသည်။
အဆိုပါ Miss Supranational 2013 ပြိုင်ပွဲ နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးကို စက်တင်ဘာ ၆ ရက်
မြန်မာစံတော်ချိန် ည ၁၀ နာရီ ၃၀ မိနစ်က စတင်ကျင်းပခဲ့ရာ စက်တင်ဘာ ရ ရက်နံနက် ၁ နာရီ
ခန့်တွင် ပြီးဆုံးခဲ့ကြောင်းသိရသည်။
နောက်ဆုံးအဆင့်တွင် ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု အလှမယ် Miss Personality ဆု ရရှိထားသူ
Mutya Datul က Miss Supranational 2013 ဆုကို ရရှိသွားခဲ့သည်။
အဆိုပါ ပြိုင်ပွဲကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှ အလှမယ် ၉၄ ဦးပါ၀င်ယှဉ်ပြိုင်ခဲ့ကြကြောင်း
သိရသည်။
သည်ရက်ပလာ
















